သောမတ်စ်မူလာဟာဗုဒ္ဓဟူးနေ့ညတုန်းကဘိုင်ယန်မြူးနစ်ကပီအက်စ်ဂျီကိုချန်ပီယံလိဂ်၁၆သင်းရှုံးထွက် အဆင့်မှကန်ထုတ်လိုက်ပြီးနောက်လီယွန်နယ်မက်ဆီကိုအနာပေါ်ဆားပက်ကာမခံနိုင်အောင်ပြောဆိုလာ ပါတယ်။ပီအက်စ်ဂျီဟာကြားရက်တုန်းကဘိုင်ယန်မြူးနစ်ကို၂-၀ဂိုးဖြင့်ရှုံးနိမ့်ကာနှစ်ကျော့ပေါင်းရလဒ် ၃-၀ဂိုးဖြင့်ချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်မှထပ်မံထွက်ခဲ့ရပြန်ပါတယ်။ဘိုင်ယန်မြုးနစ်ဟာအဲရစ်မာ ဇမ်ချူပိုမိုတင်းနှင့်ဂနာဘရီတို့ရဲ့ဂိုးများဖြင့်ပီအက်စ်ဂျီကိုအနိုင်ရရှိကာချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် သို့တက်သွားခဲ့ပါတယ်။မူလာကခရစ္စတီယာနိုရော်နယ်ဒိုကိုရည်ညွှန်းပြောဆိုမှုပြုလုပ်ပြီးမက်ဆီရဲ့အနာ ကိုဆားပက်လာပါတယ်။မူလာက “မက်ဆီနဲ့ရင်ဆိုင်ရတိုင်းရလဒ်ပိုင်းအမြဲကောင်းတယ်။ကလပ်အဆင့် မှာခရစ္စတီယာနိုရော်နယ်ဒိုကကျွန်တော်တို့အတွက်ပြဿနာပါ။သူရီးရဲလ်မက်ဒရစ်မှာကစားတုန်းကပေါ့။ ဒါပေမဲ့မက်ဆီရဲ့ကမ္ဘာ့ဖလားခြေစွမ်းအပေါ်လေးစားပါတယ်။မက်ဆီရဲ့ကမ္ဘာ့ဖလားတကိုယ်တော်ခြေစွမ်း ကတကယ့်ကိုအံ့ဩလောက်စရာပါ။တစ်သင်းကိုခေါ်ဆောင်သွားနိုင်ခဲ့တယ်။ပီအက်စ်ဂျီလိုအသင်းမျိုးကို ရင်ဆိုင်ရတာမလွယ်ပါဘူး။ဟန်ချက်ကောင်းတဲ့အသင်းတစ်သင်းဖြစ်ဖို့ကမလွယ်ပါဘူး”လို့ပြောကြားသွား ပါတယ်။သောမတ်စ်မူလာရဲ့ဘိုင်ယန်မြူးနစ်ဟာမက်ဆီ ဘာစီလိုနာမှာကစားတုန်းက ၇-၀ဂိုးဖြင့်လည်း ကောင်း၊၈-၂ဖြင့်လည်းကောင်းအနိုင်ရရှိခဲ့ဖူးပါတယ်။သောမတ်စ်မူလာဟာမက်ဆီနှင့်ချန်ပီယံလိဂ်ရှုံးထွက် အဆင့်တွင်၆ကြိမ်ဆုံတွေ့ခဲ့ဖူးရာတွင်၅ကြိမ်နိုင်ပြီး၁ကြိမ်တည်းသာရှုံးနိမ့်ထားပါတယ်။ခရစ္စတီယာနိုရော် နယ်ဒိုဟာချန်ပီယံလိဂ်တွင်ဘိုင်ယန်မြူးနစ်နှင့်၈ပွဲရင်ဆိုင်ကစားခဲ့ဖူးရာမှာ၉ဂိုးအထိသွင်းယူထားသူလည်း ဖြစ်ပါတယ်။သူဟာဘိုင်ယန်မြူးနစ်နှင့်ထိပ်တိုက်တွေ့ခဲ့ရာတွင်၅ကြိမ်နိုင်၊၁ပွဲသရေ၊၂ပွဲရှုံးရလဒ်ရထားပါ တယ်။ ေသာမတ္စ္မူလာဟာဗုဒၶဟူးေန႔ညတုန္းကဘိုင္ယန္ျမဴးနစ္ကပီအက္စ္ဂ်ီကိုခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္ အဆင့္မွကန္ထုတ္လိုက္ၿပီးေနာက္လီယြန္နယ္မက္ဆီကိုအနာေပၚဆားပက္ကာမခံႏိုင္ေအာင္ေျပာဆိုလာ ပါတယ္။ပီအက္စ္ဂ်ီဟာၾကားရက္တုန္းကဘိုင္ယန္ျမဴးနစ္ကို၂-၀ဂိုးျဖင့္ရႈံးနိမ့္ကာႏွစ္ေက်ာ့ေပါင္းရလဒ္ ၃-၀ဂိုးျဖင့္ခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္မွထပ္မံထြက္ခဲ့ရျပန္ပါတယ္။ဘိုင္ယန္ျမဳးနစ္ဟာအဲရစ္မာ ဇမ္ခ်ဴပိုမိုတင္းႏွင့္ဂနာဘရီတို႔ရဲ႕ဂိုးမ်ားျဖင့္ပီအက္စ္ဂ်ီကိုအႏိုင္ရရွိကာခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္အဆင့္ […]