အာဆင်နယ်ဟာပထမအသင်းကစားသမားငါးဦးအထိဒဏ်ရာရရှိနေမှုနှင့်အတူခရစ္စတယ် ပဲလေ့စ်နှင့်ရင်ဆိုင်ရမယ့်ပရီးမီးယားလိဂ်လန်ဒန်ဒါဘီအဖွင့်ပွဲစဉ်အတွက်ပြဿနာကြုံတွေ့ နေရပြီဖြစ်ပါတယ်။အာဆင်နယ်နည်းပြမီခေးလ်အာတီတာကနောက်ခံလူများဖြစ်ကြတဲ့ကီ ရန်တီယာနေး၊တာကီဟီရိုတိုမီယာဆုနှင့်ဘင်ဝှိုက်တို့မှာခရစ္စတယ်ပဲလေ့စ်နှင့်ပရီးမီးယားလိဂ် အဖွင့်ပွဲကိုလွဲနိုင်ကြောင်းအတည်ပြုလာပါတယ်။ဒါ့အပြင်အာဆင်နယ်ဟာအလယ်တန်းဖန် တီးရှင်များဖြစ်ကြတဲ့အီမီလီစမစ်ရိုးနှင့်ကစားသမားသစ်ဖေဘီယိုဗီအဲရာတို့ကိုပဲလေ့စ်နှင့်ပွဲ တွင်အသုံးပြုလာနိုင်ဖို့ မရှိသေးပါဘူး။စမစ်ရိုးမှာကြွက်သားဒဏ်ရာရရှိနေတာဖြစ်ပြီးဖေဘီယို ဗီအဲရာမှာအရိုးဒဏ်ရာရရှိနေတာဖြစ်ပါတယ်။နွေရာသီတွင်ပေါ်တိုမှပြောင်းလာတဲ့ပေါ်တူဂီ ကစားသမားဗီအဲရာမှာယခုလအစောပိုင်းတုန်းက Protective Boot ဝတ်ဆင်နေခဲ့တာတွေ့ ရပြီးယခုတိုင် အာဆင်နယ်နှင့်လေ့ကျင့်ခန်းဆင်းနိုင်ခြင်းမရှိသေးပါဘူး။အာတီတာက “ကီရန် (တီယာနေး)မှာပြဿနာနည်းနည်းရှိနေတယ်။အီမီလီ(စမစ်ရိုး)မှာလည်းကြွက်သားဒဏ်ရာ ရှိနေတယ်။တိုမီယာဆုနဲ့ဘင်(ဝှိုက်)မှာလည်းဒီအတိုင်းပဲ။ဗီအဲရာမှာအရိုးပြဿနာရှိတယ်။ဒီ အပတ်မှာတော့လေ့ကျင့်ခန်းဆင်းနိုင်ဖို့မျှော်လင့်ရတယ်”လို့ပြောကြားသွားပါတယ်။အာဆင် နယ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီအစတုန်းကလည်းဒဏ်ရာပြဿနာများ၊ကိုဗစ်ပြဿနာများ နှင့်ကြုံတွေ့ရကာ ဘရန့်ဖို့ဒ်၊ချဲလ်ဆီး၊မန်စီးတီးတို့အားသုံးပွဲဆက်အရှုံးကြုံခဲ့ရပါတယ်။အာ ဆင်နယ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ပဲလေ့စ်နှင့်ရင်ဆိုင်ရပါမယ်။အာဆင်နယ်ဟာပဲလေ့စ် နှင့်နောက်ဆုံး၈ပွဲရင်ဆိုင်ရမှာတစ်ပွဲတည်းသာအနိုင်ရထားပါတယ်။အာဆင်နယ်ဟာပဲလေ့စ် ပွဲအပြီးတွင်လက်စတာ၊ဘုန်းမောက်၊ဖူလ်ဟမ်တို့နှင့်ရင်ဆိုင်ရပါမယ်။ […]