မာရီယိုဂေါ့ဇီဟာဂျာမနီလက်ရွေးစင်အသင်းနှင့်ငါးနှစ်ကြာဝေးကွာနေခဲ့ပြီးနောက် ဂျာမနီရဲ့ကမ္ဘာ့ဖလားလူ စာရင်းတွင်ပါဝင်လာပါတယ်။မာရီယိုဂေါ့ဇီဟာ၂၀၁၄ဘရာဇီးကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အာဂျင်တီးနားနှင့် ဗိုလ်လုပွဲတွင်အချိန်ပိုတွင်အနိုင်ဂိုးသွင်းယူပြီးနောက်သူရဲကောင်းဖြစ်ခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့သူဟာ ဘိုင်ယန်မြူးနစ်နှင့်ဒေါ့မွန်တို့တွင်ဒဏ်ရာပြဿနာများနှင့်ရုန်းကန်ရကာအကောင်းဆုံးပုံစံရရှိရေးရုန်းကန် ခဲ့ရပါတယ်။သူဟာကြွက်သားဒဏ်ရာကိုခွဲစိတ်ကုသပြီးဒေါ့မွန်တွင်အကောင်းဆုံးပုံစံပြန်ရလာပြီးနောက် ၂၀၁၇ခုနှစ်နိုဝင်ဘာလတုန်းကပြင်သစ်နှင့်ခြေစမ်းပွဲတွင်ဂျာမနီအတွက်ကစားခွင့်ရရှိခဲ့ပါတယ်။သူဟာယင်း နောက်ပိုင်းတွင်ဂျိုးအာချင်လောရဲ့ဂျာမနီအသင်းတွင်ရွေးချယ်ခြင်းမခံခဲ့ရပါဘူး။သူဟာပီအက်စ်ဗွီနှင့်အတူ အကောင်းဆုံးပုံစံရရှိနေပေမဲ့လည်းယူရို၂၀၂၀ပြိုင်ပွဲမှာလည်းချန်လှပ်ခံလာရပါတယ်။ဒါပေမဲ့သူဟာဖရန့် ဖတ်အသင်းတွင်အကောင်းဆုံးခြေစွမ်းဖြင့်ကစားနေနိုင်မှုနဲ့အတူဟန်စီဖလစ်ကကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဂျာ ာမနီအသင်းတွင်ထည့်သွင်းလာပါတယ်။ဂေါ့ဇီဟာဂျာမနီအသင်းအတွက်၆၃ပွဲကစားကာ၁၇ဂိုးသွင်းထား ပါတယ်။ မာရီယိုေဂါ့ဇီဟာဂ်ာမနီလက္ေ႐ြးစင္အသင္းႏွင့္ငါးႏွစ္ၾကာေဝးကြာေနခဲ့ၿပီးေနာက္ ဂ်ာမနီရဲ႕ကမာၻ႔ဖလားလူ စာရင္းတြင္ပါဝင္လာပါတယ္။မာရီယိုေဂါ့ဇီဟာ၂၀၁၄ဘရာဇီးကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက အာဂ်င္တီးနားႏွင့္ ဗိုလ္လုပြဲတြင္အခ်ိန္ပိုတြင္အႏိုင္ဂိုးသြင္းယူၿပီးေနာက္သူရဲေကာင္းျဖစ္ခဲ့သူလည္းျဖစ္ပါတယ္။ဒါေပမဲ့သူဟာ ဘိုင္ယန္ျမဴးနစ္ႏွင့္ေဒါ့မြန္တို႔တြင္ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ရကာအေကာင္းဆုံးပုံစံရရွိေရး႐ုန္းကန္ ခဲ့ရပါတယ္။သူဟာႂကြက္သားဒဏ္ရာကိုခြဲစိတ္ကုသၿပီးေဒါ့မြန္တြင္အေကာင္းဆုံးပုံစံျပန္ရလာၿပီးေနာက္ ၂၀၁၇ခုႏွစ္ႏိုဝင္ဘာလတုန္းကျပင္သစ္ႏွင့္ေျခစမ္းပြဲတြင္ဂ်ာမနီအတြက္ကစားခြင့္ရရွိခဲ့ပါတယ္။သူဟာယင္း ေနာက္ပိုင္းတြင္ဂ်ိဳးအာခ်င္ေလာရဲ႕ဂ်ာမနီအသင္းတြင္ေ႐ြးခ်ယ္ျခင္းမခံခဲ့ရပါဘူး။သူဟာပီအက္စ္ဗြီႏွင့္အတူ အေကာင္းဆုံးပုံစံရရွိေနေပမဲ့လည္းယူ႐ို၂၀၂၀ၿပိဳင္ပြဲမွာလည္းခ်န္လွပ္ခံလာရပါတယ္။ဒါေပမဲ့သူဟာဖရန႔္ ဖတ္အသင္းတြင္အေကာင္းဆုံးေျခစြမ္းျဖင့္ကစားေနႏိုင္မႈနဲ႔အတူဟန္စီဖလစ္ကကမာၻ႔ဖလားၿပိဳင္ပြဲဝင္ဂ် ာမနီအသင္းတြင္ထည့္သြင္းလာပါတယ္။ေဂါ့ဇီဟာဂ်ာမနီအသင္းအတြက္၆၃ပြဲကစားကာ၁၇ဂိုးသြင္းထား […]