
ဒဏ်ရာမှာပြင်းထန်ခြင်းမရှိတာကြောင့် တနင်္ဂနွေနေ့ညချဲလ်ဆီး နှင့်လန်ဒန်ဒါဘီပွဲစဉ်တွင်ပါဝင်လာနိုင်ဖို့ရှိနေတဲ့ အာဆင်နယ်စတား
အာဆင်နယ်စတားဘူကာယိုဆာကာရဲ့ဒဏ်ရာမှာပြင်းထန်ခြင်းမရှိတာကြောင့် တနင်္ဂနွေနေ့ညချဲလ်ဆီး နှင့်လန်ဒန်ဒါဘီပွဲစဉ်တွင်ပါဝင်လာနိုင်ဖို့ရှိနေပါတယ်။အင်္ဂလန်တောင်ပံကစားသမားဟာနော်တင်ဟမ်ဖော ရက်စ်ကို၅-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်ဒဏ်ရာရရှိသွားပြီးနောက်ပွဲချိန်၂၇မိနစ်မှာပင်လူစားလဲလှယ်မှုပြုလုပ် ခဲ့ရပါတယ်။သူဟာဒဏ်ရာပြင်းထန်ခြင်းမရှိပေမဲ့လည်းကြာသပတေးနေ့တွင်အက်ဖ်စီဇူးရစ်နှင့်ရင်ဆိုင်ရ မယ့်ယူရိုပါလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်ကိုလွဲချော်ဖို့သေချာနေပါတယ်။ဒါပေမဲ့လည်းသူဟာယခုအပတ်အ ကုန်တွင်ချဲလ်ဆီးနှင့်ကစားရမဲ့ပွဲစဉ်တွင်မူပြန်လည်ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။အထက်ပါသတင်းကအာ ဆင်နယ်နည်းပြအာတီတာအတွက်သာမကအင်္ဂလန်နည်းပြဆောက်ဂိတ်အတွက်လည်းသတင်းကောင်း တစ်ခုဖြစ်နေပါတယ်။ဆောက်ဂိတ်ဟာနိုဝင်ဘာလ၂၁ရက်နေ့ အီရန်နှင့်ကမ္ဘာ့ဖလားအဖွင့်ပွဲအမီ ဆာကာ ကြံ့ခိုင်မှုမပြည့်ဝလာမည်ကိုစိုးရိမ်နေခဲ့ရတာဖြစ်ပါတယ်။ဆာကာဟာယခုရာသီတွင်အာဆင်နယ်ရဲ့၁၇ပွဲ လုံးတွင်ပါဝင်ကစားထားသူဖြစ်ပါတယ်။အာဆင်နယ်ဟာယူရိုပါလိဂ်အုပ်စုဗိုလ်ဖြစ်ရန်အတွက်ဇူးရစ်ကို အနိုင်ရရှိရန်လိုအပ်နေပါတယ်။ အာဆင္နယ္စတားဘူကာယိုဆာကာရဲ႕ဒဏ္ရာမွာျပင္းထန္ျခင္းမရွိတာေၾကာင့္ တနဂၤေႏြေန႔ညခ်ဲလ္ဆီး ႏွင့္လန္ဒန္ဒါဘီပြဲစဥ္တြင္ပါဝင္လာႏိုင္ဖို႔ရွိေနပါတယ္။အဂၤလန္ေတာင္ပံကစားသမားဟာေနာ္တင္ဟမ္ေဖာ ရက္စ္ကို၅-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ဒဏ္ရာရရွိသြားၿပီးေနာက္ပြဲခ်ိန္၂၇မိနစ္မွာပင္လူစားလဲလွယ္မႈျပဳလုပ္ ခဲ့ရပါတယ္။သူဟာဒဏ္ရာျပင္းထန္ျခင္းမရွိေပမဲ့လည္းၾကာသပေတးေန႔တြင္အက္ဖ္စီဇူးရစ္ႏွင့္ရင္ဆိုင္ရ မယ့္ယူ႐ိုပါလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္ကိုလြဲေခ်ာ္ဖို႔ေသခ်ာေနပါတယ္။ဒါေပမဲ့လည္းသူဟာယခုအပတ္အ ကုန္တြင္ခ်ဲလ္ဆီးႏွင့္ကစားရမဲ့ပြဲစဥ္တြင္မူျပန္လည္ပါဝင္လာႏိုင္ဖို႔ ရွိေနပါတယ္။အထက္ပါသတင္းကအာ ဆင္နယ္နည္းျပအာတီတာအတြက္သာမကအဂၤလန္နည္းျပေဆာက္ဂိတ္အတြက္လည္းသတင္းေကာင္း တစ္ခုျဖစ္ေနပါတယ္။ေဆာက္ဂိတ္ဟာႏိုဝင္ဘာလ၂၁ရက္ေန႔ […]