ကြီးကျယ်ခမ်းနားတဲ့ ဂေါင်းကြီးကိုအရံခုံထိုင်ခိုင်းထားတဲ့အပေါ် နားမလည်နိုင်ကြောင်းရင်ဖွင့်လိုက်တဲ့ အသင်းဖော်နောက်ခံလူ

September 22, 2022 Aung 0

ယူနိုက်တက်အသင်းဖော် နောက်ခံလူ ဘရန်ဒန်ဝီလီယံစ်က မက်ဂွိုင်းရားနဲ့ပတ်သက်လို့ ဝေဖန် နေကြတဲ့သူတွေကို ပြစ်တင်ဝေဖန်လိုက်ပြီး မက်ဂွိုင်းရားဟာ ထိပ်တန်းနောက်ခံလူတယောက် ဖြစ်နေပြီးသားလို့ တုံ့ပြန်လာပါတယ်။ ဒါ့အပြင် သူ့ရဲ့ ကစားသမားဘဝမှာ အများကြီး စွမ်းဆောင် ပြထားတာကြောင့် မက်ဂွိုင်းရားလိုမျိုး ဖြစ်ချင်ကြောင်းလည်း ဆိုလာပါတယ်။ဘရန်ဒန်ဝီလီယံစ် က “မက်ဂွိုင်းရားက ပွဲထွက်ခွင့်ရသည်ဖြစ်စေ၊ မရဘူးဖြစ်စေ၊ လေ့ကျင့်ရေးကွင်းမှာပဲဖြစ်စေ […]

နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခု ပထမဆုံးအကြိမ်လွဲချော်ခဲ့ရပေမဲ့ ကမ္ဘာဖလားလူစာရင်းမှာတော့ ပါဝင်ဖို့မျှော်လင့်နေတဲ့ ရာမို့စ်

September 22, 2022 Aung 0

PSG အသင်းရဲ့ စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်ဟာ ဆွစ်ဇာလန်၊ ပေါ်တူဂီတိုနဲ့ကစားမယ့် Nations League ပွဲတွေအတွက် နည်းပြအင်းနရစ်ရဲ့ လက်ရွေးစင်အသင်းလူစာရင်းမှာ အရွေးမခံရလို့ တော် တော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေပါတယ်။ အင်းနရစ်ဟာ လီဗာပူးလ်ကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာ၊ဘာစီလိုနာ လူငယ်ကြယ်ပွင့် အန်ဆုဖာတီတို့ကိုလည်း ချန်လှပ်ခဲ့ပြီးလက်ရွေး စင်အသင်းအတွက် တစ်ခါမှ မကစားဖူးသေးတဲ့ […]

မြက်ခင်းစိမ်းတွေပေါ်မှာ ဆရာကြီးအထာ နဲ့ အကြာကြီးနေဖို့ စိုင်းပြင်းနေပြီဖြစ်တဲ့ ရော်နယ်ဒို

September 22, 2022 Aung 0

မန်ယူအသင်းရဲ့ အဓိက ပွဲစဉ်တိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ လမ်းစပျောက်နေတဲ့စီရော်နယ်ဒိုက သူ့ရဲ့ လက်ရွေးစင်အသင်းလားရာလမ်းကြောင်းကတော့မပြီးဆုံးသေးဘူးလို့ ပြတ်ပြတ်သားသား ပြောလိုက် ပါတယ်။အသက် ၃၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒီပေါ်တူဂီတိုက်စစ်မှူးဟာဒီရာသီမှာ မန်ယူနဲ့ အတူ ပရီးမီးယားလိဂ်သွင်းဂိုး မရသေးဘဲရှရစ်ဖ်နဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာပဲ ပင်နယ်တီကနေတစ် ဂိုးသွင်းနိုင်ခဲ့တာပါ။ ဒါပေမဲ့ နည်းပြတန်ဟက်ကတော့ အသင်းရဲ့အဓိက […]

ကမ္ဘာဖလားပြိုင်ပွဲဝင်မည့် ဘရားဇီးကစားသမားစာရင်းကြည့်ပြီး ဘရာဇီးပရိသတ်များဇောင်းထနေကြ

September 22, 2022 Aung 0

အသင်းမှာ ခေါင်းခေါက်ရွေးချယ်စရာ ထိပ်တန်းကစားသမားတွေ အုံနဲ့ကျင်းနဲ့ ရှိနေပြီဖြစ်တာကြောင့် ဘရာဇီးဟာ လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီး မှာ ချန်ပီယံဆုရမယ့်အသင်းပဲလို့ ဘရာဇီးပ ရိသတ်တွေ လေလုံးထွားနေကြ ပြီဖြစ်ပါတယ်။ကမ္ဘာ့ဖလားချန်ပီယံဆုကို ၅ ကြိမ် ဆွတ်ခူးထားတဲ့ ဘရာဇီးကို လက်ရှိမှာ နည်းပြတစ်တီက ဦးဆောင်နေပြီးသူ့မှာ ရွေးချယ်စရာ အဆင့်မီ ကစားသမား တွေ […]

သူ့လိုနောက်ထပ်နတ်ဘုရားတစ်ပါးပေါ်လာမှသာ အနားယူဖြစ်မည့်အကြောင်းပြောလိုက်တဲ့ ဇလာတန်

September 22, 2022 Aung 0

အင်တာဗျူးတွေမှာ စကားကြီးစကားကျယ်တွေပြောပြီး ဂျာနယ်လစ်တွေကို အချက်ကျကျ ပြန်ဖြေ လေ့ရှိတဲ့ အေစီမီလန်ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ဟာ ဘောလုံးသမားဘဝကနေ အနား ယူတော့မှာလားဆိုတဲ့ မေးခွန်းကို သူ့ ထုံးစံအတိုင်း ကြီးကြီးကျယ်ကျယ် ပြန်ဖြေခဲ့ပါတယ်။ အသက် (၄၀)အရွယ်ရှိနေပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ဟာ ပြီးခဲ့တဲ့မေလတုန်းက အရွတ်ဒဏ်ရာခွဲစိတ်ကုသမှုခံ ယူခဲ့တာကြောင့် အခုလောလောဆယ် အနားယူနေရတာဖြစ်ပါတယ်။အီဘရာဟီမိုဗစ်အနေနဲ့ နောက် […]

မာတီးနက်ရဲ့ ဗီဇာပြဿနာအမြန်ပြေလည်ရေး ကူပြီးဆုတောင်းပေးရမဲ့အခြေဆိုက်လာတဲ့ ယူနိုက်တက်

September 21, 2022 Aung 0

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လီဆန်ဒရို မာတီးနက်ဟာ ယခု နိုင်ငံတကာပွဲစဥ် ကာလ အတွင်း အာဂျင်တီးနား လက်ရွေးစင်အသင်းရဲ့ ပထမဆုံးပွဲစဥ်ကို လွဲချော်တော့မယ်လို့ သိရပါတယ်။ အာဂျင်တီးနား အသင်းဟာ စနေနေ့မှာ ဟွန်ဒူးရပ်စ််အသင်းနဲ့ ကစားရဖို့ရှိပြီး မာတီးနက်က လက်ရှိ မှာ ဗီဇာပြဿနာ ရင်ဆိုင်နေရပါတယ်။TyC Sports […]

သူအထင်ကြီးဆုံးကစားသမားက ယူနိုက်တက်ကပွဲထွက်ခွင့်မရသေးတဲ့ကြယ်ပွင့်လေးဖြစ်ကြောင်း ပြောလာတဲ့ အာရူဂျို

September 21, 2022 Aung 0

ဘာစီလိုနာနောက်ခံလူအာရူဂျိုက ဥရုဂွေးလက်ရွေးစင်အသင်းမှာရွေးချယ်ခံထားရတဲ့ ပယ်လစ်စထ ရီရဲ့ခြေစွမ်းကို အံ့အားသင့်ရကြောင်းဝန်ခံလိုက်ပါတယ်။ ပယ်လစ်စထရီဟာ ဒီရာသီမန်ယူမှာ လက် ရှိအချိန်ထိကစားခွင့်မရသေးပေမယ့် ဥရုဂွေးနည်းပြကတော့ အခုလနိုင်ငံတာကာပွဲတွေအတွက် သူ့ ကို ခေါ်ယူထားတာပါ။ ရာသီကြိုတုန်းက လီဗာပူးဘက်ကိုဂိုးသွင်းနိုင်ခဲ့တဲ့ အသက် ၂၀ အရွယ် က စားသမားဟာ တန်ဟက်လက်ထက်ဒီရာသီမှာ ကစားခွင့်မရသေးပါဘူး။ ဒါပေမဲ့ သူဟာ […]

ဘာမင်ဂမ်စီးတီက ကြယ်ပွင့်လေးကို ဂန္တဝင်ကြီးတွေနဲ့ စည်းရုံးခဲ့ပေမဲ့ ဒေါ့မွန်ကိုလက်လွတ်ခဲ့ရတဲ့ ယူနိုက်တက်

September 21, 2022 Aung 0

မန်ချက်စတာယူနိုက်တက်ဟာဂျူ့ဘယ်လင်ဂမ်ကိုအိုးထရက်ဖို့ဒ်သို့ခေါ်ဆောင်နိုင်ရေးအတွက်ဂန္ထဝင် အသင်းခေါင်းဆောင်များဖြစ်ကြတဲ့အဲရစ်ကန်တိုနာ၊ဘရိုင်ယန်ရော့ဘ်ဆင်အပြင်ဂန္ထဝင်နည်းပြဆာအဲ လက်စ်ဖာဂူဆန်တို့ကိုအသုံးချခဲ့ပေမဲ့အလုပ်မဖြစ်ခဲ့ပါဘူး။၂၀၂၀ခုနှစ်တုန်းကအသက်၁၆နှစ်ရှိဂျူ့ဘယ် လင်ဂမ်ဟာဘာမင်ဂမ်စီးတီးမှာအထူးခြေစွမ်းပြကစားခဲ့ပြီးဥရောပထိပ်သီးကလပ်များရဲ့အပြိုင်စိတ် ဝင်စားခြင်းခံခဲ့ရပါတယ်။ယင်းအထဲတွင်မန်ချက်စတာယူနိုက်တက်လည်းပါဝင်ခဲ့ပြီး ဂန္ထဝင်များဖြစ် ကြတဲ့ဆာအဲလက်စ်ဖာဂူဆန်၊အဲရစ်ကန်တိုနာနှင့်ဘရိုင်ယန်ရော့ဘ်ဆင်တို့ကိုအသုံးချကာဂျူ့ဘယ် လင်ဂမ်ကိုခေါ်ယူရေးကြိုးပမ်းခဲ့ကြပါတယ်။ဘယ်လင်ဂမ်ဟာယူနိုက်တက်ရဲ့အလေးထားခြင်းခံရမှု ကိုအသိအမှတ်ပြုခဲ့ပေမဲ့လည်း တကယ်တမ်းမှာတော့ဘွန်ဒက်စ်လီဂါကလပ်ဒေါ့မွန်သို့သာပြောင်း ရွှေ့သွားခဲ့ပါတယ်။သူဟာဒေါ့မွန်သို့ပြောင်းရွှေ့ပြီးတဲ့နောက်ဥရောပရဲ့အကောင်းဆုံးလူငယ်ပါရမီရှင် များထဲမှတစ်ဦးဖြစ်လာခဲ့ပါတယ်။ဘရိုင်ယန်ရော့ဘ်ဆင်က “ကျွန်တော်ရယ်၊ဆာအဲလက်စ်၊အဲရစ်ကန် တိုနာတို့ဟာသူ့အမေ၊သူ့အဖေတို့နဲ့ကာရင်တန်မှာတွေ့ခဲ့ကြတယ်။တွေ့ဆုံပွဲပြီးတော့ ကျွန်တော်တို့ ဆီသူပြောင်းလာမယ်လို့ထင်ခဲ့တယ်။ကံဆိုးစွာပဲသူဟာဂျာမနီသို့ပြောင်းဖို့ဆုံးဖြတ်ခဲ့တယ်။သူ့ကိုခေါ် နိုင်ဖို့အလွန်အကျွံလုပ်ခဲ့သလား၊ လုပ်တာနည်းသွားလားစဉ်းစားခဲ့ကြတယ်။အခုလာမယ့်နွေမှာသူ့ ကိုခေါ်ယူရေးပြောနေကြတယ်။လီဗာပူးဆိုရင်သူ့ကိုခေါ်ယူဖို့အများကြီးအပြောခံရတယ်။သူ့ကို ကျွန်တော်တို့အပိုင်ဖြစ်ပြီလို့တောင်ထင်ထားခဲ့ကြတာပါ။တကယ့်ကိုကြီးကျယ်တဲ့ခေါ်မှုဖြစ်လာပါ မယ်။သူကိုယ်တိုင်ကလည်းအင်္ဂလန်အတွက်ကြီးကျယ်တဲ့ကစားသမားတစ်ဦးဖြစ်လာမယ့်သူပါ”လို့ ပြောကြားသွားပါတယ်။ဂျူ့ဘယ်လင်ဂမ်ဟာအသက်၁၉နှစ်အရွယ်သာရှိသေးပေမဲ့လည်းဒေါ့မွန် အတွက်ပွဲ၁၀၀ကစားထားပြီးဖြစ်သလို၁၃ဂိုးသွင်းထားပါတယ်။ပရီးမီးယားလိဂ်ထိပ်သီးများအပြင် ဥရောပထိပ်သီးရီးရဲလ်မက်ဒရစ်ကလည်း ဂျူ့ဘယ်လင်ဂမ်ကိုလာမယ့်နွေရာသီတွင်ခေါ်ယူရေးနံ […]

တန်းတက်မွန်ဇာကို ရှုံးနိမ့်ခဲ့ရတဲ့အကြောင်းအရင်း ဖြစ်ရပ်အတွက်ပရိသတ်တွေကို တောင်းပန်လာတဲ့ ဒီမာရီယာ

September 21, 2022 Aung 0

မွန်ဇာအသင်းကို (၁-ဝ)ရလဒ်နဲ့ ရှုံးနိမ်ခဲ့တဲ့ပွဲမှာ တိုက်ရိုက် အနီကပ်ပြခံလိုက်ရတဲ့ ဒီမာရီယာက ပွဲ အပြီးမှာပဲဂျူဗင်တပ် အသင်းရဲ့ ပရိသတ်တွေကို တောင်ပန်စကား ဆိုလာခဲ့ပါတယ်။သူဟာ ပထမ ပိုင်း ပွဲကစားချိန် ၄၁ မိနစ်မှာ ပြိုင်ဘက် အေစီမွန်ဇာသင်း ကစားသမားရဲ့ ရင်ဘက်ကိုတံတောင်နဲ့ လက်ပြန်တွက်ခဲ့မိတာကြောင့် တိုက်ရိုက် အနီကဒ်ပြ ထုတ်ပယ်ခံခဲ့ […]

ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကိုငြင်းပယ်ပြီး ဩစတြီးယားကလပ်မှာဘဲဆက်လက်တာဝန်ထမ်းဆောင်ရန်ဆုံးဖြတ်ခဲ့တဲ့ ခရစ္စတိုဖရင်းကရက်

September 21, 2022 Aung 0

ရက်ဘူးလ်ဆဲလ်ဘတ်အပြောင်းအရွှေ့ဂုရုခရစ္စတိုဖရင်းကရက်ဘူးလ်ဆဲလ်ဘတ်တွင်ဆက်တာဝန် ထမ်းဆောင်ရန်ချဲလ်ဆီးရဲ့ဆက်သွယ်လာမှုကိုငြင်းပယ်ခဲ့ကြောင်းဖွင့်ဟလာပါတယ်။ရက်ဘူးလ်ဆဲလ် ဘတ်အားကစားဒါရိုက်တာဟာချဲလ်ဆီးအားကစားဒါရိုက်တာရာထူးအတွက်ဆွေးနွေးမှုပြုလုပ်ခဲ့ပါ တယ်။ဒါပေမဲ့သူဟာသူ့အတွက်အကောင်းဆုံးဖြစ်လာမယ့်ဩစတြီးယားကလပ်မှာဘဲဆက်လက်တာ ဝန်ထမ်းဆောင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။အသက်၄၅နှစ်ရှိဖရင်းဟာလက်ရှိဥရောပစူပါစတားများဖြစ်နေ တဲ့အာလင်းဟာလန်းနှင့်ဆာဒေယိုမာနေးတို့ကိုတွေ့ရှိဖော်ထုတ်ခဲ့သူလည်းဖြစ်ပါတယ်။ဖရင်းက “ချဲလ်ဆီးကကျွန်တော့်ကိုအလိုရှိခဲ့တယ်ဆိုတာအမှန်ပါပဲ။ပြီးတော့ကျွန်တော်တို့ဆွေးလည်းဆွေး နွေးခဲ့ကြတယ်။ကလပ်ကြီးတစ်ခုကတော့ကမ်းလှမ်းလာတော့အရမ်းဂုဏ်ယူရတာပေါ့။ဒါကကျွန် တော့်ရဲ့ဆဲလ်ဘတ်မှာအလုပ်လုပ်ကိုအကောင်းဆုံးလုပ်ဆောင်နိုင်မှုကိုလည်းသက်သေပြတာလေ။ ဒါပေမဲ့ကိုယ်ရေးကိုယ်တာအပါအဝင်အားလုံးကိုစဉ်းစားလိုက်တော့ ဆဲလ်ဘတ်မှာရှိနေတာကတော့ အကောင်းဆုံးဆိုတာတွေ့ရတယ်”လို့ပြောကြားသွားပါတယ်။ဒါပေမဲ့၎င်းက “ချဲလ်ဆီးဒါရိုက်တာရာ ထူးနဲ့ပတ်သက်ပြီးတွေးခဲ့တယ်။ထိပ်သီးကလပ်တစ်ခုရဲ့စိတ်ဝင်စားခြင်းခံရတယ်ုဆိုတော့ဂုဏ်ယူ တာပေါ့”လို့ပြောကြားသွားပါတယ်။ချဲလ်ဆီးဥက္ကဌတော့ဒ်ဘိုလေးဟာချဲလ်ဆီးကိုရိုမန်အေဘရာမို ဗစ်ထံမှ လွဲပြောင်းရယူလိုက်ပြီးတဲ့နောက် အားကစားဒါရိုက်တာအဖြစ်ပါပူးတွဲတာဝန်ထမ်းဆောင် နေတာဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ကစားသမားခေါ်ယူအားဖြည့်ရေးခက်ခဲခဲ့ ပြီးနောက် အားကစားဒါရိုက်တာတစ်ဦးခန့်အပ်လိုနေပါတယ်။ချဲလ်ဆီးရဲ့အားကစားဒါရိုက်တာပစ် မှတ်များထဲတွင်ပီအက်စ်ဂျီဘောလုံးအကြံပေးလူးဝစ်ကမ်ပို့စ်နှင့်လီဗာပူးအားကစားဒါရိုက်တာဟောင်း မိုက်ယ်အက်ဝတ်တို့လည်းပါဝင်ခဲ့ပါတယ်။ […]