ဗီလာနည်းပြအစ ပွဲထွက်ခွင့်ရတဲ့ညမှာတင် သရဲနီတို့ကို ဂူထဲပြန်မောင်းသွင်းပစ်လိုက်တဲ့ အူနိုင်းအမ်မရီ
November 7, 2022 Aung 0
မန်ချက်စတာယူနိုက်တက်ကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီးမှာအက်စတွန်ဗီလာနည်းပြ သစ် အူနိုင်းအမ်မရီဟာ မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ပါတယ်။အသက်(၅၁)နှစ်အရွယ်ရှိပြီဖြစ်သူ အူနိုင်း အမ်မရီဟာ အောက်တိုဘာလ(၂၄)ရက်က ဗီလာရီးယဲလ်နဲ့ လမ်းခွဲပြီး အက်စတွန်ဗီလာအသင်းနည်းပြအ ဖြစ်ခန့်အပ်ခံခဲ့ရပေမယ့် Work Permit ကိစ္စကြောင့် ယူနိုက်တက်နဲ့ပွဲမှအသင်းကို စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့လည်း အူနိုင်းအမ်မရီရဲ့ အက်စတွန်ဗီလာအသင်းဟာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ပြီး ယူ နိုက်တက်ကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။ […]
ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်ကို အမှန်တကယ် ချစ်မြတ်နိုးရင် ပီကေးလမ်းစဉ်လိုက်ဖို့ တောင်းဆိုလာကြတဲ့ ပရိသတ်များ
November 7, 2022 Aung 0
ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်ကို အမှန်တကယ် ချစ်မြတ်နိုးတယ်ဆိုရင် ပီကေးလိုမျိုး အနားယူလိုက်ဖို့ ပရိသတ်တွေက တိုက်တွန်းနေကြပါတယ်။ မနေ့ညက ရော်နယ်ဒိုဟာ ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ် ဗီလာနဲ့ပွဲမှာ ပွဲထွက်ခဲ့ပေမယ့် အသင်းကတော့ ၃-၁ ဂိုးနဲ့သာ အရေးနိမ့်ခဲ့ပါတယ်။ဒီပွဲမှာ ရော်နယ်ဒိုက ခြေစွမ်းမပြနိုင်ခဲ့ဘဲ ဒုတိယပိုင်းမှာလည်း ပြိုင်ဘက်နောက်ခံ လူ တိုင်ရွန်မင့်စ်နဲ့ အချင်းများခဲ့တာကြောင့် […]
မွေးရပ်မြေကိုအကျိုးပြုပေးခဲ့တဲ့ မာနေးကို ဆီနီဂေါအနုပညာရှင်တစ်ဦးက ရုပ်ထုထုလုပ်ဂုဏ်ပြုပေးခဲ့ပေမဲ့ လှောင်ပြောင်ခံနေရ
November 7, 2022 Aung 0
ချဲလ်ဆီးကိုအနိုင်ကန်ပြီးနောက် ပရီးမီးယားလိဂ်ဖလားအတွက်ပစ်မှတ်ကို လွဲဖယ်၍မရတော့ကြောင်း ပြောလာတဲ့ အာတီတာ
November 7, 2022 Aung 0
အာဆင်နယ်နည်းပြ အာတီတာက ချဲလ်ဆီးကို အဝေးကွင်းမှာ ဂါဘရီရယ်ရဲ့ တလုံးတည်းသောသွင်းဂိုး နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အသင်းက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးဖို့ ပစ်မှတ်ထားနေပြီဖြစ်ကြောင်း အသိပေးပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ ဒီပွဲအပြီးမှာ အမှတ်ပေးဇယားအဆင့် (၁) နေရာမှာရှိ နေပြီး ဒုတိယနေရာက မန်စီးတီးကို (၂) မှတ်ဖြတ်ထားပါတယ်။ပွဲအပြီးမှာ အာတီတာက “ဒီနေ့မှာတော့ […]
စပါးကွင်းကိုသွားပြီး ကောက်ရိတ်သိမ်းပြိုင်ပွဲ ခြိမ့်ခြိမ့်သဲကျင်းပပစ်ခဲ့တဲ့ ကြိုးကြာနီများ
November 7, 2022 Aung 0
စပါးကတော့ ဆွန်ဟောင်မင် မပါဝင်နိုင်မှုနဲ့အတူ တိုက်စစ်ပိုင်းမှာ အားနည်းခဲ့ပြီး ကွန်တီကတော့ သူ့အ သင်းကို အဆင်ပြေသလိုပဲ ပွဲထုတ်လာရပါတယ်။ ဟယ်ရီကိန်း၊ ပါရီဆစ်၊ ဘန်တန်ကာ၊ ဟို့ချ်ဘာ့ချ်၊ ဘစ် ဆိုမာတို့နဲ့အတူ လီဗာပူးကို ရင်ဆိုင်ဖို့ ကြိုးစားခဲ့ပါတယ်။လီဗာပူးကလည်း တိုက်စစ်မှာ ဆာလာ၊ ဒါဝင်နူး နက်ဇ်၊ ဖေမီနိုတို့ အတွဲ […]
ပွဲမစခင်အကြီးကြီးတွေပြောပြီး ပွဲတွင်းမှာဘောလုံးထိချက်၈ချက်နဲ့ အသင်းဟောင်းကိုခေါက်ဆွဲကြော် ကြော်ရောင်းခဲ့တဲ့ အူဘာမီယန်
November 6, 2022 Aung 0
အူဘာမီယန်အဖို့ကတော့ အာဆင်နယ်နဲ့ပြန်လည်ဆုံတွေ့မှုဟာမျှော်လင့်ထားသလို မဖြစ်ခဲ့ဘဲ သူ့အသင်း ဟောင်းက ချဲလ်ဆီးကို၁-၀ နဲ့အနိုင်ရသွားခဲ့ပါတယ်။ အဲဒီဂါဘွန်သားဟာ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ မှာ ပြသနာတက်ပြီး အမ်းမရိတ်စ်က ထွက်ခဲ့ရပြီးနောက်ပထမဆုံးအကြိမ်အဖြစ် ဂန်နားတွေနဲ့ ပြန်ရင်ဆိုင် တွေ့ခဲ့တာပါ။အဲဒီပွဲမတိုင်ခင် BT Sport ရုပ်သံအတွက် ပွဲကြိုကြော်ငြာရိုက်တော့အူဘာမီယန်က အခုလို ပြောခဲ့တာပါ။ ”အာဆင်နယ်နဲ့ ဘာပုဂ္ဂိုလ်ရေးမှ မရှိပါဘူး။ကျွန်တော်ပြန်လာပါပြီ။ […]
အစွယ်တွေပြန်ထွက်လာချင်နေတဲ့ တစ်ချိန်ကကမ္ဘာကျော်သရဲနီတို့ကို အိမ်ကွင်းခေါ်အမွှေးပါနှုတ်ပစ်ခဲ့တဲ့ နတ်ဆရာ အမ်မရီ
November 6, 2022 Aung 0
အူနိုင်းအမ်မရီရဲ့ ဗီလာပွဲဦးထွက်ကတော့ နတ်ရေကန်ထဲ ပစ်ချလိုက်သလား မှတ်ရအောင် အရာအား လုံး ပြောင်းလဲနေခဲ့ပါတယ်။ ပွဲစတာနဲ့ ယူနိုက်တက်ခံစစ်ကို လျင်လျင်မြန်မြန်နဲ့ ဖိအားပေး တိုက်စစ် ဆင်ခဲ့ပြီး လီယွန်ဘိုင်လီကလည်း မာတီနက်ဇ်ကို ကျော်ဖြတ်ပြီး (၂) မိနစ်မှာတင် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ အဲ့ဒီနောက် ပွဲကစားချိန် (၁၀) မိနစ်မှာ ယူနိုက်တက်နောက်တန်းက […]
ဆင်ပျံကြီးဇယားထိပ်ပြန်တက်ဖို့ လန်ဒန်ဒါဘီမှာ အသုံးတော်ခံခဲ့ရတဲ့ ချဲလ်ဆီး
November 6, 2022 Aung 0
တော်တော်လေးကိုမှ စိတ်ပျက်ဖို့ကောင်းတဲ့ ပွဲတပွဲပါ။ ပထမပိုင်းမှာတည်းက ပရိသတ်တွေကို စိတ်ပျက် စေခဲ့တဲ့ ဒီနှစ်သင်းက ဒုတိယပိုင်းမှာလည်း ထွေထွေထူးထူးတော့ အပြောင်းအလဲမရှိခဲ့ပါဘူး။ ပေါ်တာရဲ့ ကစားကွက်ကလည်း ဒီနေ့ပွဲမှာ ဘာကိုဦးတည်မှန်း မသိခဲ့ရသလို အူဘာမီးယန်းကလည်း အသင်းဟောင်း နဲ့ ပြန်တွေ့တဲ့ပွဲမှာ ဘောလုံး (၈) ခါပဲ ထိခဲ့ပါတယ်။အာဆင်နယ်ရဲ့ ကစားပုံကလည်း […]
ပွဲပြီးကာနီးကန်ရတဲ့ ပင်နယ်တီလောက် စိတ်လှုပ်ရှားစရာကောင်းတာမရှိကြောင်း ပြောကြားလာတဲ့ မန်စီးတီးတိုက်စစ်မှူး
November 6, 2022 Aung 0
မနေ့က မန်စီးတီး ပွဲမှာ ကြံ့ခိုင်မှု အခြေအနေကြောင့် ပွဲထွက် လူစာရင်းမှာမပါခဲ့တဲ့ ဟာလန်းဟာ အာဂျင် တီးနား တိုက်စစ်မှူး အဲဗာရက်ဇ် အစားလူစားဝင် ကစားခဲ့တာ ဖြစ်ပါတယ်။လူစားဝင်လာအပြီး ပထမဆုံး သွင်းယူတဲ့သူ့ရဲ့ ခေါင်းတိုက်ဂိုးက လူကျွံဘော ဖြစ်ခဲ့ပေမယ့်လို့ နောက်ဆုံး မိနစ်မှာရတဲ့ပင်နယ်တီ သွင်းဂိုး ကြောင့်ပဲ ဂွာဒီယိုလာ […]
ယူနိုက်တက်နည်းပြရဲ့ အင်တာဗျူးဖြေတိုင်း အပိတ်သုံးစကားက သတင်းထောက်တွေကို ခေါင်းစားစေ
November 6, 2022 Aung 0
ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ အင်တာဗျူးတခုဖြေတိုင်း ဖြေတိုင်း နောက်ဆုံးအဆုံးသတ် မှာ “Please” ဆိုတဲ့ စကားလုံးကို အမြဲတမ်းပြောဆိုကာ အဆုံးသတ်လေ့ရှိကြောင်း ရုပ်သံဖိုင်တွေက သက်သေပြနေပါတယ်။ တန်ဟက်ခ်ဟာ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာဖြစ်စေ၊ ပွဲပြီး သတင်းစာရှင်း းလင်းပွဲမှာဖြစ်စေ တဖက်က သတင်းထောက်ရဲ့ အဆုံးသတ်စကားကို ကြားပြီးနောက်မှာ ဒီလိုမျိုး အဆုံးသတ်တုံ့ပြန်လေ့ရှိတာပါ။တန်ဟက်ခ်ရဲ့ ဒီလိုမျိုး […]