အန်ဇီဟာ၂၀၁၁ခုနှစ်တုန်းကဆင်မြူရယ်အီတိုးကိုခေါ်ယူတုန်းကထိုစဉ်ကကမ္ဘာ့ အမြင့်မားဆုံးဘောလုံးသမားလုပ်ခပေးပြီးခေါ်ယူခဲ့တာပါ။ဒါပေမဲ့၁၁နှစ်ခန့်အ ကြာမှာတော့ယင်းကလပ်ကဖျက်သိမ်းရတော့မယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေ ရပြီဖြစ်ပါတယ်။ဆင်မြူရယ်အီတိုးဟာ၂၀၁၁ခုနှစ်တုန်းကအင်တာကနေအန်ဇီသို့ ပြောင်းခဲ့တာပါ။သူဟာအင်တာကိုချန်ပီယံလိဂ်ဖလားအပါအဝင်ဖလားသုံးလုံး ဆွတ်ခူးနိုင်အောင်အဓိကနေရာမှကူညီပြီးတဲ့နောက်တစ်နှစ်အကြာမှာဘဲအန်ဇီသို့ ပြောင်းခဲ့တာဖြစ်ပါတယ်။ရုရှားကလပ်ဟာဘီလျှံနာဆူလေမန်ကီမီမော့ဗ်ရဲ့လက် အောက်သို့ရောက်ပြီး၆လအကြာမှာဘဲအီတိုးကိုခေါ်ယူခဲ့တာပါ။ထိုစဉ်တုန်းကအီ တိုးဟာအခွန်ဆောင်ပြီးတစ်နှစ်လုပ်ခယူရိုသန်း၂၀အထိရရှိခဲ့ပါတယ်။ထိုစဉ်တုန်း ကရုရှားအဆင့်မြင့်တန်းသို့တက်ခါစအန်ဇီဟာနောက်ပိုင်းနှစ်တွေမှာရောဘတ်တို ကားလို့စ်၊ယူရီဇာကော့ဗ်၊ခရစ္စတိုဖာဆမ်ဘာ၊လူစီနာထရာအိုရီ၊လက်စ်ဆာနာဒိုင် ယာရာ၊ဝီလီယန်တို့ကိုလည်းခေါ်ယူခဲ့ပါတယ်။ဒါပေမဲ့၂၀၁၃ခုနှစ်နွေရာသီမှာတော့ အသင်းပိုင်ရှင်ကီမီမော့ဗ်ဟာအသင်းကိုထောက်ပံ့နေမှုကိုရပ်ဆိုင်းလိုက်ပါတယ်။ ယင်းနောက်မှာတော့ကလပ်ဟာစတားကစားသမားများကိုလက်လွှတ်လာရပါ တယ်။၎င်းတို့ဟာထိပ်တန်းကစားသမားများကိုလက်လွှတ်ရပြီးနောက်ရုရှားအ ဆင့်မြင့်တန်းမှာ၃ပွဲတည်းသာနိုင်ပြီးတန်းဆင်းခဲ့ရပါတယ်။ယင်းနောက်တ ဖြည်းဖြည်းနိမ့်ကျလာတဲ့အန်ဇီဟာတတိယတန်းမှာကျင်လည်လာရပါတယ်။ ယခုအခါမှာတော့၎င်းတို့ဟာလာမယ့်ရာသီအတွက်ငွေကြေးထောက်ပံ့မှုအလုံ အလောက်မရှိမှုနဲ့အတူလိုင်စင်ရရှိလာခြင်းမရှိတော့ပါဘူး။၎င်းတို့ဟာအသင်း ကိုပါဖျက်သိမ်းရတော့မယ့်အခြေအနေမျိုးမှာဆိုက်ရောက်နေပြီဖြစ်ပါတယ်။ အန်ဇီဟာအသင်းပိုင်ရှင်ရဲ့ကြီးမားတဲ့ထောက်ပံ့မှုရရှိစဉ်တုန်းကလည်းဇယား ထိပ်ဆုံးနှစ်သင်းနေရာမှာရပ်တည်နိုင်ခဲ့ခြင်းမရှိဘဲစီအက်စ်ကေအေမော်စကို၊ ဇင်းနစ်တို့ရဲ့အောက်မှာသာရပ်တည်နိုင်ခဲ့တာပါ။၎င်းတို့ဟာချန်ပီယံလိဂ်တစ် ကြိမ်မျှကစားခဲ့ရခြင်းမရှိသလိုယူရိုပါလိဂ်တွင်လည်း၁၆သင်းအဆင့်သို့သာ အမြင့်မားဆုံးတက်ရောက်ဖူးပါတယ်။အခုတော့ကမ္ဘာ့အချမ်းသာဆုံးကလပ် […]