မီခေးလ်အာတီတာဟာချဲလ်ဆီးဝါရင့်ကွင်းလယ်ကစားသမားဂျော်ဂျင်ဟိုအားပေါင်၁၂သန်းဖြင့်ခေါ်ယူ ကာကွင်းလယ်ကိုအားဖြည့်လိုက်နိုင်ပြီဖြစ်ပါတယ်။ပရီးမီးယားလိဂ်အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ အာဆင်နယ်ဟာဘရိုက်တန်မှမွိုက်စ်ကိုင်စီဒိုကိုခေါ်ယူရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့ပြီးတဲ့နောက် အ သက်၃၁နှစ်ရှိအီတလီလက်ရွေးစင်ဂျော်ဂျင်ဟိုကိုခေါ်ယူလိုက်တာဖြစ်ပါတယ်။အာဆင်နယ်ဟာအီကွေ ဒေါလက်ရွေးစင်ကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၇၅သန်းအထိပေးပြီးကမ်းလှမ်းခဲ့ပေမဲ့လည်း ဘရိုက်တန်ဘက်မှ မည်သည့်ဈေးနှုန်းနှင့်မျှမရောင်းတာကြောင့်လက်လျှော့ခဲ့ရပါတယ်။အာဆင်နယ်ဟာ မိုဟာမက်အယ်နီနီမှာရာသီအကုန်အထိအနားယူရမဲ့အပြင် သောမတ်စ်ပါတေးမှာလည်းကြံ့ခိုင်မှုပိုင်းရုန်း ကန်နေရမှုကြောင့်ကွင်းလယ်ကိုမဖြစ်မနေအားဖြည့်ရန်လိုအပ်နေခဲ့ပါတယ်။ယခုအခါဂျော်ဂျင်ဟိုဟာအာ ဆင်နယ်သို့၁၈လသက်တမ်းစာချုပ်ဖြင့်ပြောင်းရွှေ့လာပြီဖြစ်ပါတယ်။ဂျော်ဂျင်ဟိုရဲ့စာချုပ်အတွင်းတွင် ၁၂လသက်တမ်းတိုးနိုင်တဲ့အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားပါတယ်။ဂျော်ဂျင်ဟိုက “ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်မှာမီခေးလ်အာတီတာကအဓိကနေရာကပါဝင်ပါတယ်။သူဟာအရင်ကတည်းကကျွန်တော့် ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့တဲ့သူဖြစ်ပါတယ်။ဖြစ်ပျက်သွားတာတွေအရမ်းမြန်တယ်။ကျွန်တော်လည်းအံ့ဩရ တယ်။ဒါပေမဲ့ဒီအံ့ဩစရာကောင်းတဲ့စိန်ခေါ်မှုအခွင့်အရေးကိုကျွန်တော်ရယူခဲ့ပါတယ်။ဒီအင်္ကျီကဂုဏ် သိက္ခာရှိတဲ့အင်္ကျီပါ။ဒီကလပ်ကအံ့ဩစရာကောင်းသလိုကလပ်ကြီးတစ်ခုလည်းဖြစ်ပါတယ်။အရမ်းစိတ် လှုပ်ရှားရတယ်။ဒီကိုရောက်လာခွင့်ရလို့ဝမ်းသာတယ်”လို့ပြောကြားသွားပါတယ်။ဘရာဇီးဖွားအီတလီ လက်ရွေးစင်ဟာနာပိုလီမှပေါင်သန်း၅၀ဖြင့်ပြောင်းလာပြီးနောက်ချဲလ်ဆီးတွင်ငါးရာသီကစားခဲ့သူဖြစ်ပါ တယ်။သူဟာစတမ်းဖို့ဒ်ဘရစ်ချ်တွင်ချန်ပီယံလိဂ်၊ယူရိုပါလိဂ်တို့ရယူနိုင်ခဲ့ပါတယ်။သူဟာယူရို၂၀၂၀ ဗိုလ်လုပွဲတုန်းကဝင်ဘာလေကွင်းတွင်အင်္ဂလန်ကိုအနိုင်ယူကာချန်ပီယံဖြစ်ခဲ့တဲ့အီတလီအသင်းတွင် လည်းအရေးပါခဲ့သူဖြစ်ပါတယ်။အာဆင်နယ်နည်းပြမီခေးလ်အာတီတာကတော့က ဂျော်ဂျင်ဟိုရဲ့အ တွေ့အကြုံနှင့်သွေးအေးအေးဖြင့်ကစားနိုင်မှုကြောင့် […]