
ယူနိုက်တက်ကစားသမားများကို လက်စ်ဗီးဗက်စ်ပို့ပြီး စမ်းသပ်တော့မည့် အဲရစ်တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာကလပ်ရဲ့ရာသီကြိုအမေရိကန်ခရီးစဉ်ရဲ့အစိတ် အပိုင်းအဖြစ်ကာစီနိုမြို့တော်လက်စ်ဗီးဗက်စ်သို့သွားရောက်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။မန်ချက်စ တာယူနိုက်တက်ဟာ၂၀၁၈ခုနှစ်တုန်းကဟိုဆေးမော်ရင်ဟိုရဲ့ဝေဖန်မှုခံရပြီးနောက်ပိုင်းတွင်အမေရိကန် သို့သွားရောက်ခဲ့ခြင်းမရှိပါဘူး။မော်ရင်ဟိုဟာအပြောင်းအရွှေ့ဈေးကွက်တွင်ဗဟိုနောက်ခံလူမခေါ်ယူနိုင် မှုအတွက် အမေရိကန်ခရီးစဉ်ကိုအပြစ်တင်ခဲ့တာဖြစ်ပါတယ်။မော်ရင်ဟိုဟာလည်းယင်းရာသီတွင်ရလဒ် ကောင်းများမရယူနိုင်မှုနဲ့အတူ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။အဲရစ်တန်ဟက်ကတော့မော်ရင်ဟိုကဲ့သို့ကြုံ လာရဖို့မရှိပါဘူး။အသက်၅၂နှစ်ရှိဒတ်ချ်လူမျိုးနည်းပြဟာမေလတုန်းကယူနိုက်တက်ကိုကိုင်တွယ်ပြီး နောက်အသင်းကိုအကောင်းဆုံးဦးဆောင်ထားနိုင်တာတွေ့ရပါတယ်။ယူနိုက်တက်ဟာအမေရိကန်သို့ ရာသီကြိုခရီးစဉ်သွားရောက်လေ့ရှိပေမဲ့လည်းလက်စ်ဗီးဂတ်စ်သို့တစ်ကြိမ်မျှမသွားခဲ့ပါဘူး။ဒါပေမဲ့ယခု တစ်ကြိမ်မှာတော့ယူနိုက်တက်ဟာAllegiant Stadium တွင်ပရီးမီးယားလိဂ်ပြိုင်ဘက်တစ်သင်းသင်းနှင့် ရင်ဆိုင်ကစားပါမယ်။အဲရစ်တန်ဟက်ဟာလက်စ်ဗီးဂက်စ်ခရီးစဉ်ကြောင့်အသင်းအတွက်ငွေကြေးပိုင်း အကျိုးအမြတ်ရရှိလာမဲ့အပြင် ကစားသမားများရဲ့စည်းကမ်းလိုက်နာမှုကိုလည်းစမ်းသပ်ရန်အတွက် လက်ခံလိုက်တာဖြစ်ပါတယ်။လက်စ်ဗီးဂက်စ်မှာ Sin City ဟူ၍လည်းကောင်း၊The City that Never Sleeps […]