ဘာစီလိုနာရဲ့မြို့ခံပြိုင်ဘက်အက်စ်ပန်ညိုဟာကတ်တလန်ဒါဘီပွဲစဉ်တွင်ရောဘတ်လီဝန်ဒေါ့စကီးပါဝင် ကစားလာမှုနဲ့ပတ်သက်ပြီးတရားဝင်တိုင်ချက်ဖွင့်လာပါတယ်။ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီရောဘတ်လီဝန် ဒေါ့စကီးဟာအိုဆာဆူနာနှင့်ပွဲတွင်အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက်သုံးပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပါတယ်။သူဟာနှစ်ဝါတစ်နီဖြင့်အထုတ်ခံခဲ့ရတာဖြစ်ပြီးဒိုင်လူကြီးများကိုဒေါသတကြီးစောဒကတက် မှုကြောင့်နှစ်ပွဲပယ်ပြစ်ဒဏ်ထပ်မံချမှတ်ခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့ဘာစီလိုနာဟာရောဘတ်လီဝန်ဒေါ့စ ကီးရဲ့၃ပွဲပယ်ပြစ်ဒဏ်ကိုအယူခံဝင်ထားတုန်းဖြစ်ပြီးအက်စ်ပန်ညိုနှင့်ပွဲတွင်ပါဝင်ကစားခွင့်ရရှိခဲ့ပါတယ်။ ဒါကြောင့်လည်းအက်စ်ပန်ညိုဟာတစ်ဂိုးစီသရေဖြင့်ပြီးဆုံးသွားခဲ့တဲ့ကတ်တလန်ဒါဘီပွဲစဉ်တွင်ပြိုင်ဘက် ဘာစီလိုနာကရောဘတ်လီဝန်ဒေါ့စကီးအားအသုံးပြုလာမှုအပေါ်အကြီးအကျယ်ဒေါသထွက်နေပါတယ်။ စပိန်မီဒီယာများရဲ့ဖော်ပြချက်အရဘာစီလိုနာဟာမက်ဒရစ်တရားရုံးတစ်ခုကရောဘတ်လီဝန်ဒေါ့စကီးရဲ့ ပယ်ပွဲပြစ်ဒဏ်ကိုယာယီဆိုင်းငံ့ထားမှုကြောင့် ဘာစီလိုနာတို့အသုံးပြုခဲ့တာလို့သိရပါတယ်။ရောဘတ်လီ ဝန်ဒေါ့စကီးဟာတစ်ဂိုးစီသရေကျတဲ့ကတ်တလန်ဒါဘီပွဲစဉ်တွင်ပွဲချိန်ပြည့်ကစားသွားခဲ့ပါတယ်။ဘာစီလို နာဟာယနေ့ညတွင်ကိုပါဒယ်ရေးဖလား၃၂သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ်အင်တာစီးတီးနှင့်ရင်ဆိုင်က စားရမှာဖြစ်ပြီးတနင်္ဂနွေနေ့ညတွင်အက်သလက်တီကိုအားအဝေးကွင်းသို့သွားရောက်ကာလာလီဂါပွဲက စားရပါမယ်။ ဘာစီလိုနာရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္အက္စ္ပန္ညိဳဟာကတ္တလန္ဒါဘီပြဲစဥ္တြင္ေရာဘတ္လီဝန္ေဒါ့စကီးပါဝင္ ကစားလာမႈနဲ႔ပတ္သက္ၿပီးတရားဝင္တိုက္ခ်င္ဖြင့္လာပါတယ္။ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္မီေရာဘတ္လီဝန္ ေဒါ့စကီးဟာအိုဆာဆူနာႏွင့္ပြဲတြင္အနီကတ္ျပထုတ္ပယ္ျခင္းခံရၿပီးေနာက္သုံးပြဲပယ္ျပစ္ဒဏ္ခ်မွတ္ျခင္း ခံခဲ့ရပါတယ္။သူဟာႏွစ္ဝါတစ္နီျဖင့္အထုတ္ခံခဲ့ရတာျဖစ္ၿပီးဒိုင္လူႀကီးမ်ားကိုေဒါသတႀကီးေစာဒကတက္ မႈေၾကာင့္ႏွစ္ပြဲပယ္ျပစ္ဒဏ္ထပ္မံခ်မွတ္ျခင္းခံခဲ့ရပါတယ္။ဒါေပမဲ့ဘာစီလိုနာဟာေရာဘတ္လီဝန္ေဒါ့စ ကီးရဲ႕၃ပြဲပယ္ျပစ္ဒဏ္ကိုအယူခံဝင္ထားတုန္းျဖစ္ၿပီးအက္စ္ပန္ညိဳႏွင့္ပြဲတြင္ပါဝင္ကစားခြင့္ရရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္းအက္စ္ပန္ညိဳဟာတစ္ဂိုးစီသေရျဖင့္ၿပီးဆုံးသြားခဲ့တဲ့ကတ္တလန္ဒါဘီပြဲစဥ္တြင္ၿပိဳင္ဘက္ ဘာစီလိုနာကေရာဘတ္လီဝန္ေဒါ့စကီးအားအသုံးျပဳလာမႈအေပၚအႀကီးအက်ယ္ေဒါသထြက္ေနပါတယ္။ စပိန္မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာဟာမက္ဒရစ္တရား႐ုံးတစ္ခုကေရာဘတ္လီဝန္ေဒါ့စကီးရဲ႕ ပယ္ပြဲျပစ္ဒဏ္ကိုယာယီဆိုင္းငံ့ထားမႈေၾကာင့္ […]