သိန်းဆုကြီးပိုင်ဆိုင်ခဲ့တဲ့အပြင် အပိုဆုပါရဖို့ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်
August 29, 2021 Kaung Thant 0
မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုကို မကြာသေးခင်က ခေါ်ယူနိုင်ခဲ့ပြီဖြစ်သလို အပိုဆုအနေနဲ့ ဂျူဗင်တပ်လူငယ်အသင်းမှာခြေစွမ်းပြနေတဲ့ စီရော်နယ်လ်ဒိုရဲ့သားဖြစ်သူ ခရစ္စတီယာနိုဂျူနီယာကိုလည်း ပိုင်ဆိုင်ခွင့်ရဖို့ရှိနေပါပြီ။ အသက်(၁၁)နှစ်သာရှိသေးတဲ့ ခရစ္စတီယာနိုဂျူနီယာဟာ ဂျူဗင်တပ်လူငယ်အသင်းမှာကစားနေတာဖြစ်ပြီး ယူ-၉အသင်းအတွက် (၂၃)ပွဲကစား၊ (၅၈)ဂိုးအထိသွင်းယူခဲ့သလို ဂိုးဖန်တီးမှု(၁၇)ကြိမ်ပြုလုပ်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ မန်ချက်စတာမှာခြေချတော့မှာဖြစ်လို့ သားဖြစ်သူကိုလည်း မန်ချက်စတာကို တစ်ပါတည်းခေါ်လာဖို့ရှိနေပြီး ယူနိုက်တက်အသင်းဟာ သူတို့လူငယ်အကယ်ဒမီအတွက် ခရစ္စတီယာနိုဂျူနီယာကို ခေါ်ယူစာချုပ်မယ့်အနေအထားပါပဲ။ […]
Idol နဲ့ ကစားခွင့်ရဖို့ တိတ်တခိုးမျှော်လင့်နေတဲ့ လင်ဂတ်
August 29, 2021 Kaung Thant 0
ရော်နယ်ဒိုတစ်ယောက် ယူနိုက်တက်အသင်းထံ တကျော့ပြန်လည်ရောက်ရှိလာတဲ့ အတွက် ပျော်ရွှင်နေကြတဲ့သူတွေထဲမှာ လင်ဂတ်တစ်ဦးလည်းအပါအဝင်ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ လင်ဂတ်ရဲ့ Idol ကစားသမားတစ်ယောက်ဖြစ်ခဲ့ဖူးပြီး ဒိုလေးအနေနဲ့ ယူနိုက်တက် စီနီယာ ကစားသမားအဖြစ် အသင်းမှာ ရှိခဲ့စဉ်ကလင်ဂတ်ဟာ ယူနိုက်တက် အကယ်ဒမီမှာ လူငယ် ကစားသမားအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။ လင်ဂတ်ရဲ့ ယူနိုက်တက် အကယ်ဒမီကစားသမားဘဝမှာ ရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုက […]
စီရော်နယ်လ်ဒိုမရှိတော့တဲ့ ဂျူဗင်တပ်စ်အသင်း စီးရီးအေမှာ (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံး
August 29, 2021 Kaung Thant 0
စီးရီအေးထိပ်သီးဂျူဗင်တပ်စ်အသင်းဟာ မနေ့က တန်းတက်အမ်ပိုလီအသင်းနဲ့ကစားခဲ့တဲ့ စီးရီးအေပွဲမှာ မထင်မှတ်ဘဲ (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် တစ်ကျော့ပြန်နည်းပြကြီးအယ်လီဂရီအတွက် မျက်နှာပန်းမလှဖြစ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ရာသီက စီးရီးအေချန်ပီယံဆုနဲ့လွဲချော်ခဲ့လို့ ဒီရာသီမှာ ချန်ပီယံဖြစ်ဖို့ပစ်မှတ်ထားနေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ရာသီအဖွင့်ပွဲမှာ အူဒီးနီးစ်ကို (၂)ဂိုးပြတ်နိုင်နေရာကနေ ဂိုးတွေပြန်ပေးလိုက်ရတဲ့အတွက် သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရပြီး အခု အိမ်ကွင်းပွဲမှာတော့ ဒီရာသီမှာတန်းတက်လာတဲ့ အမ်ပိုလီအသင်းကို အနိုင်မကစားနိုင်ဘဲ ပထမပိုင်း(၂၁)မိနစ်မှာ မန်ကူဆိုရဲ့တစ်လုံးတည်းသောဂိုးကြောင့် […]
⚽ ဂိုးမင်းသားရဲ့ EPL တနင်္ဂနွေ စျေးကွက် သုံးသပ်ချက်
August 29, 2021 Kaung Thant 0
စနေညက ကျွန်တော့်ရဲ့ စျေးကွက် ခန့်မှန်းသုံးသပ်ချက်အရ အခြေအနေ ကောင်းခဲ့ကြမယ် ထင်ပါတယ်။ တနင်္ဂနွေည 3ပွဲအတွက် ညနေပိုင်းစျေးကွက် အနေအထားအရ သုံးသပ်ပေးသွားဖို့ရှိပါတယ်။ ဘန်လေ – လိဒ် လိဒ်ရဲ့ ကစားပုံက မနှစ်ကအတိုင်း ရှိနေဆဲပါ။ ခံစစ်ပိုင်းဂရုမစိုက်တဲ့ လိဒ်က 2ပွဲမှာ 7ဂိုးပေးထားရတာတော့ သတိထားရမယ်။ ဘန်လေကလည်း […]
ရော်နယ်ဒို မရှိတာနဲ့ အိမ်ကွင်းမှာ ဂျူဗင်တပ်စ်ရှုံးပွဲကြုံပြီ
August 29, 2021 Kaung Thant 0
ရော်နယ်ဒိုကို အသင်းကနေ ပြန်လည်ရောင်းထုတ်လိုက်တဲ့ ဂျူဗင်တပ်စ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ အမ်ပိုလီနဲ့ပွဲမှာတော့အိမ်ကွင်းမှာပဲအရေးနိမ့်သွားခဲ့ပါတယ်။ ရော်နယ်ဒိုကို ယူနိုက်တက်ဆီရောင်းချဖို့ သဘောတူအပြီး ပထမဆုံးကစားတဲ့ပွဲမှာပဲ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အယ်လီဂရီဟာ တိုက်စစ်ပိုင်းမှာ မက်ခ်နီး၊ ဒီဘာလာနဲ့ ချီယေဆာတို့ကို ပွဲထုတ်ခဲ့ပြီး ဘန်တန်ကာ၊ ဒန်နီလို၊ ရာဘီယော့တို့က ကွင်းလယ်မှာ နေရာယူခဲ့ပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်းမှာ […]
ပရိတ်သတ်တွေအတွက် ခဲလေသမျှ သဲရေကျ အဖြစ်နဲ့ ကြုံ ရတော့ မယ့် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ ယူနိုက်တက်နဲ့ ပထဦးဆုံးပွဲ
August 29, 2021 Kaung Thant 0
ခရစ္စတီယာနိုရော်နယ်ဒိုဟာနယူးကာဆယ်နှင့်ပွဲစဉ်မှာမန်ယူအတွက်ဒုတိယမြောက်ပွဲဦးထွက်ကစားသွားပါမယ် ဒါပေမယ့်ယင်းပွဲစဉ်ကိုရုပ်သံကနေထုတ်လွှင့်ပြသသွားမှာမဟုတ်ပါဘူး ၂၀၀၉ခုနှစ်တုန်းကအိုးထရက်ဖို့ဒ်ကိုစွန့်ခွာကာရီးရဲလ်မက်ဒရစ်သို့ပြောင်းသွားခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်စီးတီးသို့ပြောင်းလုနီးပါးအနေအထားသို့ရောက်ပြီးမှ၂၄နာရီအတွင်းစိတ်ပြောင်းလဲကာမန်ယူသို့တကျော့ပြန်ပြန်ပြောင်းလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာဝုဗ်နှင့်ပွဲမှာပါဝင်နိုင်ဦးမှာမဟုတ်ပါဘူး သူဟာစက်တင်ဘာလ၁၁ရက်နေ့နိုင်ငံတကာပွဲများအပြီးမှာနယူးကာဆယ်ကိုဧည့်ခံကစားရမယ့်ပွဲမှာပါဝင်လာပါမယ် ဒါပေမယ့်ကံဆိုးတာကတော့ယင်းပွဲကိုအိုးထရက်ဖို့ဒ်သို့သွားရောက်မကြည့်နိုင်တဲ့ပရိသတ်များအနေဖြင့်ယင်းပွဲကိုကြည့်ခွင့်ရမှာမဟုတ်ပါဘူး ယင်းပွဲကို BT Sport သို့မဟုတ် Sky Sports ကနေ ထုတ်လွှင့်ပြသသွားမှာမဟုတ်ပါဘူး ပဲလေ့စ်နှင့်စပါးစ်တို့နေ့လည်ပိုင်းပွဲကစားမှု၊ချဲလ်ဆီးနှင့်ဗီလာတို့ပွဲရှိနေမှုနဲ့အတူမန်ယူနှင့်နယူးကာဆယ်ပွဲကိုရုပ်သံကနေထုတ်လွှင့်သွားမှာမဟုတ်ပါဘူး။ မန်ယူပွဲကိုဒေသစံတော်ချိန်ညနေ၃နာရီမှာကစားမှာဖြစ်ပြီးပရိသတ်များအနေဖြင့် ပွဲပြီးချိန်တွင်မှရော်နယ်ဒိုရဲ့ကစားဟန်များကို ပြန်ကြည့်နိုင်ပါမယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာပထမအကျော့မန်ယူအတွက်ကစားစဉ်တုန်းကနယူးကာဆယ်နှင့်၁၀ကြိမ်ရင်ဆိုင်ခဲ့ဖူးရာမှာ၉ပွဲနိုင်၊၁ပွဲသရေကျပြီးရှုံးနိမ့်ဖူးခြင်းမရှိပါဘူး။ သူဟာလက်ရှိမန်ယူနည်းပြဆိုးလ်ရှားနှင့်အတူ၂၀၀၃ခုနှစ်မှ၂၀၀၇ခုနှစ်အထိမန်ယူတွင်တွဲကစားခဲ့ဖူးပါတယ်။ တကျော့ပြန်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပထမဆုံးမန်ယူပွဲကို မည်သည့်ရုပ်သံလိုင်းကမှထုတ်လွှင့်မည်မဟုတ် ခရစ္စတီယာနိုရော်နယ်ဒိုဟာနယူးကာဆယ်နှင့်ပွဲစဉ်မှာမန်ယူအတွက်ဒုတိယမြောက်ပွဲဦးထွက်ကစားသွားပါမယ် ဒါပေမယ့်ယင်းပွဲစဉ်ကိုရုပ်သံကနေထုတ်လွှင့်ပြသသွားမှာမဟုတ်ပါဘူး ၂၀၀၉ခုနှစ်တုန်းကအိုးထရက်ဖို့ဒ်ကိုစွန့်ခွာကာရီးရဲလ်မက်ဒရစ်သို့ပြောင်းသွားခဲ့တဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်စီးတီးသို့ပြောင်းလုနီးပါးအနေအထားသို့ရောက်ပြီးမှ၂၄နာရီအတွင်းစိတ်ပြောင်းလဲကာမန်ယူသို့တကျော့ပြန်ပြန်ပြောင်းလာခဲ့ပါတယ်။ […]
ရော်နာလ်ဒိုရောက်လာပြီးနောက် ယူနိုက်တက် အသင်းနဲ့ လမ်းခွဲချိန်တန်ခဲ့ပြီဖြစ်တဲ့ သရဲနီ Running Man
August 29, 2021 Kaung Thant 0
ယူနိုက်တက်ဟာ အသင်းထံ ကစားသမားဟောင်း ရော်နာလ်ဒို တကျော့ပြန်လည်ရောက်ရှိလာမှုကြောင့် ပွဲထွက်ခွင့် မရေရာတော့တဲ့ ဒန်နီယယ်ဂျိမ်းစ်ကို အသင်းမှ ထွက်ခွာခွင့်ပေးသွားတော့မယ်လို့ သိရပါတယ်။ ဒန်နီယယ်ဂျိမ်းစ်ဟာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြောင့် ယူနိုက်တက်ကနေ ထွက်ခွာမယ့် ကစားသမားအဖြစ် အစောပိုင်းကတည်းက သတင်းမွှေးနေတာပါ။ ဒါပေမယ့် ကစားသမား ကိုယ်တိုင်က ယူနိုက်တက်မှာ ပွဲထွက်ခွင့် […]
တကမ္ဘာလုံးက ပရိတ်သတ်တွေ မယုံနိုင်အောင် ဖြစ်ခဲ့ရတဲ့ မန်စီးတီးနဲ့ပွဲက အာဆင်နယ်ပရိတ်သတ်တွေရဲ့ အပြုအမှုတစ်ခု
August 29, 2021 Kaung Thant 0
ယူနိုက်တက်ကို (၈-၂)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲ (၁၀)နှစ်မြောက်နေ့မှာပဲ မန်စီးတီးကို ဂိုးပြတ်ရှုံးခဲ့တဲ့ အာဆင်နယ်
August 29, 2021 Kaung Thant 0
  အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၃)အဖြစ် အစ်တီဟတ်ကွင်းမှာ မန်စီးတီးနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး (၅-၀)ဂိုးပြတ်နဲ့ အရှက်တကွဲရှုံးနိမ့်ခဲ့သလို ထူးခြားတာက လွန်ခဲ့တဲ့(၁၀)နှစ်၊ ၂၀၁၁-၁၂ ရာသီတုန်းက မန်ချက်စတာယူနိုက်တက်ကို အိုးလ်ထရက်ဖို့ဒ်မှာ (၈-၂)ဂိုးရလဒ်နဲ့ရှုံးနိမ့်ခဲ့တဲ့ (၁၀)နှစ်မြောက်နှစ်ပတ်လည်နေ့မှာပဲ မန်ချက်စတာမြို့ခံအသင်းကို အဝေးကွင်းဂိုးပြတ်ထပ်ရှုံးခဲ့တာပဲဖြစ်ပါတယ်။ မန်စီးတီးအသင်းအတွက် ဂိုးတွေကို ဖာရန်တောရက်စ်(၂ဂိုး)၊ ဂျေးဆု၊ ဂွန်ဒိုဂမ်နဲ့ ရိုဒရီတို့က သွင်းယူခဲ့ပြီး အာဆင်နယ်အသင်းဟာ […]
ရော်နယ်ဒိုအပြောင်းအရွှေ့ကြေညာပြီး ၂ နာရီအတွင်းတွင် မယုံကြည်နိုင်လောက်အောင် အွန်လိုင်းပရိသတ် သန်းချီ မြင့်တက်သွားခဲ့တဲ့ မန်ယူ
August 28, 2021 Kaung Thant 0
မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူလိုက်ပြီဖြစ်ကြောင်းကြေညာပြီး၂နာရီအတွင်းတွင်ဆိုရှယ်မီဒီယာတွင်ပရိသတ်များမြင့်မားစွာရရှိလာခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာအစောပိုင်းတုန်းကမန်ယူရဲ့မြို့ခံပြိုင်ဘက်မန်စီးတီးသို့ပြောင်းမယ်လို့သတင်းထွက်ခဲ့တာဖြစ်ပါတယ် ဒါပေမယ့်မန်ယူဟာအသက်၃၆နှစ်ရှိကစားသမားအားကြားဖြတ်လုယူလိုက်နိုင်ပါတယ် မန်ယူဟာခရစ္စတီယာနိုရော်နယ်အတွက်ဂျူဗင်တပ်ကိုပြောင်းရွှေ့ကြေးပေါင်၁၉.၄သန်းပေးရပါမယ်။ မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူလိုက်ပြီးနောက်တစ်ကမ္ဘာလုံးရဲ့အာရုံစိုက်ခြင်းခံလာရပါတယ် အထူးသဖြင့်မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအပြောင်းအရွှေ့အားကြေညာလိုက်ပြီးတဲ့နောက် Instagram တွင်ပရိသတ်များစွာမြင့်မားလာခဲ့ပါတယ် မန်ယူဟာခရစ္စတီယာနိုရော်နယ််ဒိုမကြေညာခင်တုန်းက Followers ၄၃.၁သန်းသာရှိခဲ့တာဖြစ်ပြီးရော်နယ်ဒိုအပြောင်းအရွှေ့ကိုကြေညာပြီး၂နာရီကျော်ကာလအတွင်းတွင် ၄၄.၃သန်းအထိမြင့်တက်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာဘောလုံးလောကရဲ့နာမည်အကြီးဆုံးကစားသမားထဲမှတစ်ဦးဖြစ်တာနဲ့အညီမန်ယူဟာလည်း Instagram တွင် Followers များစွာမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူလိုက်မှုကြောင့်အင်္ကျီရောင်းချမှုမှဝင်ငွေ၊ကြော်ငြာရှင်များကိုဆွဲဆောင်နိုင်မှုပိုင်းများစွာမြင့်မားလာဦးမှာလည်းဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူနှင့်ပေါင်သန်း၅၀တန်၂နှစ်စာချုပ်ချုပ်ဆိုသွားပါမယ် သူဟာလာမယ့်စက်တင်ဘာလ၁၁ရက်နေ့မှာနယူးကာဆယ်နှင့်ကစားမယ့်ပွဲမှာမန်ယူအတွက်ပထမဆုံးပွဲကိုပါဝင်ကစားလာဖို့ရှိနေပါတယ် ရော်နယ်ဒိုအပြောင်းအရွှေ့ကြေညာပြီး ၂ နာရီအတွင်းတွင် အွန်လိုင်းပရိသတ် တစ်သန်းကျော်မြင့်တက်သွားခဲ့တဲ့ […]