PSG မှာ အေးဂျင့်ပါလုပ်နေရပြီလို့ဆိုရမဲ့ အမ်ဘာပေ

ပီအက်စ်ဂျီဟာ အမ်ဘာပေရဲ့အားကိုးနဲ့ မိုနာကိုကွင်းလယ်လူ ချူအာမန်နီကို အရ

ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားကို ရီးရဲလ်မက်ဒ

ရစ်က အသည်းအသန် စိတ်ဝင်စားနေပြီး အမ်ဘာပေကို မခေါ်နိုင်တဲ့နောက် မက်

ဒရစ်ရဲ့ ဦးစားပေးပစ်မှတ်အနေနဲ့ သတ်မှတ်ခံထားရတာပါ။ချူအာမန်နီကို ရီးရဲလ်

မက်ဒရစ်အပြင် အခြားသောဥရောပထိပ်သီးအသင်းတွေကလည်း စိတ်ဝင်စားနေ

ပါတယ်။ ဒီအထဲမှာ ပီအက်စ်ဂျီကလည်း အပါအဝင်ဖြစ်နေပြီး ဒီကစားသမား

အတွက် အမ်ဘာပေရဲ့ စည်းရုံးရေးစွမ်းရည်ကို စောင့်ဆိုင်းနေပါတယ်။ ချူအာမန်

နီကို ပီအက်စ်ဂျီရဲ့အားကစားဒါရိုက်တာအသစ်ဖြစ်လာမယ့် အိုကမ်းပို့စ်ကလည်း

သဘောကျနေပါတယ်။ဒါ့အပြင် အသင်းပိုင်ရှင် အယ်လ်ခီလိုင်ဖီကလည်း သ

ဘောကျတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့် မိုနာကိုဘက်ကတော့ ပြည်တွင်း

ပြိုင်ဘက်ဆီကို ရောင်းချတာထက် ရီးရဲလ်မက်ဒရစ်ကိုသာ ရောင်းချဖို့ ပိုမိုဆန္ဒရှိ

နေပါတယ်။ ပီအက်စ်ဂျီအနေနဲ့ ချူအာမန်နီအတွက် ယူရိုသန်း (၁၀၀) ထုတ်ပေး

သွားဖို့လည်း ပြင်ဆင်ထားပါတယ်။လက်ရှိ ပြင်သစ်လက်ရွေးစင်အသင်းမှာ အမ်

ဘာပေနဲ့ ချူအာမန်နီတို့နှစ်ယောက် အတူတကွ လေ့ကျင့်ခန်းဆင်းနေပြီး ဒီရက်

ပိုင်းကာလအတွင်း အမ်ဘာပေက ချူအာမန်နီကို ပီအက်စ်ဂျီပြောင်းဖို့ ဆွဲဆောင်

စည်းရုံးသိမ်းသွင်းရဖွယ်ရှိပါတယ်။ ဒါပေမယ့် ပြင်သစ်လက်ရွေးစင်အသင်းမှာ

ချူအာမန်နီကို စည်းရုံးမှာက အမ်ဘာပေတယောက်တည်းတော့ မဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ်ဝါရင့်တိုက်စစ်မှူး ဘန်ဇီမာကလည်း မက်ဒရစ်ကို ပြောင်းရွှေ့လာ

ဖို့ ဒီကစားသမားလေးကို ဖျောင်းဖျဖွယ်ရှိပါတယ်။ အမ်ဘာပေကတော့ ပီအက်စ်

ဂျီမှာ ကမ္ဘာ့စံချိန်တင်လုပ်ခလစာကို ရရှိထားပြီး နည်းပြ၊ အားကစားဒါရိုက်တာတို့

ထက် လုပ်ပိုင်ခွင့်ပိုရှိနေတဲ့အပြင် အခုတခါမှာတော့ အေးဂျင့်ပါလုပ်နေရပြီလို့ဆို

ရမှာပါ။

ပီအက္စ္ဂ်ီဟာ အမ္ဘာေပရဲ႕အားကိုးနဲ႔ မိုနာကိုကြင္းလယ္လူ ခ်ဴအာမန္နီကို အရ

ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနတယ္လို႔ သိရွိရပါတယ္။ ဒီကစားသမားကို ရီးရဲလ္မက္ဒ

ရစ္က အသည္းအသန္ စိတ္ဝင္စားေနၿပီး အမ္ဘာေပကို မေခၚႏိုင္တဲ့ေနာက္ မက္

ဒရစ္ရဲ႕ ဦးစားေပးပစ္မွတ္အေနနဲ႔ သတ္မွတ္ခံထားရတာပါ။ခ်ဴအာမန္နီကို ရီးရဲလ္

မက္ဒရစ္အျပင္ အျခားေသာဥေရာပထိပ္သီးအသင္းေတြကလည္း စိတ္ဝင္စားေန

ပါတယ္။ ဒီအထဲမွာ ပီအက္စ္ဂ်ီကလည္း အပါအဝင္ျဖစ္ေနၿပီး ဒီကစားသမား

အတြက္ အမ္ဘာေပရဲ႕ စည္း႐ုံးေရးစြမ္းရည္ကို ေစာင့္ဆိုင္းေနပါတယ္။ ခ်ဴအာမန္

နီကို ပီအက္စ္ဂ်ီရဲ႕အားကစားဒါ႐ိုက္တာအသစ္ျဖစ္လာမယ့္ အိုကမ္းပို႔စ္ကလည္း

သေဘာက်ေနပါတယ္။ဒါ့အျပင္ အသင္းပိုင္ရွင္ အယ္လ္ခီလိုင္ဖီကလည္း သ

ေဘာက်တဲ့ ကစားသမားျဖစ္ပါတယ္။ ဒါေပမယ့္ မိုနာကိုဘက္ကေတာ့ ျပည္တြင္း

ၿပိဳင္ဘက္ဆီကို ေရာင္းခ်တာထက္ ရီးရဲလ္မက္ဒရစ္ကိုသာ ေရာင္းခ်ဖို႔ ပိုမိုဆႏၵရွိ

ေနပါတယ္။ ပီအက္စ္ဂ်ီအေနနဲ႔ ခ်ဴအာမန္နီအတြက္ ယူ႐ိုသန္း (၁၀၀) ထုတ္ေပး

သြားဖို႔လည္း ျပင္ဆင္ထားပါတယ္။လက္ရွိ ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ အမ္

ဘာေပနဲ႔ ခ်ဴအာမန္နီတို႔ႏွစ္ေယာက္ အတူတကြ ေလ့က်င့္ခန္းဆင္းေနၿပီး ဒီရက္

ပိုင္းကာလအတြင္း အမ္ဘာေပက ခ်ဴအာမန္နီကို ပီအက္စ္ဂ်ီေျပာင္းဖို႔ ဆြဲေဆာင္

စည္း႐ုံးသိမ္းသြင္းရဖြယ္ရွိပါတယ္။ ဒါေပမယ့္ ျပင္သစ္လက္ေ႐ြးစင္အသင္းမွာ

ခ်ဴအာမန္နီကို စည္း႐ုံးမွာက အမ္ဘာေပတေယာက္တည္းေတာ့ မဟုတ္ပါဘူး။

ရီးရဲလ္မက္ဒရစ္ဝါရင့္တိုက္စစ္မႉး ဘန္ဇီမာကလည္း မက္ဒရစ္ကို ေျပာင္းေ႐ႊ႕လာ

ဖို႔ ဒီကစားသမားေလးကို ေဖ်ာင္းဖ်ဖြယ္ရွိပါတယ္။ အမ္ဘာေပကေတာ့ ပီအက္စ္

ဂ်ီမွာ ကမာၻ႔စံခ်ိန္တင္လုပ္ခလစာကို ရရွိထားၿပီး နည္းျပ၊ အားကစားဒါ႐ိုက္တာတို႔

ထက္ လုပ္ပိုင္ခြင့္ပိုရွိေနတဲ့အျပင္ အခုတခါမွာေတာ့ ေအးဂ်င့္ပါလုပ္ေနရၿပီလို႔ဆို

ရမွာပါ။