
အာဆင်နယ်အသင်း နှစ်ပေါင်းများစွာကြုံတွေ့ခဲ့ရတဲ့ ကျိန်စာဆိုးကိုအဆုံးသတ်ရန် ဆန္ဒပြင်းပြနေတဲ့ အာတီတာ
မီခေးလ်အာတီတာဟာအာဆင်နယ်အသင်းနှစ်ပေါင်းများစွာကြုံတွေ့လာရတဲ့အသင်းခေါင်း ဆောင်ကျိန်စာဆိုးကိုအဆုံးသတ်ရန်ဆန္ဒပြင်းပြနေပါတယ်။အာဆင်နယ်နည်းပြအာတီတာဟာ လာမယ့်ဘောလုံးရာသီအတွက်အာဆင်နယ်အသင်းခေါင်းဆောင်သစ်ကိုမရွေးချယ်ရသေးပါဘူး။ အာဆင်နယ်အသင်းခေါင်းဆောင်သစ်ဖြစ်လာရန်ကွင်းလယ်ကစားသမားမာတင်အိုဒီဂတ်ကထိပ် ဆုံးမှရေပန်းစားနေပါတယ်။အာတီတာဟာယခင်အသင်းခေါင်းဆောင်များတုန်းကအငြင်းပွား ဖွယ်ရာပြဿနာများကြုံခဲ့ရမှုနဲ့အတူ ကလပ်ကိုဦးဆောင်မယ့်အသင်းခေါင်းဆောင်တစ်ဦးနှင့်စီ နီယာအုပ်စုတစ်ခုအလိုရှိနေတာလည်းဖြစ်ပါတယ်။အာတီတာက “အတွင်းပိုင်းမှာအများကြီး ဆွေးနွေးလာခဲ့တဲ့အရာတစ်ခုပေါ့ဗျာ။ဒါပေမဲ့အကူအညီမဖြစ်ခဲ့ဘူး။အရင်တုန်းကဒီအုပ်စုအတွင်း မှာဆက်တိုက်ခြေစွမ်းမပြနိုင်တာ၊အပြုအမူမကောင်းတာတွေဖြစ်ခဲ့တယ်။ဒါကကျွန်တော်တို့ပြေ လည်သွားစေချင်တဲ့အရာတွေပါ။ကျွန်တော်တို့ကရိုးရိုးတန်းတန်းလုပ်စရာရှိတာလုပ်ပြီးအသင်း ကိုဦးဆောင်နိုင်မယ့်သန်မာတဲ့ခေါင်းဆောင်မှုလိုချင်တယ်”လို့ပြောကြားသွားပါတယ်။အာတီတာ မတိုင်ခင်အူနိုင်းအမ်မရီဟာ၂၀၁၉ခုနှစ်တုန်းကအသင်းအတွင်းလျို့ဝှက်မဲပေးစနစ်ဖြင့်အသင်း ခေါင်းဆောင်ငါးဦးအထိခန့်အပ်ခဲ့ဖူးပါတယ်။၎င်းတို့အထဲတွင်အသင်းမှထွက်ခွာသွားခဲ့ကြပြီးဖြစ် တဲ့အိုဇေးလ်နှင့်အူဘာမီယန်တို့လည်းပါဝင်ပါတယ်။ဂရာနစ်ဇာခါမှာလည်းအာဆင်နယ်ပရိသတ် များနှင့်ပြဿနာတက်ပြီးနောက်အသင်းခေါင်းဆောင်လက်ပတ်ကိုလက်လွှတ်ခဲ့ရပါတယ်။အခြား အသင်းခေါင်းဆောင်နှစ်ဦးဖြစ်တဲ့လာကာဇက်တီမှာထွက်ခွာသွားခဲ့ပြီးဖြစ်သလိုဟက်တာဘယ် လီရန်မှာလည်းထွက်ခွာဖို့ရှိနေပါတယ်။ယင်းမတိုင်မီအာဆင်နယ်အသင်းခေါင်းဆောင်များဖြစ် ကြတဲ့လောရင်ကိုစီရယ်နီ၊ရော်ဘင်ဗန်ပါစီ၊ဆက်စ်ဖာဘရီဂက်စ်၊သီယာရီဟင်နရီတို့မှာလည်း အသင်းခေါင်းဆောင်အဖြစ်ခန့်အပ်ခြင်းခံရပြီးနောက်ထွက်ခွာသွားခဲ့ကြပါတယ်။အာတီတာဟာ အမေရိကန်ရာသီကြိုခရီးစဉ်အတွင်းတွင်ကစားသမားများရဲ့အပြုအမူများကိုစောင့်ကြည့်ပြီး နောက်အသင်းခေါင်းဆောင်သစ်ကိုရွေးချယ်သွားမှာလည်းဖြစ်ပါတယ်။အဲဗာတန်နှင့်ရင်ဆိုင်က စားရတဲ့အမေရိကန်ရာသီကြိုခြေစမ်းပွဲပထမဆုံးပွဲတွင်အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် မာတင်အိုဒီဂတ်ကတာဝန်ယူခဲ့ပါတယ်။ […]