အက်စတွန်ဗီလာကမာဆေးစတားဘူဘာကာကာမာရာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူလိုက် ကြောင်းကြေညာလာပါတယ်။အလယ်တန်းတွင်နေရာစုံကစားနိုင်တဲ့ကာမာရာဟာစတီဗင်ဂျရတ်ရဲ့ အသင်းနှင့်ငါးနှစ်စာချုပ်ချုပ်ဆိုလိုက်တာပါ။အက်စတွန်ဗီလာဟာကာမာရာကိုပရီးမီးယားလိဂ်ကလပ် လေးခုနှင့်အပြိုင်ကြိုးပမ်းပြီးမှခေါ်ယူလိုက်နိုင်တာလည်းဖြစ်ပါတယ်။အသက်၂၂နှစ်ရှိကာမာရာဟာဗ ဟိုခံစစ်မှူးအဖြစ်သာမကအလယ်တန်းကစားသမားတစ်ဦးအဖြစ်လည်းကစားနိုင်စွမ်းရှိသူဖြစ်ပါတယ်။ သူဟာအသက်ငယ်ရွယ်သေးပေမဲ့လည်းမာဆေးအတွက်ပွဲပေါင်း၁၇၀အထိကစားပေးထားကာမာ ဆေးကိုချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။အက်စတွန်ဗီလာ ဟာဘာစီလိုနာမှအငှားဖြင့်လာရောက်ကစားနေတဲ့ကော်တင်ဟိုကိုအပြီးသတ်ခေါ်ယူလိုက်ပြီးနောက် ကာမာရာကိုထပ်မံခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။ပြင်သစ်ယူ-၂၁လက်ရွေးစင်ကာမာရာဟာယူ နိုက်တက်၊အာဆင်နယ်၊နယူးကာဆယ်၊ဝက်စ်ဟမ်းတို့ရဲ့ဆက်သွယ်မှုများရရှိခဲ့သူလည်းဖြစ်ပါတယ်။ အက္စတြန္ဗီလာကမာေဆးစတားဘူဘာကာကာမာရာကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူလိုက္ ေၾကာင္းေၾကညာလာပါတယ္။အလယ္တန္းတြင္ေနရာစုံကစားႏိုင္တဲ့ကာမာရာဟာစတီဗင္ဂ်ရတ္ရဲ႕ အသင္းႏွင့္ငါးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တာပါ။အက္စတြန္ဗီလာဟာကာမာရာကိုပရီးမီးယားလိဂ္ကလပ္ ေလးခုႏွင့္အၿပိဳင္ႀကိဳးပမ္းၿပီးမွေခၚယူလိုက္ႏိုင္တာလည္းျဖစ္ပါတယ္။အသက္၂၂ႏွစ္ရွိကာမာရာဟာဗ ဟိုခံစစ္မႉးအျဖစ္သာမကအလယ္တန္းကစားသမားတစ္ဦးအျဖစ္လည္းကစားႏိုင္စြမ္းရွိသူျဖစ္ပါတယ္။ သူဟာအသက္ငယ္႐ြယ္ေသးေပမဲ့လည္းမာေဆးအတြက္ပြဲေပါင္း၁၇၀အထိကစားေပးထားကာမာ ေဆးကိုခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိေအာင္အဓိကေနရာမွကူညီခဲ့သူလည္းျဖစ္ပါတယ္။အက္စတြန္ဗီလာ ဟာဘာစီလိုနာမွအငွားျဖင့္လာေရာက္ကစားေနတဲ့ေကာ္တင္ဟိုကိုအၿပီးသတ္ေခၚယူလိုက္ၿပီးေနာက္ ကာမာရာကိုထပ္မံေခၚယူလိုက္တာလည္းျဖစ္ပါတယ္။ျပင္သစ္ယူ-၂၁လက္ေ႐ြးစင္ကာမာရာဟာယူ ႏိုက္တက္၊အာဆင္နယ္၊နယူးကာဆယ္၊ဝက္စ္ဟမ္းတို႔ရဲ႕ဆက္သြယ္မႈမ်ားရရွိခဲ့သူလည္းျဖစ္ပါတယ္။