
လုပ်ပိုင်ခွင့်ပေးထားတဲ့အေးဂျင့်ကိုထုတ်ပယ်ပြီး အာဆင်နယ်နဲ့ နယူးကာဆယ်ကို မျှော်လင့်ချက်ပေးလိုက်တဲ့ အဆန်စီယို
မာကိုအဆန်စီယိုဟာသူ့ရဲ့အေးဂျင့်ကိုထုတ်ပယ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။အထက်ပါသ တင်းကသူ့ကိုခေါ်ယူရန်ပစ်မှတ်ထားနေတဲ့အာဆင်နယ်နှင့်နယူးကာဆယ်တို့အတွက်သတင်း ကောင်းဖြစ်လာဖို့ရှိနေပါတယ်။ရီးရဲလ်မက်ဒရစ်စတားဟာယခုနွေရာသီတွင်လည်းဘာနေဗျူး မှထွက်ခွာမယ်လို့သတင်းများဆက်လက်ထွက်ပေါ်နေပါတယ်။ယခုအခါမှာတော့စပိန်လက်ရွေး စင်ကစားသမားဟာသူ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးလုပ်ပိုင်ခွင့်ပေးထားတဲ့အေးဂျင့်ကိုထုတ် ပယ်လိုက်ပြီဖြစ်ပါတယ်။El Larguero ရဲ့ဖော်ပြချက်အရမာကိုအဆန်စီယိုဟာသူ့အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ဟိုရာစီယိုဂါဂီယိုလီကိုထုတ်ပယ်လိုက်တာဖြစ်ပါတယ်။အဆန်စီယိုဟာသူ့အ တွက်ကမ်းလှမ်းမှုတစုံတရာရောက်လာခြင်းမရှိမှုနဲ့အတူစိတ်ပျက်ကာထုတ်ပယ်လိုက်တာဖြစ်ပါ တယ်။တဖက်တွင်အေစီမီလန်ဟာအဆန်စီယိုရဲ့အပြောင်းအရွှေ့ဖြစ်မြောက်ရေးကြားဝင်ဆောင် ရွက်ပေးရန်ပေါ်တူဂီစူပါအေးဂျင့်ဂျော့မန်ဒက်စ်အားချိတ်ဆက်ထားကြောင်းလည်းသိရပါတယ်။ အသက်၂၈နှစ်ရှိအဆန်စီယိုဟာရီးရဲလ်မက်ဒရစ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့သူ ဖြစ်ပါတယ်။ရီးရဲလ်မက်ဒရစ်ဘက်ကလည်းသူ့ကိုရောင်းချရန်အသင့်ရှိနေပါတယ်။ရီးရဲလ်မက်ဒ ရစ်ဟာယခုနွေရာသီတွင်မာကိုအဆန်စီယို၊ဒါနီစီဘယ်လို့စ်၊တာကီဖူဆာကူဘို၊ဘော်ဂျာမာယို ရယ်၊ဗယ်လီဂျို၊ရေနီယာရီဂျေဆူး၊မာရီယာနိုဒိုင်ယက်ဇ်၊အိုဒရီယိုဇိုလာတို့ကိုရောင်းချရန်စီစဉ် နေပါတယ်။ မာကိုအဆန္စီယိုဟာသူ႔ရဲ႕ေအးဂ်င့္ကိုထုတ္ပယ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။အထက္ပါသ တင္းကသူ႔ကိုေခၚယူရန္ပစ္မွတ္ထားေနတဲ့အာဆင္နယ္ႏွင့္နယူးကာဆယ္တို႔အတြက္သတင္း ေကာင္းျဖစ္လာဖို႔ရွိေနပါတယ္။ရီးရဲလ္မက္ဒရစ္စတားဟာယခုေႏြရာသီတြင္လည္းဘာေနဗ်ဴး မွထြက္ခြာမယ္လို႔သတင္းမ်ားဆက္လက္ထြက္ေပၚေနပါတယ္။ယခုအခါမွာေတာ့စပိန္လက္ေ႐ြး စင္ကစားသမားဟာသူ႔အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီးလုပ္ပိုင္ခြင့္ေပးထားတဲ့ေအးဂ်င့္ကိုထုတ္ ပယ္လိုက္ၿပီျဖစ္ပါတယ္။El Larguero ရဲ႕ေဖာ္ျပခ်က္အရမာကိုအဆန္စီယိုဟာသူ႔ေအးဂ်င့္အျဖစ္ […]