PSG မှာ အေးဂျင့်ပါလုပ်နေရပြီလို့ဆိုရမဲ့ အမ်ဘာပေ
June 3, 2022 Aung 0
ပီအက်စ်ဂျီဟာ အမ်ဘာပေရဲ့အားကိုးနဲ့ မိုနာကိုကွင်းလယ်လူ ချူအာမန်နီကို အရ ခေါ်ယူနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားကို ရီးရဲလ်မက်ဒ ရစ်က အသည်းအသန် စိတ်ဝင်စားနေပြီး အမ်ဘာပေကို မခေါ်နိုင်တဲ့နောက် မက် ဒရစ်ရဲ့ ဦးစားပေးပစ်မှတ်အနေနဲ့ သတ်မှတ်ခံထားရတာပါ။ချူအာမန်နီကို ရီးရဲလ် မက်ဒရစ်အပြင် အခြားသောဥရောပထိပ်သီးအသင်းတွေကလည်း စိတ်ဝင်စားနေ ပါတယ်။ ဒီအထဲမှာ […]
နည်းပြသစ်လက်ထက် တောက်ပလာခွင့်ရလာနိုင်ကြမဲ့ ယူနိုက်တက်ကြယ်ပွင့်သစ်လေးများ
June 3, 2022 Aung 0
မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်နွေရာသီ အပြောင်းအရွေ့အတွင်းက စားသမားသစ်တွေ ခေါ်ယူခြင်းမပြုမီ လက်ရှိမှာ မလိုအပ်တဲ့ ကစားသမားတွေကို ရှင်းထုတ်နေတာတွေ့ရပါတယ်။ ယူနိုက်တက်ဟာ မနေ့က ပေါလ် ပေါ့ဘာ နှင့် ဂျေစီ လင်ဂတ် ၊ ယနေ့ ဟွမ် မာတာတို့ကို ဇွန်လကုန်မှာ အလွတ်ထွက်ခွာတော့မယ့် ကစားသမားတွေအဖြစ် ကြေညာခဲ့ပါတယ်။ […]
အမျိုးသမီးယူရိုချန်ပီယံရှစ်ဗိုလ်လုပွဲကြောင့် မန်စီးတီးနှင့် လီဗာပူး ကွန်မြူနတီဒိုင်းပွဲစဥ်ကို King Power ကွင်းတွင်ကစားသွားမည်
June 2, 2022 Aung 0
မန်ယူအသင်းမှာပဲ ဆက်ရှိရဖို့ မျှော်လင့်နေတဲ့ ယူနိုက်တက်နောက်ခံလူ၏ အေးဂျင့်
June 2, 2022 Aung 0
ဒီယေဂို ဒါးလော့ရဲ့ အေးဂျင့်ဖြစ်သူ ကာလို ဂွန်ကာလ်ဗက်စ်က သူ့ရဲ့ ကစားသမား ဖြစ်သူဟာ နောက်ရာသီမှာလည်း မန်ယူအသင်းမှာပဲ ဆက်ရှိရဖို့ မျှော်လင့်နေ ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါးလော့ဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် ၂၄ ပွဲ ပွဲထွက်ကစားပေးခဲ့ပြီးတော့ မိနစ် ၂၀၀၀ ကျော်ကစားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါးလော့ဟာ […]
ကျေးဇူးတင်ကြောင်းတွေတစ်ဝကြီးပြောပြီး အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားတော့မည့် လင်ဂတ်
June 2, 2022 Aung 0
အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာရတာက ဝမ်းနည်းရကြောင်း လင်ဂတ်ကဝန်ခံ နှုတ်ဆက်ထားပါတယ်။ “ကျွန်တော်သရဲနီအဖြစ် မွေးဖွားလာတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း မိသားစုဖြစ်တဲ့ ယူနိုက်တက်ကလပ်ကို စွန့် ခွာဖို့ ကျွန်တော် စိတ်လှုပ်ရှားနေခဲ့တယ်။ ဆယ်စုနှစ် ၂ ခုကျော်တဲ့အထူးအမှတ် တရတွေနဲ့ အခိုက်အတန့်များစွာကို ကျွန်တော်ထာဝရမြတ်နိုးနေမှာပါ။ယူနိုက် တက်က နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။အားလုံးကို ကျေးဇူးအများကြီးတင်ပါ တယ်””ဘဝတစ်လျှောက်လုံး […]
ယူနိုက်တက်အသင်းခေါင်းဆောင်ကြီးကို ချီးကျူးနေတဲ့ နည်းပြသစ်ကို အံ့အားသင့်မေးခွန်းထုတ်လိုက်တဲ့ ဗန်ဒါဂစ်
June 2, 2022 Aung 0
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြသစ်ဖြစ်သူ အဲရစ် တန်ဟန့်ဟာ သူ့ရဲ့ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ အသင်းခေါင်းဆောင်ကစားသမားဖြစ်သူ ဟယ်ရီ မက်ဂွိုင်းယားကို ချီးကျုးတဲ့စကားမျိုး ပြောဆိုခဲ့ပြီးတော့ အနာဂါတ်မှာ အလုပ်အတူ လုပ်နိုင်ဖို့ မျှော်လင့်နေကြောင်း ပြောဆိုခဲ့ပါတယ်။ တန်ဟန့်အနေနဲ့ အခုလိုပြောဆိုခဲ့မှုအပေါ် ပီအက်စ်ဗီအသင်းနဲ့ နယ်သာလန်နိုင်ငံ လက်ရွေးစင်အ သင်းတို့ရဲ့ ကစားဟောင်းဖြစ်သူ ရီနီဗန်ဒါဂစ်ကသဘောမကျဖြစ်ခဲ့ပြီး ဝေဖန် […]
မကြာသောအချိန်တွင် ဇာတ်သိမ်းခန်းရောက်လာတော့မည့် ပီကေးနှင့်ရှကီရာ
June 2, 2022 Aung 0
ဒါက ဘောလုံးလောကအတွက် ဘာစီလိုနာအတွက် သတင်းကောင်းတော့မ ဟုတ်ပါဘူး။ ဘာစီလိုနာ နောက်ခံကစားသမား ဂျာရတ် ပီကေးဟာရှာကီရာ အပေါ် သစ္စာမဲ့ခဲ့တာကြောင့် ဖြစ်ပါတယ်။“ အဆိုတော်က သူ့ကို အခြားကောင် မလေးတစ်ဦးနဲ့ အတူရှိနေတာကိုမိသွားခဲ့တယ်။ သူတို့က မကြာခင် ကွဲကြတော့ မယ်။”လို့သတင်းအရင်းအမြစ်တစ်ခုက EL PERIÓDIC သတင်းဌာနကိုမနေ့က ပြောကြားခဲ့ကြောင်း […]
ဂျူဗင်တပ်စ်ကလိုပုံစံမျိုးနဲ့ပဲ ဒုတိယအကြိမ်မြောက် ယူနိုက်တက်နဲ့လမ်းခွဲမဲ့ ယူနိုက်တက်ရဲ့ ဗိုင်းရပ်စ်
June 2, 2022 Aung 0
မန်ချက်စတာယူနိုက်တက်အသင်းက ကွင်းလယ်လူပေ့ါဘာဟာစာချုပ်သက် တမ်းကုန်မယ့်အချိန်ကျရင် အသင်းကနေ အလွတ်နဲ့ထွက်ခွာမှာဖြစ်တယ်လို့ အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ ပေါ့ဘာဟာ လွန်ခဲ့တဲ့(၁၀)နှစ်ကယူနိုက်တက်ကနေ ဂျူဗင်တပ်စ်အသင်းကို အ လွတ်နဲ့ပြောင်းရွှေ့ခဲ့ပြီးအခုလည်း ဒုတိယအကြိမ်အဖြစ် ယူနိုက်တက်နဲ့လမ်းခွဲ တော့မှာဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ ၂၀၁၆ ခုနှစ်က ပေ့ါဘာကိုခေါ်ယူ ခဲ့ချိန်မှာကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၉)သန်းအထိပေးခဲ့ရသလို အဲဒီအချိန်တုန်းက ပေ့ါဘာရဲ့ပြောင်းရွှေ့ကြေးက,ကမ္ဘာ့စံချိန်တင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ (၆)နှစ်အကြာမှာတော့ ယူနိုက်တက်တို့ ပေ့ါဘာကိုငွေတစ်ပြားတစ်ချပ်မှ […]
ရွှေဖိနပ်ဆုရှင်တစ်ယောက်ပါဝင်လာခြင်းမရှိလို့ ဝေဖန်ခံလာရပြန်တဲ့ PFA Player of the Year ဆုအတွက်ဆန်ကာတင်စာရင်း
June 2, 2022 Aung 0
PFA Player of the Year ဆုအတွက်ဆန်ကာတင်ကစားသမားထွက်ပေါ်လာပြီး နောက် ဆန်ဟောင်မင်းချန်လှပ်ခံထားရမှုနဲ့ပတ်သက်ပြီးပရိသတ်များဝေဖန်လျက် ရှိပါတယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်အတွက်ပရီးမီးယားလိဂ် တွင်၁၈ဂိုးအထိသွင်းယူနိုင်ခဲ့ပေမဲ့လည်းချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်ဦးဆောင် နိုင်ခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ယူနိုက်တက်စူပါစတားဟာဟယ်ရီကိန်း၊ကီဗင်ဒီဘ ရိုင်း၊မိုဟာမက်ဆာလက်၊ဗာဂယ်ဗန်ဒိုက်၊ဆေဒေယိုမာနေးတို့နဲ့အတူဆန်ကာတင် စာရင်းတွင်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ဆန်ဟောင်မင်ဟာစပါးစ်အတွက်ပရီးမီး ယားလိဂ်တွင်၂၃ဂိုးသွင်းယူပြီးချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင်ကူညီပေးခဲ့ပါတယ်။ သူဟာလီဗာပူးစတားမိုဟာမက်ဆာလက်နှင့်အတူပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ပူးတွဲရယူနိုင်ခဲ့ပါတယ်။PFA Young Player of the Year ဆုအတွက်ဆန်ကာတင် စာရင်းလည်းထွက်ပေါ်လာပြီးရီစီဂျိမ်းစ်(ချဲလ်ဆီး)၊ကော်နာဂယ်လာဂါ(ခရစ္စတယ် ပဲလေ့စ်)၊ဂျာကော့ဘ်ရမ်ဆေး(ဗီလာ)၊ဖီးလ်ဖိုဒန်(မန်စီးတီး)၊ဘူကာယိုဆာကာ၊အီ မီလီစမစ်ရိုး(အာဆင်နယ်)တို့ပါဝင်ခဲ့ကြပါတယ်။ […]
ဘာစီလိုနာရဲ့ဘဏ္ဍာရေးပြဿနာကိုဖြေရှင်းနိုင်ရေးအတွက် အသုံးချလာရတဲ့ နူးကမ့်ကွင်း
June 2, 2022 Aung 0
ဘာစီလိုနာဟာဘဏ္ဍာရေးပြဿနာကိုဖြေရှင်းနိုင်ရေးအတွက်နည်းလမ်းပေါင်းစုံ လုပ်ဆောင်လာရပြီး ယင်းအထဲမှာနူးကမ့်ကွင်းတွင်ပရိသတ်များကိုကစားခွင့်ပေး ပြီးအခကြေးငွေတောင်းခံလုပ်ဆောင်မှုလည်းပါဝင်နေပါတယ်။ဘာစီလိုနာဟာပြီး ခဲ့တဲ့နွေရာသီတုန်းကမက်ဆီနှင့်လမ်းခွဲခဲ့တဲ့အပြင်စီနီယာကစားသမားများတို့လုပ် ခများစွာလျှော့ယူခြင်းတို့ပြုလုပ်ခဲ့ပေမဲ့လည်းဘဏ္ဍာရေးပြဿနာကြုံတွေ့နေရ ဆဲဖြစ်ပါတယ်။ဘာစီလိုနာဟာယခုနွေရာသီတွင်ချဲလ်ဆီးဗဟိုနောက်ခံလူခရစ် တင်ဆင်နှင့် မီလန်ကွင်းလယ်ကစားသမားကက်ဆီတို့ကိုခေါ်ယူရန်သဘောတူညီ မှုရထားပြီးဖြစ်ပေမဲ့လုပ်ခအသုံးစရိတ်ကန့်သတ်ခံထားရမှုကြောင့်ခေါ်ယူကြောင်း တရားဝင်ကြေညာနိုင်ခြင်းမရှိသေးပါဘူး။ဘာစီလိုနာဟာဘဏ္ဍာရေးဟန်ချက်ညီ ရန်အတွက်လာမယ့်ဇွန်လ၃၀ရက်နေ့မတိုင်မီယူရိုသန်း၅၀၀(ပေါင်၄၂၅သန်း) အ ထက်လိုအပ်နေကြောင်းသိရပါတယ်။ဘာစီလိုနာဟာယင်းသို့ဘဏ္ဍာရေးပြဿနာ များကြုံရမှုနဲ့အတူဝင်ငွေလမ်းကြောင်းများနိုင်သမျှများနိုင်ရေးအတွက်ဝင်ငွေ လမ်းကြောင်းသစ်များရှာဖွေလာပါတယ်။ယခုအခါဘာစီလိုနာဟာဘောလုံးပရိ သတ်များအားနူးကမ့်ကွင်းတွင်ကစားခွင့်ပေးပြီးငွေရပေါက်လမ်းသစ်ရှာလာပါ တယ်။ဘာစီလိုနာကလာမယ့်ဇွန်လ၆ရက်နေ့မှဇွန်လ၁၁ရက်နေ့အထိကွင်းအသုံ းပြုခမိနစ်၆၀အတွက်ယူရို၃၀၀ဖြင့်ဘောလုံးပရိသတ်များအားငှားရမ်းကစားခွင့် ပေးသွားမှာဖြစ်ကြောင်းကြေညာလာပါတယ်။ပရိသတ်များအနေဖြင့်ဘာစီလိုနာ သူရဲကောင်းများအသုံးပြုတဲ့ဥမင်လှိုဏ်ခေါင်းကိုအသုံးပြုကာကွင်းထဲဝင်ရောက် ခွင့်ရရှိမှာဖြစ်ပြီးအနည်းဆုံးမိနစ်၄၀ပွဲကစားခွင့်ရရှိပါမယ်။ဘာစီလိုနာဟာယင်း သို့နူးကမ့်ကွင်းကိုငှားစားရတဲ့အထိအနေအထားသို့ရောက်နေမှုအတွက်ပရိသတ် များရဲ့ဝေဖန်မှုခံနေရပါတယ်။ဒါပေမဲ့လည်းဘာစီလိုနာပရိသတ်များအတွက်က တော့နူးကမ့်ကွင်းမှာကိုယ်တိုင်ကစားခွင့်ရမယ့်အခွင့်အရေးအတွက်ယူရို၃၀၀ရင်း […]