အာဆင်နယ်ဟာပေါ်တိုမှအလယ်တန်းကစားသမားဖေဘီယိုဗီအဲရာကိုယူရိုသန်း၄၀(ပေါင်၃၄.၂သန်း) ဖြင့်ခေါ်ယူရေးကိုအပြီးသတ်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။ပေါ်တိုရဲ့ထုတ်ပြန်ကြေညာချက်အရ အာဆင်နယ်ဟာဗီအဲရာအတွက်ယူရို၃၅သန်း(ပေါင်၂၉.၉သန်း)ကိုကနဦးပေးရမှာဖြစ်ပြီးကျန်ငွေများ ကိုအောင်မြင်မှုအပေါ်မူတည်ပေးရပါမယ်။အာဆင်နယ်ဟာဗီအဲရာကိုနှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့ပါ တယ်။အသက်၂၂နှစ်ရှိဗီအဲရာဟာအာဆင်နယ်တွင်ကျောနံပါတ်၂၁ကိုဝတ်ဆင်ကစားသွားပါမယ်။ အာဆင်နယ်နည်းပြအာတီတာက “စပါယ်ရှယ်ပါရမီရှင်တစ်ဦးကိုရှာဖွေခေါ်ယူလိုက်နိုင်လို့အရမ်း စိတ်လှုပ်ရှားမိတယ်။ဖေဘီယိုဖန်တီးကောင်းတဲ့သူဖြစ်လို့ထိပ်တန်းအရည်အသွေးယူဆောင်လာ မှာဖြစ်သလိုတိုက်စစ်မှာလည်းစွယ်စုံသုံးနိုင်ပါမယ်”လို့ပြောကြားသွားပါတယ်။ဖေဘီယိုဗီအဲရာ ဟာပေါ်တူဂီလက်ရွေးစင်အသင်းအတွက်တစ်ပွဲမျှမကစားရသေးပါဘူး။ဒါပေမဲ့သူဟာပြီးခဲ့တဲ့ နှစ်ယူရိုယူ-၂၁ပြိုင်ပွဲတွင်အကောင်းဆုံးကစားသမားဆုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။သူဟာပြီးခဲ့ တဲ့ရာသီတုန်းကပေါ်တိုအတွက်လိဂ်ပွဲ၂၇ပွဲကစားခဲ့ရာမှာ၆ဂိုးသွင်းခဲ့သလို၁၄ကြိမ်ဖန်တီးပြီးဖန် တီးမှုအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ဖေဘီယိုက “ကျွန်တော်ကဂိုးသွင်းဖို့၊ ဖန်တီးနိုင်ဖို့နေရာလွတ်ရှာဖွေတဲ့တိုက်စစ်သမားတစ်ဦးပါ။ပရိသတ်အနေနဲ့ကျွန်တော့်ဆီကဒါ တွေကိုမျှော်လင့်နိုင်ပါမယ်”လို့ပြောကြားသွားပါတယ်။ အာဆင္နယ္ဟာေပၚတိုမွအလယ္တန္းကစားသမားေဖဘီယိုဗီအဲရာကိုယူ႐ိုသန္း၄၀(ေပါင္၃၄.၂သန္း) ျဖင့္ေခၚယူေရးကိုအၿပီးသတ္လုပ္ေဆာင္လိုက္ၿပီျဖစ္ပါတယ္။ေပၚတိုရဲ႕ထုတ္ျပန္ေၾကညာခ်က္အရ အာဆင္နယ္ဟာဗီအဲရာအတြက္ယူ႐ို၃၅သန္း(ေပါင္၂၉.၉သန္း)ကိုကနဦးေပးရမွာျဖစ္ၿပီးက်န္ေငြမ်ား ကိုေအာင္ျမင္မႈအေပၚမူတည္ေပးရပါမယ္။အာဆင္နယ္ဟာဗီအဲရာကိုႏွစ္ရွည္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ပါ တယ္။အသက္၂၂ႏွစ္ရွိဗီအဲရာဟာအာဆင္နယ္တြင္ေက်ာနံပါတ္၂၁ကိုဝတ္ဆင္ကစားသြားပါမယ္။ အာဆင္နယ္နည္းျပအာတီတာက “စပါယ္ရွယ္ပါရမီရွင္တစ္ဦးကိုရွာေဖြေခၚယူလိုက္ႏိုင္လို႔အရမ္း စိတ္လႈပ္ရွားမိတယ္။ေဖဘီယိုဖန္တီးေကာင္းတဲ့သူျဖစ္လို႔ထိပ္တန္းအရည္အေသြးယူေဆာင္လာ မွာျဖစ္သလိုတိုက္စစ္မွာလည္းစြယ္စုံသုံးႏိုင္ပါမယ္”လို႔ေျပာၾကားသြားပါတယ္။ေဖဘီယိုဗီအဲရာ […]