Set-Piece Specialist နည်းပြဂျီယန်နီဗီယိုကို နည်းပြအဖွဲ့တွင်တာဝန်ထမ်းဆောင်ရန်အတွက် ကြိုးပမ်းလာတဲ့ စပါးစ်

The Athletic ရဲ့ဖော်ပြချက်အရစပါးစ်ဟာယခုနွေရာသီတွင်အရေးပါတဲ့အားဖြည့်မှုတစ်ခုပြု

လုပ်ရန်စီစဉ်နေကြောင်းသိရပါတယ်။ဒီတစ်ကြိမ်မှာတော့စပါးစ်ဟာကစားသမားခေါ်ယူအား

ဖြည့်မှာမဟုတ်ဘဲနည်းပြအဖွဲ့ဝင်ခန့်အပ်ရန်ကြိုးပမ်းနေတာဖြစ်ပါတယ်။စပါးစ်ဟာအန်တိုနီ

ယိုကွန်တီရဲ့နည်းပြအဖွဲ့တွင်တာဝန်ထမ်းဆောင်ရန်အတွက်Set-Piece Specialist နည်းပြဂျီ

ယန်နီဗီယိုကို ခန့်အပ်နိုင်ရန်ကြိုးပမ်းနေတာဖြစ်ပါတယ်။ဂျီယန်နီဗီယိုဟာပြီးခဲ့တဲ့ယူရို၂၀၂၀ပြိုင်

ပွဲတုန်းကရောဘတ်တိုမန်စီနီရဲ့အီတလီအသင်းကိုယူရိုချန်ပီယံဖြစ်အောင်နောက်ကွယ်မှကူ

ညီပေးခဲ့သူများထဲမှတစ်ဦးဖြစ်ပါတယ်။သူဟာယူရို၂၀၂၀ပြိုင်ပွဲတုန်းကထောင့်ကန်ဘော၊အလွတ်

တည်ကန်ဘောတို့မှဂိုးရရှိရေးအတွက်ကွဲပြားတဲ့စုဖွဲ့တည်ဆောက်ပုံ၄၈၃၀ လုပ်ဆောင်ပေးခဲ့

သူဖြစ်ကြောင်းလည်းသိရပါတယ်။သူဟာဖရီးကစ်ဒီဇိုင်းကိုနှစ်ပေါင်း၂၀ကျော်ကြာလေ့လာခဲ့ပြီး

းနောက် သူ့ရဲ့တွေ့ရှိမှုများကို That Extra 30 Per Cent အမည်ဖြင့်စာအုပ်ရေးသားထုတ်ဝေ

ခဲ့ပါတယ်။သူ့ကို၂၀၀၈ခုနှစ်တွင်အီတလီဂိုးသမားဟောင်းဝေါလ်တားဇန်ဂါကတွေ့ရှိသွားပြီး

နောက်ကာတာနီးယားကိုကိုင်တွယ်စဉ် နည်းပြအဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ထိုရာသီတွင်

ကာတားနီးယားဟာရဂိုး၄၄ဂိုးမှ၁၇ဂိုးကို အလွတ်တည်ကန်ဘောမှရရှိကာတန်းမဆင်းရခဲ့ရ

ပါဘူး။ဗီယိုဟာလည်း ‘the little wizard’ လို့အမည်ပေးခြင်းခံခဲ့ရပါတယ်။သူဟာအေစီမီလန်၊

လိဒ်နှင့်ဘရန့်ဖို့ဒ်တို့တွင်လည်းတာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။အန်တိုနီယိုကွန်တီရဲ့စပါးစ်

ဟာပြီးခဲ့တဲ့ရာသီတုန်းကအလွတ်တည်ကန်ဘောမှ၈ဂိုးတည်းသာရရှိပြီးထိပ်သီးခြောက်သင်း

ထဲတွင်ယူနိုက်တက်(၆)ထက်သာအလွတ်တည်ကန်ဘောမှဂိုးရခဲ့ပါတယ်။ဒါပေမဲ့မန်စီးတီး

း(၂၁)၊လီဗာပူး(၁၉)တို့နှင့်နှိုင်းယှဉ်ပါကများစွာကွာဟနေမှုနဲ့အတူအန်တိုနီယိုကွန်တီဟာဗီ

ယိုကိုနည်းပြအဖွဲ့တွင်ခန့်အပ်ရေးကြိုးပမ်းလာတာလည်းဖြစ်ပါတယ်။

The Athletic ရဲ႕ေဖာ္ျပခ်က္အရစပါးစ္ဟာယခုေႏြရာသီတြင္အေရးပါတဲ့အားျဖည့္မႈတစ္ခုျပဳ

လုပ္ရန္စီစဥ္ေနေၾကာင္းသိရပါတယ္။ဒီတစ္ႀကိမ္မွာေတာ့စပါးစ္ဟာကစားသမားေခၚယူအား

ျဖည့္မွာမဟုတ္ဘဲနည္းျပအဖြဲ႕ဝင္ခန႔္အပ္ရန္ႀကိဳးပမ္းေနတာျဖစ္ပါတယ္။စပါးစ္ဟာအန္တိုနီ

ယိုကြန္တီရဲ႕နည္းျပအဖြဲ႕တြင္တာဝန္ထမ္းေဆာင္ရန္အတြက္Set-Piece Specialist နည္းျပဂ်ီ

ယန္နီဗီယိုကို ခန႔္အပ္ႏိုင္ရန္ႀကိဳးပမ္းေနတာျဖစ္ပါတယ္။ဂ်ီယန္နီဗီယိုဟာၿပီးခဲ့တဲ့ယူ႐ို၂၀၂၀ၿပိဳင္

ပြဲတုန္းကေရာဘတ္တိုမန္စီနီရဲ႕အီတလီအသင္းကိုယူ႐ိုခ်န္ပီယံျဖစ္ေအာင္ေနာက္ကြယ္မွကူ

ညီေပးခဲ့သူမ်ားထဲမွတစ္ဦးျဖစ္ပါတယ္။သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကေထာင့္ကန္ေဘာ၊အလြတ္

တည္ကန္ေဘာတို႔မွဂိုးရရွိေရးအတြက္ကြဲျပားတဲ့စုဖြဲ႕တည္ေဆာက္ပုံ၄၈၃၀ လုပ္ေဆာင္ေပးခဲ့

သူျဖစ္ေၾကာင္းလည္းသိရပါတယ္။သူဟာဖရီးကစ္ဒီဇိုင္းကိုႏွစ္ေပါင္း၂၀ေက်ာ္ၾကာေလ့လာခဲ့ၿပီး

းေနာက္ သူ႔ရဲ႕ေတြ႕ရွိမႈမ်ားကို That Extra 30 Per Cent အမည္ျဖင့္စာအုပ္ေရးသားထုတ္ေဝ

ခဲ့ပါတယ္။သူ႔ကို၂၀၀၈ခုႏွစ္တြင္အီတလီဂိုးသမားေဟာင္းေဝါလ္တားဇန္ဂါကေတြ႕ရွိသြားၿပီး

ေနာက္ကာတာနီးယားကိုကိုင္တြယ္စဥ္ နည္းျပအဖြဲ႕ဝင္အျဖစ္ခန႔္အပ္ခဲ့ပါတယ္။ထိုရာသီတြင္

ကာတားနီးယားဟာရဂိုး၄၄ဂိုးမွ၁၇ဂိုးကို အလြတ္တည္ကန္ေဘာမွရရွိကာတန္းမဆင္းရခဲ့ရ

ပါဘူး။ဗီယိုဟာလည္း ‘the little wizard’ လို႔အမည္ေပးျခင္းခံခဲ့ရပါတယ္။သူဟာေအစီမီလန္၊

လိဒ္ႏွင့္ဘရန႔္ဖို႔ဒ္တို႔တြင္လည္းတာဝန္ထမ္းေဆာင္ခဲ့ဖူးပါတယ္။အန္တိုနီယိုကြန္တီရဲ႕စပါးစ္

ဟာၿပီးခဲ့တဲ့ရာသီတုန္းကအလြတ္တည္ကန္ေဘာမွ၈ဂိုးတည္းသာရရွိၿပီးထိပ္သီးေျခာက္သင္း

ထဲတြင္ယူႏိုက္တက္(၆)ထက္သာအလြတ္တည္ကန္ေဘာမွဂိုးရခဲ့ပါတယ္။ဒါေပမဲ့မန္စီးတီး

း(၂၁)၊လီဗာပူး(၁၉)တို႔ႏွင့္ႏႈိင္းယွဥ္ပါကမ်ားစြာကြာဟေနမႈနဲ႔အတူအန္တိုနီယိုကြန္တီဟာဗီ

ယိုကိုနည္းျပအဖြဲ႕တြင္ခန႔္အပ္ေရးႀကိဳးပမ္းလာတာလည္းျဖစ္ပါတယ္။