စထရာဘော့နှင့်ပွဲစဉတွင်နေမာအနီကတ်ပြထုတ်ပယ်ခြင်းခံရမှုနဲ့ပတ်သက်ပြီးဘောလုံးပရိသတ်များက သီအိုရီတစ်ခုကိုကိုင်စွဲကာဖော်ထုတ်လာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ခရစ္စတိုဖီဂယ်တီယာရဲ့ပီအက်စ်ဂျီဟာကမ္ဘာ့ ဖလားပြိုင်ပွဲအပြီးပထမဆုံးကစားရတဲ့လီဂူး၁ပွဲစဉ်တွင်စထရာဘော့ကို၂-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီဟာမာကွင်ဟို့စ်ရဲ့ဂိုးဖြင့်ဦးဆောင်နိုင်ခဲ့ပေမဲ့ သူ့ရဲ့ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးကြောင့်ပင်ချေပဂိုး ပေးခဲ့ရပါတယ်။နေမာဟာပွဲချိန်၆၂မိနစ်မှာတော့ပင်နယ်တီရရှိရန်ဟန်ဆောင်ဒိုင်ဗင်ထိုးမှုဖြင့် နှစ်ဝါတစ်နီ ဖြင့်ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။နေမာဟာယင်းအနီကတ်ကြောင့်တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာ လည်းဖြစ်ပါတယ်။ပီအက်စ်ဂျီဟာကမ္ဘာ့ဖလားပြိုင်ပွဲကြောင့်မက်ဆီမှာလည်းအသင်းနှင့်ပူးပေါင်းခြင်းမရှိ သေးရာနေမာပွဲပယ်ခံရမှုကြောင့်ထိုးနှက်ချက်တစ်ခုဖြစ်နေပါတယ်။ပီအက်စ်ဂျီဟာစထရာဘော့ကိုတစ် ယောက်အလျှော့ဖြင့်ကစားခဲ့ရပေမဲ့အချိန်ပိုတွင်ဘက်ပေးရဲ့ပင်နယ်တီဂိုးကြောင့်အနိုင်ရခဲ့ပါတယ်။ ဘောလုံးပရိသတ်များကနေမာဟာနှစ်သစ်ကူးပွဲအပြီး ဇန်နဝါရီလ၂ရက်နေ့တွင်ဒုတိယနေရာမှလန်းစ်နှင့် ရင်ဆိုင်ရမဲ့ပွဲကိုမကစားရအောင် တမင်တကာပွဲပယ်ခံရအောင်လုပ်ဆောင်တာလို့ယုံကြည်နေပါတယ်။ နေမာဟာပွဲပယ်ပြစ်ဒဏ်ကြောင့်ပွဲအတွက်စိတ်ပူပန်စရာမရှိဘဲနှစ်သစ်ကူးပါတီပွဲရက်ရှည်ပြုလုပ်လာနိုင် ပါမယ်။နေမာဟာ၂၀၂၀ခုနှစ်တုန်းကကိုဗစ်ကာလအတွင်းတွင်နေအိမ်တွင်၅ရက်တိုင်တိုင်နှစ်သစ်ကူးပါတီ ပွဲပြုလုပ်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ စထရာေဘာ့ႏွင့္ပြဲစဉတြင္ေနမာအနီကတ္ျပထုတ္ပယ္ျခင္းခံရမႈနဲ႔ပတ္သက္ၿပီးေဘာလုံးပရိသတ္မ်ားက သီအိုရီတစ္ခုကိုကိုင္စြဲကာေဖာ္ထုတ္လာႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ခရစၥတိုဖီဂယ္တီယာရဲ႕ပီအက္စ္ဂ်ီဟာကမာၻ႔ ဖလားၿပိဳင္ပြဲအၿပီးပထမဆုံးကစားရတဲ့လီဂူး၁ပြဲစဥ္တြင္စထရာေဘာ့ကို၂-၁ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။ ပီအက္စ္ဂ်ီဟာမာကြင္ဟို႔စ္ရဲ႕ဂိုးျဖင့္ဦးေဆာင္ႏိုင္ခဲ့ေပမဲ့ သူ႔ရဲ႕ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုးေၾကာင့္ပင္ေခ်ပဂိုး […]