
နွေရာသီပထမဆုံးခေါ်ယူအားဖြည့်မှုအဖြစ် ဘရာဇီးပါရမီရှင်တိုက်စစ်သမားကိုခေါ်ယူအားဖြည့်လိုက်တဲ့ အာဆင်နယ်
အာဆင်နယ်ဟာယခုနွေရာသီပထမဆုံးခေါ်ယူအားဖြည့်မှုအဖြစ်ဘရာဇီးပါရမီရှင် တိုက်စစ်သမားမာကွင်ဟို့စ်ကိုခေါ်ယူအားဖြည့်လိုက်ပါတယ်။အာဆင်နယ်ကအ သက်၁၉နှစ်ရှိတိုက်စစ်သမားကိုနှစ်ရှည်စာချုပ်ဖြင့်ခေါ်ယူလိုက်ကြောင်းကြေညာ လာပါတယ်။မာကွင်ဟို့စ်ဟာဘရာဇီးယူ-၁၆နှင့်ယူ-၁၇တို့တွင်ကစားခဲ့သူဖြစ်ပြီး လာမယ့်ရက်သတ္တပတ်များတွင်အာဆင်နယ်နှင့်ပူးပေါင်းကာရာသီကြိုလေ့ကျင့် ခန်းဆင်းသွားပါမယ်။အာဆင်နယ်ဟာမာကွင်ဟို့စ်ကိုခေါ်ယူရန်သဘောတူညီမှု ရရှိထားတာကြာမြင့်ပြီဖြစ်ပေမဲ့ကစားသမားကဝုဗ်နှင့်အကြိုစာချုပ်ချုပ်ဆိုထား မှုကြောင့် အပြောင်းအရွှေ့အပြီးသတ်နိုင်ရေးများစွာကြာမြင့်ခဲ့တာလည်းဖြစ်ပါ တယ်။အာဆင်နယ်ဟာဇူလိုင်လ၈ရက်နေ့တွင်ဂျာမနီသို့သွားရောက်ကာနုယင် ဘတ်နှင့်ခြေစမ်းပွဲကစားပါမယ်။မာကွင်ဟို့စ်ဟာဆာအိုပေါ်လိုအသင်းအတွက် ၃၃ပွဲကစားထားသူဖြစ်ပြီးပြီးခဲ့တဲ့နှစ်တုန်းက Compeonato Paulista ဆွတ်ခူး ထားနိုင်ခဲ့ပါတယ်။အာဆင်နယ်ဟာမာကွင်ဟို့စ်ကိုခေါ်ယူရန်ပြောင်းရွှေ့ကြေး ပေါင်၃သန်းသုံးခဲ့ရကြောင်းသိရပါတယ်။ အာဆင္နယ္ဟာယခုေႏြရာသီပထမဆုံးေခၚယူအားျဖည့္မႈအျဖစ္ဘရာဇီးပါရမီရွင္ တိုက္စစ္သမားမာကြင္ဟို႔စ္ကိုေခၚယူအားျဖည့္လိုက္ပါတယ္။အာဆင္နယ္ကအ သက္၁၉ႏွစ္ရွိတိုက္စစ္သမားကိုႏွစ္ရွည္စာခ်ဳပ္ျဖင့္ေခၚယူလိုက္ေၾကာင္းေၾကညာ လာပါတယ္။မာကြင္ဟို႔စ္ဟာဘရာဇီးယူ-၁၆ႏွင့္ယူ-၁၇တို႔တြင္ကစားခဲ့သူျဖစ္ၿပီး လာမယ့္ရက္သတၱပတ္မ်ားတြင္အာဆင္နယ္ႏွင့္ပူးေပါင္းကာရာသီႀကိဳေလ့က်င့္ ခန္းဆင္းသြားပါမယ္။အာဆင္နယ္ဟာမာကြင္ဟို႔စ္ကိုေခၚယူရန္သေဘာတူညီမႈ ရရွိထားတာၾကာျမင့္ၿပီျဖစ္ေပမဲ့ကစားသမားကဝုဗ္ႏွင့္အႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုထား မႈေၾကာင့္ […]