FA ချန်ပီယံဖြစ်ဖို့ အဓိက ကစားသမားနှစ်ယောက်ရင်းခဲ့ရတဲ့ လီဗာပူး

လီဗာပူးလ်အသင်းဟာ FA ဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးကို ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ယူပြီး

ဒီရာသီဒုတိယမြောက်ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပေမယ့် အဓိက,ကစားသမား(၂)ဦးဖြစ်တဲ့ဆာလာနဲ့ဗန်

ဒိုက်တို့ ဒဏ်ရာရရှိခဲ့တာကြောင့် ပေးဆပ်မှုကြီးမားခဲ့ပါတယ်။ဆာလာဟာ ဒဏ်ရာကြောင့် ပထမပိုင်း

မိနစ်(၃၀)ကျော်မှာကတည်းကအသင်းဖော်ဂျိုတာနဲ့လူစားလဲခံခဲ့ရပြီး ပေါင်ခြံဒဏ်ရာရရှိခဲ့တာလို့ ယူ

ဆရပါတယ်။အဲဒီနောက် အချိန်ပိုမိနစ်(၃၀)မကစားခင် ယာဂန်ကလော့ပ်က နောက်ခံလူဗန်ဒိုက်ကို

မာတစ်နဲ့လူစားလဲခဲ့ပြီး ဘယ်လိုအကြောင်းကြောင့်လူစားလဲရတာလဲဆိုတာရှင်းရှင်းလင်းလင်းမသိရ

ပေမယ့် ဗန်ဒိုက်ဟာ အရန်ခုံမှာစိတ်ပျက်လက်ပျက်ပုံနဲ့ထိုင်နေတာကြောင့် ဒဏ်ရာတစ်ခုခုရရှိသွားပုံ

ပါပဲ။လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ လိဂ်ဖလား၊ FA ဖလားတွေဆွတ်ခူးခဲ့ပြီးဖလား(၄)လုံးချန်ပီယံ

မျှော်လင့်ချက်က ဆက်လက်ရှင်သန်နေဆဲဖြစ်ပေမယ့်ဆာလာနဲ့ဗန်ဒိုက်တို့ ဒဏ်ရာရရှိခဲ့တဲ့အတွက်

လာမယ့်ပွဲတွေမှာ အခက်အခဲနဲ့ရင်ဆိုင်ရဖို့ရှိနေပါပြီ။ပရီးမီးယားလိဂ်ရာသီကုန်ဆုံးဖို့ (၂)ပွဲသာလိုတော့

ချိန်မှာ လီဗာပူးလ်ဟာမန်စီးတီးနဲ့(၃)မှတ်အကွာကနေဖိအားပေးနေပြီး လက်ကျန်ပွဲတွေအဖြစ်ဆောက်

သမ်တန်(အဝေး)၊ ဝုလ်ဗ်(အိမ်)တို့နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒ့ါအပြင် အခုလာမယ့်မေလ(၂၈)

ရက်ကျရင် ပွဲကြီးပွဲကောင်းအဖြစ်ရီးယဲလ်နဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရမှာဖြစ်တာကြောင့်ဆာလာနဲ့

ဗန်ဒိုက်တို့ အချိန်မီ ဒဏ်ရာကပြန်သက်သာလာဖို့မျှော်လင့်ရပါတယ်။

လီဗာပူးလ္အသင္းဟာ FA ဖလားဗိုလ္လုပြဲမွာ ခ်ယ္လ္ဆီးကို ပယ္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ယူၿပီး

ဒီရာသီဒုတိယေျမာက္ခ်န္ပီယံဆုဆြတ္ခူးႏိုင္ခဲ့ေပမယ့္ အဓိက,ကစားသမား(၂)ဦးျဖစ္တဲ့ဆာလာနဲ႔ဗန္

ဒိုက္တို႔ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ေပးဆပ္မႈႀကီးမားခဲ့ပါတယ္။ဆာလာဟာ ဒဏ္ရာေၾကာင့္ ပထမပိုင္း

မိနစ္(၃၀)ေက်ာ္မွာကတည္းကအသင္းေဖာ္ဂ်ိဳတာနဲ႔လူစားလဲခံခဲ့ရၿပီး ေပါင္ၿခံဒဏ္ရာရရွိခဲ့တာလို႔ ယူ

ဆရပါတယ္။အဲဒီေနာက္ အခ်ိန္ပိုမိနစ္(၃၀)မကစားခင္ ယာဂန္ကေလာ့ပ္က ေနာက္ခံလူဗန္ဒိုက္ကို

မာတစ္နဲ႔လူစားလဲခဲ့ၿပီး ဘယ္လိုအေၾကာင္းေၾကာင့္လူစားလဲရတာလဲဆိုတာရွင္းရွင္းလင္းလင္းမသိရ

ေပမယ့္ ဗန္ဒိုက္ဟာ အရန္ခုံမွာစိတ္ပ်က္လက္ပ်က္ပုံနဲ႔ထိုင္ေနတာေၾကာင့္ ဒဏ္ရာတစ္ခုခုရရွိသြားပုံ

ပါပဲ။လီဗာပူးလ္အသင္းဟာ ဒီရာသီမွာ လိဂ္ဖလား၊ FA ဖလားေတြဆြတ္ခူးခဲ့ၿပီးဖလား(၄)လုံးခ်န္ပီယံ

ေမွ်ာ္လင့္ခ်က္က ဆက္လက္ရွင္သန္ေနဆဲျဖစ္ေပမယ့္ဆာလာနဲ႔ဗန္ဒိုက္တို႔ ဒဏ္ရာရရွိခဲ့တဲ့အတြက္

လာမယ့္ပြဲေတြမွာ အခက္အခဲနဲ႔ရင္ဆိုင္ရဖို႔ရွိေနပါၿပီ။ပရီးမီးယားလိဂ္ရာသီကုန္ဆုံးဖို႔ (၂)ပြဲသာလိုေတာ့

ခ်ိန္မွာ လီဗာပူးလ္ဟာမန္စီးတီးနဲ႔(၃)မွတ္အကြာကေနဖိအားေပးေနၿပီး လက္က်န္ပြဲေတြအျဖစ္ေဆာက္

သမ္တန္(အေဝး)၊ ဝုလ္ဗ္(အိမ္)တို႔နဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ဒ့ါအျပင္ အခုလာမယ့္ေမလ(၂၈)

ရက္က်ရင္ ပြဲႀကီးပြဲေကာင္းအျဖစ္ရီးယဲလ္နဲ႔ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကစားရမွာျဖစ္တာေၾကာင့္ဆာလာနဲ႔

ဗန္ဒိုက္တို႔ အခ်ိန္မီ ဒဏ္ရာကျပန္သက္သာလာဖို႔ေမွ်ာ္လင့္ရပါတယ္။