Ballon d’Or ဆုအတွက် မက်ဆီ၊ စီရော်နယ်လ်ဒို၊ ဂျော်ဂျင်ဟို၊ ဘန်ဇီမာနဲ့ လီဝန်ဒေါစကီးတို့သာ အပြိုင်ဖြစ်ဖို့ရှိ

ပြင်သစ်နာမည်ကျော်သတင်းစာ L’Equipe က ဒီနှစ် Ballon d’Or ဆုအတွက် ထိပ်သီးကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်လ်ဒို၊ ဂျော်ဂျင်ဟို၊ ဘန်ဇီမာနဲ့ လီဝန်ဒေါစကီးတို့သာ အပြိုင်လုရဖို့ရှိနေပြီး PSG အသင်းရဲ့ ဘရာဇီးလ်နာမည်ကျော်နေမာကတော့ ဆုရနိုင်လောက်တဲ့မဲအရေအတွက်ရဖို့ ခက်တယ်လို့ ခန့်မှန်းသုံးသပ်လိုက်ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက် ဂုဏ်သိက္ခာမြင့်မားတဲ့ဆုတွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ Ballon d’Or ဆုဟာ ပြီးခဲ့တဲ့နှစ်က ကိုဗစ်ရောဂါဆိုးကြောင့် ဆုပေးပွဲမကျင်းပဖြစ်ခဲ့ဘဲ ဒီနှစ်မှာတော့ လာမယ့်နိုဝင်ဘာ(၂၉)ရက်ကျရင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့က Theatre du Chatelet မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဆုပေးပွဲကို ပါရီမြို့မှာကျင်းပမှာဖြစ်ပေမယ့် ပြင်သစ်ထိပ်သီးကလပ် PSG အသင်းက,ကစားသမားတွေတစ်ယောက်မှ ဒီဆုကို ဆွတ်ခူးနိုင်မှာမဟုတ်လောက်ဘူးလို့ L’Equipe က သုံးသပ်ခဲ့တာဖြစ်ပြီး Ballon d’Or ဆုကို စုစုပေါင်း(၆)ကြိမ်နဲ့ အကြိမ်အများဆုံးရရှိခဲ့သူအဖြစ်ရပ်တည်နေတဲ့ မက်ဆီ၊ (၅)ကြိမ်အထိရယူနိုင်ခဲ့တဲ့ စီရော်နယ်လ်ဒို၊ ပြီးခဲ့တဲ့ရာသီက ကလပ်နဲ့နိုင်ငံအသင်းအတွက်ခြေစွမ်းပြခဲ့တဲ့ ဂျော်ဂျင်ဟို၊ ရီးယဲလ်အသင်းအတွက် ဂိုးတွေဆက်တိုက်သွင်းယူခဲ့သူ ဘန်ဇီမာ၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ သွင်းဂိုးစံချိန်တွေပိုင်ဆိုင်ခဲ့တဲ့ လီဝန်ဒေါစကီးတို့သာ အပြိုင်ဖြစ်မယ်လို့ဆိုခဲ့တာပါ။

မန်စီးတီးကစားသမားတွေဖြစ်တဲ့ ရူဘင်ဒီယက်စ်၊ ဒီဘရိုင်းနား၊ စတာလင်၊ စပါးအသင်းရဲ့အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟယ်ရီကိန်းတို့ကတော့ ဆုရလောက်တဲ့အထိ အနေအထားမရှိပေမယ့် အဆင့်တစ်ခုမှာရပ်တည်နိုင်ဖို့ရှိတယ်လို့ L’Equipe က ဆိုပါတယ်။ အခုလောလောဆယ် ပရိသတ်တွေကြားမှာ Ballon d’Or ဆုရဖို့ရေပန်းစားနေတာက မက်ဆီနဲ့ဂျော်ဂျင်ဟိုတို့ဖြစ်ပြီး မက်ဆီဟာ အခုနှစ်အတွင်း အာဂျင်တီးနားအသင်းအတွက် ပထမဆုံးအဓိကဆုဖလားအဖြစ် ကိုပါအမေရိကဖလားရယူခဲ့သလို ဂျော်ဂျင်ဟိုကလည်း ချယ်လ်ဆီးအသင်းနဲ့ချန်ပီယံလိဂ်ဖလား၊ အီတလီအသင်းနဲ့အတူ ယူရိုချန်ပီယံဆုဖလားတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။ L’Equipe သတင်းစာကတော့ ဆန်ခါတင်(၃)ဦးစာရင်းမှာ ပါဝင်နိုင်ဖို့ရှိနေသူတွေကိုလည်း တစ်ပါတည်းခန့်မှန်းခဲ့ပြီး မက်ဆီ၊ ဘန်ဇီမာနဲ့ လီဝန်ဒေါစကီးတို့ကို ရွေးချယ်ခဲ့ပါတယ်။ ဘန်ဇီမာဟာ စီရော်နယ်လ်ဒိုမရှိတော့တဲ့နောက်ပိုင်း ရီးယဲလ်အသင်းတိုက်စစ်ကို အဓိကဦးဆောင်ပေးနေသူဖြစ်ပြီး မကြာသေးခင်ကလည်း ပြင်သစ်အသင်းနဲ့အတူ UEFA Nations League ချန်ပီယံဆုရရှိခဲ့သူပါ။ လီဝန်ဒေါစကီးက ပြီးခဲ့တဲ့နှစ်အတွင်း ချန်ပီယံလိဂ်၊ ဘွန်ဒစ်လီဂါ၊ ဂျာမန်ဖလားအပါအဝင် ဖလား(၆)ခုအထိရယူခဲ့တာကြောင့် ၂၀၂၀ Ballon d’Or ဆု သေချာပေါက်ရမယ့်သူအဖြစ် သတ်မှတ်ခံခဲ့ရပေမယ့် ကံဆိုးစွာနဲ့ပဲ ဆုပေးပွဲမလုပ်ဖြစ်လို့ လွဲချော်ခဲ့ပြီး ၂၀၂၀-၂၁ ရာသီမှာလည်း ဂတ်မူလာရဲ့တစ်ရာသီအတွင်းလိဂ်သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်ပြီးတော့ (၄၁)ဂိုးနဲ့စံချိန်တင်ခဲ့သလို ပထမဆုံးအကြိမ် ဥရောပလိဂ်သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုဆွတ်ခူးခဲ့တဲ့အပြင် ပထမဆုံး Ballon d’Or ဆုကိုပါ ဆက်လက်ဆွတ်ခူးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

zawgyi

Ballon d’Or ဆုအတြက္ မက္ဆီ၊ စီေရာ္နယ္လ္ဒို၊ ေဂ်ာ္ဂ်င္ဟို၊ ဘန္ဇီမာနဲ႔ လီဝန္ေဒါစကီးတို႔သာ အၿပိဳင္ျဖစ္ဖို႔ရွိ

ျပင္သစ္နာမည္ေက်ာ္သတင္းစာ L’Equipe က ဒီႏွစ္ Ballon d’Or ဆုအတြက္ ထိပ္သီးကစားသမားေတြျဖစ္တဲ့ မက္ဆီ၊ စီေရာ္နယ္လ္ဒို၊ ေဂ်ာ္ဂ်င္ဟို၊ ဘန္ဇီမာနဲ႔ လီဝန္ေဒါစကီးတို႔သာ အၿပိဳင္လုရဖို႔ရွိေနၿပီး PSG အသင္းရဲ႕ ဘရာဇီးလ္နာမည္ေက်ာ္ေနမာကေတာ့ ဆုရႏိုင္ေလာက္တဲ့မဲအေရအတြက္ရဖို႔ ခက္တယ္လို႔ ခန႔္မွန္းသုံးသပ္လိုက္ပါတယ္။ ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ဂုဏ္သိကၡာျမင့္မားတဲ့ဆုေတြထဲမွာတစ္ခုအပါအဝင္ျဖစ္တဲ့ Ballon d’Or ဆုဟာ ၿပီးခဲ့တဲ့ႏွစ္က ကိုဗစ္ေရာဂါဆိုးေၾကာင့္ ဆုေပးပြဲမက်င္းပျဖစ္ခဲ့ဘဲ ဒီႏွစ္မွာေတာ့ လာမယ့္ႏိုဝင္ဘာ(၂၉)ရက္က်ရင္ ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕က Theatre du Chatelet မွာ က်င္းပသြားမွာျဖစ္ပါတယ္။ ဆုေပးပြဲကို ပါရီၿမိဳ႕မွာက်င္းပမွာျဖစ္ေပမယ့္ ျပင္သစ္ထိပ္သီးကလပ္ PSG အသင္းက,ကစားသမားေတြတစ္ေယာက္မွ ဒီဆုကို ဆြတ္ခူးႏိုင္မွာမဟုတ္ေလာက္ဘူးလို႔ L’Equipe က သုံးသပ္ခဲ့တာျဖစ္ၿပီး Ballon d’Or ဆုကို စုစုေပါင္း(၆)ႀကိမ္နဲ႔ အႀကိမ္အမ်ားဆုံးရရွိခဲ့သူအျဖစ္ရပ္တည္ေနတဲ့ မက္ဆီ၊ (၅)ႀကိမ္အထိရယူႏိုင္ခဲ့တဲ့ စီေရာ္နယ္လ္ဒို၊ ၿပီးခဲ့တဲ့ရာသီက ကလပ္နဲ႔ႏိုင္ငံအသင္းအတြက္ေျခစြမ္းျပခဲ့တဲ့ ေဂ်ာ္ဂ်င္ဟို၊ ရီးယဲလ္အသင္းအတြက္ ဂိုးေတြဆက္တိုက္သြင္းယူခဲ့သူ ဘန္ဇီမာ၊ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ သြင္းဂိုးစံခ်ိန္ေတြပိုင္ဆိုင္ခဲ့တဲ့ လီဝန္ေဒါစကီးတို႔သာ အၿပိဳင္ျဖစ္မယ္လို႔ဆိုခဲ့တာပါ။

မန္စီးတီးကစားသမားေတြျဖစ္တဲ့ ႐ူဘင္ဒီယက္စ္၊ ဒီဘ႐ိုင္းနား၊ စတာလင္၊ စပါးအသင္းရဲ႕အဂၤလန္လက္ေ႐ြးစင္တိုက္စစ္မႉးဟယ္ရီကိန္းတို႔ကေတာ့ ဆုရေလာက္တဲ့အထိ အေနအထားမရွိေပမယ့္ အဆင့္တစ္ခုမွာရပ္တည္ႏိုင္ဖို႔ရွိတယ္လို႔ L’Equipe က ဆိုပါတယ္။ အခုေလာေလာဆယ္ ပရိသတ္ေတြၾကားမွာ Ballon d’Or ဆုရဖို႔ေရပန္းစားေနတာက မက္ဆီနဲ႔ေဂ်ာ္ဂ်င္ဟိုတို႔ျဖစ္ၿပီး မက္ဆီဟာ အခုႏွစ္အတြင္း အာဂ်င္တီးနားအသင္းအတြက္ ပထမဆုံးအဓိကဆုဖလားအျဖစ္ ကိုပါအေမရိကဖလားရယူခဲ့သလို ေဂ်ာ္ဂ်င္ဟိုကလည္း ခ်ယ္လ္ဆီးအသင္းနဲ႔ခ်န္ပီယံလိဂ္ဖလား၊ အီတလီအသင္းနဲ႔အတူ ယူ႐ိုခ်န္ပီယံဆုဖလားေတြရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ L’Equipe သတင္းစာကေတာ့ ဆန္ခါတင္(၃)ဦးစာရင္းမွာ ပါဝင္ႏိုင္ဖို႔ရွိေနသူေတြကိုလည္း တစ္ပါတည္းခန႔္မွန္းခဲ့ၿပီး မက္ဆီ၊ ဘန္ဇီမာနဲ႔ လီဝန္ေဒါစကီးတို႔ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ ဘန္ဇီမာဟာ စီေရာ္နယ္လ္ဒိုမရွိေတာ့တဲ့ေနာက္ပိုင္း ရီးယဲလ္အသင္းတိုက္စစ္ကို အဓိကဦးေဆာင္ေပးေနသူျဖစ္ၿပီး မၾကာေသးခင္ကလည္း ျပင္သစ္အသင္းနဲ႔အတူ UEFA Nations League ခ်န္ပီယံဆုရရွိခဲ့သူပါ။ လီဝန္ေဒါစကီးက ၿပီးခဲ့တဲ့ႏွစ္အတြင္း ခ်န္ပီယံလိဂ္၊ ဘြန္ဒစ္လီဂါ၊ ဂ်ာမန္ဖလားအပါအဝင္ ဖလား(၆)ခုအထိရယူခဲ့တာေၾကာင့္ ၂၀၂၀ Ballon d’Or ဆု ေသခ်ာေပါက္ရမယ့္သူအျဖစ္ သတ္မွတ္ခံခဲ့ရေပမယ့္ ကံဆိုးစြာနဲ႔ပဲ ဆုေပးပြဲမလုပ္ျဖစ္လို႔ လြဲေခ်ာ္ခဲ့ၿပီး ၂၀၂၀-၂၁ ရာသီမွာလည္း ဂတ္မူလာရဲ႕တစ္ရာသီအတြင္းလိဂ္သြင္းဂိုးအမ်ားဆုံးစံခ်ိန္ကို ေက်ာ္ျဖတ္ၿပီးေတာ့ (၄၁)ဂိုးနဲ႔စံခ်ိန္တင္ခဲ့သလို ပထမဆုံးအႀကိမ္ ဥေရာပလိဂ္သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုဆြတ္ခူးခဲ့တဲ့အျပင္ ပထမဆုံး Ballon d’Or ဆုကိုပါ ဆက္လက္ဆြတ္ခူးႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။