
တန်းတက်လာပြီးနောက်ပရီးမီးယားလိဂ်ရဲ့စစ်ဆေးမှုနှင့်ရင်ဆိုင်ရတော့မည့် နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင်
နော်တင်ဟမ်ဖောရက်စ်အသင်းပိုင်ရှင်အီဗန်ဂိုလို့စ်မာရီနာကစ်ဟာပရီးမီးယားလိဂ် သို့တန်းတက်လာပြီးနောက်ပရီးမီးယားလိဂ်ရဲ့စစ်ဆေးမှုနှင့်ရင်ဆိုင်ရတော့မှာဖြစ် ပါတယ်။ ဂရိသန်းကြွယ်သူဌေးဟာလွန်ခဲ့တဲ့ငါးနှစ်ခန့်တုန်းက အင်္ဂလိပ်ဘောလုံး လိဂ် (EFL)ရဲ့စစ်ဆေးခွင့်ပြုချက်ဖြင့်နော်တင်ဟမ်ဖောရက်စ်ကိုပေါင်သန်း၅၀ဖြင့် ပိုင်ဆိုင်လာခဲ့တာဖြစ်ပါတယ်။ သူဟာဂရိမှာတုန်းကလုပ်ပွဲပြဿနာ၊မူးယစ်ဆေး ဝါးမှောင်ခိုစတဲ့အရာများနှင့်စစ်ဆေးမှုခံခဲ့ရဖူးပေမဲ့လည်းEFL ရဲ့ခွင့်ပြုချက်ရရှိခဲ့ တာလည်းဖြစ်ပါတယ်။ဒါပေမဲ့ပရီးမီးယားလိဂ်ဟာနော်တင်ဟမ်ဖောရက်စ်သူဌေး ကိုနောက်ထပ်စစ်ဆေးမှုပြုလုပ်လာဦးမှာဖြစ်ပါတယ်။မာရီနာကစ်ဟာဂရိတွင် ယခင်တုန်းကအမှုများစွာတို့ဖြင့်စစ်ဆေးမှုများစွာကြုံခဲ့ရပေမဲ့လည်းပြစ်မှုထင် ရှားခြင်းမရှိမှုကြောင့်လွတ်မြောက်ခဲ့သူလည်းဖြစ်ပါတယ်။၂၀၁၉ခုနှစ်တုန်းကအို လံပီယာကို့စ်အသင်းပိုင်ရှင်ဟာလုပ်ပွဲနှင့်ဒုစရိုက်ဂိုဏ်းများနှင့်ပတ်သက်နေမှု ကြောင့်စွဲချက်တင်ခြင်းခံခဲ့ရပေမဲ့၂နှစ်အကြာတွင်အယူခံတရားရုံးကသက်သေ အထောက်အထားမရှိမှုကြောင့်စွဲချက်များကိုပြန်ရုတ်သိမ်းခဲ့ပါတယ်။ ထိုစဉ်တုန်း ကလည်းယူအီးအက်ဖ်အေကလည်းလုပ်ပွဲကြောင့်စစ်ဆေးခဲ့ပေမဲ့တစုံတရာအ ရေးမယူခဲ့ပါဘူး။ဒါပေမဲ့ပရီးမီးယားလိဂ်ဟာအသက်၅၄နှစ်ရှိပိုင် နော်တင်ဟမ် ဖောရက်စ်မှာချန်ပီယံရှစ်ပလေးအော့ဖ်မှတဆင့်တန်းတက်လာမှုနဲ့အတူ စိုးရိမ်မ ကင်းဖြစ်လာမှုနဲ့အတူEFL […]