နယ်သာလန်အသင်း သတင်းစာရှင်းလင်းပွဲမှာ ဒေါသအိုးဗန်ဟားလ်ဆီက အသည်းနှလုံးကို ခိုးယူခြွေချသွားတဲ့ လူငယ်သတင်းထောက်

November 26, 2022 Aung 0

နယ်သာလန်နည်းပြဗန်ဟားလ်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာလူငယ်သတင်းထောက်ရဲ့မေးခွန်းကို သဘောကျလွန်းခဲ့တာကြောင့်စင်ပေါ်ကနေဆင်းလာပြီး ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။ ဒါဟာ နည်းပြ သက်တမ်းတစ်လျှောက် မီဒီယာတွေနဲ့တွေ့ဆုံတိုင်းမှာ အခြေအတင်ဖြစ်နေကြဒေါသအိုးကြီးရဲ့ ထူးခြား လှတဲ့ တုန့်ပြန်မှုလည်းဖြစ်ခဲ့တာပါ။အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ဗန်ဟားလ်ဟာ အီကွေဒေါအသင်းနဲ့မ တိုင်ခင်သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေနဲ့တွေ့ဆုံမှုလုပ်ခဲ့ပါတယ်။ဒါဟာ ပုံမှတ်ထက် ပိုပြီးထူးမ နေတဲ့ ပွဲကြို သတင်းထုတ်ပြန်မှုတွေလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲကို […]

ဆားဘီးယားနဲ့ပွဲကဒဏ်ရာကြောင့် လက်ကျန်အုပ်စုပွဲတွေကိုလွဲချော်ရတော့မည့် နေမာ

November 26, 2022 Aung 0

ဆားဘီးယားနဲ့အုပ်စုအဖွင့်ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တဲ့ ဘရာဇီးကြယ်ပွင့်နေမာဟာ အသင်းရဲ့အုပ်စု လက်ကျန် ၂ ပွဲစလုံးကိုလွဲချော်သွားပြီလို့ သိရပါတယ်။ အဲဒီပွဲမှာ ၉ ကြိမ်တိုင် လူချကစားခံခဲ့ရတဲ့နေမာဟာ ပွဲချိန်မိနစ် ၈၀ အရောက်မှာ ဆက်မကစားနိုင်တော့တဲ့အတွက်လူစားလဲခြင်းခံခဲ့ရတာပါ။ လူစားလဲခံခဲ့ရ ပြီးနောက် အရန်ခုံမှာထိုင်နေရင်းနာကျင်လွန်းတဲ့အတွက် နေမာဟာ မျက်ရည်တွေတောင် ကျခဲ့ရပါတယ်။ နေမာဟာ သူ့ညာဘက်ခြေထောက်နဲ့ ခြေချင်းဝတ်တို့မှာ […]

ဆော်ဒီနဲ့ဂျပန်ကိုအားကျပြီး ဒုတိယပွဲစဉ်မှာ ဝေးလ်ကိုဂိုးပြတ်တံတွေးဆွတ်ခဲ့တဲ့ အီရန်

November 25, 2022 Aung 0

အီရန်အသင်းဟာ ကမ္ဘာ့ဖလား အုပ်စုအဆင့် ဒုတိယပွဲစဥ်မှာ နာကျင်အချိန်ပို သွင်းဂိုးတွေနဲ့ ဝေးလ်ကို ( ၂-၀ ) အနိုင်ရခဲ့ပါတယ်။ဝေးလ်အသင်းက ပွဲပြီးခါနီးမှာ ( ၁ ) ယောက်ထုတ်ခံခဲ့ရတယ်ဆိုပေမယ့် အီ ရန်အသင်းဟာ ပွဲစဥ်တစ်လျှောက်လုံး ဝေးလ်ကို သိသိသာသာ လွှမ်းမိုးကစားနိုင်ခဲ့ပြီး စောစောစီးစီး ဦး ဆောင်ဂိုးရဖို့ […]

ဆော်ဒီ come back ပြန်လာနိုင်အောင် အဝတ်လဲခန်းထဲ ဆော်ဒီနည်းပြပေါက်ကွဲပြခဲ့တဲ့ အကြမ်းစားစကေးများ

November 25, 2022 Aung 0

အာဂျင်တီးနားကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆော်ဒီနည်းပြဟာဗေးရန်နာ့ဒ်ရဲ့ ပထမပိုင်းအပြီး အဝတ်လဲခန်း အတွင်းမှာ ဆော်ဒီအသင်းသားတွေကို လှုံ့ဆော်ပေးခဲ့တဲ့ ပြောစကားတွေ ထွက်ပေါ်လာခဲ့ပါပြီ။ ပထမ ပိုင်းမှာ အာဂျင်တီးနားကို ဆော်ဒီက ၁-၀ နဲ့ အရေးနိမ့်နေတာဖြစ်ပြီး ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာပဲ ၂ ဂိုးဆက်တိုက် သွင်းယူကာ အံ့အားသင့်ဖွယ်နိုင်ပွဲကို ရယူသွားနိုင်ခဲ့ပါတယ်။ ဆော်ဒီဘောလုံးအဖွဲ့ချုပ် […]

လေ့ကျင့်ခန်းအစီအစဉ်တစ်ခုပြုလုပ်ပြီးချိန်တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံလာရတဲ့ အီရန်ထိပ်တန်းကစားသမားတစ်ဦး

November 25, 2022 Aung 0

အီရန်ထိပ်တန်းကစားသမားတစ်ဦးဟာဝါဒဖြန့်ချိတယ်ဆိုပြီးစွပ်စွဲချက်ဖြင့် အီရန်အာဏာပိုင်တို့ရဲ့လုံခြုံ ရေးတပ်ဖွဲ့ဝင်တို့ရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။အသက်၃၅နှစ်ရှိဗိုရီယာဂါဖူရီဟာကြာသပတေးနေ့ တုန်းကသူ့ကလပ် Foolad Khuzestan နှင့်အတူလေ့ကျင့်ခန်းအစီအစဉ်တစ်ခုပြုလုပ်ပြီးချိန်တွင်ဖမ်းဆီး ထိန်းသိမ်းခြင်းခံခဲ့ရတာဖြစ်ပါတယ်။သူဟာလက်ရွေးစင်အသင်းကိုဂုဏ်သိက္ခာကျဆင်းစေမှု၊နိုင်ငံတော်ကို ဆန့်ကျင်တဲ့ဝါဒဖြန့်ချိမှုတို့ဖြင့်စွဲချက်တင်ခြင်းခံထားရပါတယ်။အီရန်အာဏာပိုင်တို့ရဲ့မီဒီယာအသက်၃၅နှစ် ရှိကစားသမားကို နိုင်ငံတော်ကိုဆန့်ကျင်တဲ့ဝါဒဖြန့်ချိမှု၊ဆန္ဒပြသူများကိုအားပေးထောက်ခံမှုတို့ဖြင့်ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်းဖြစ်ကြောင်းဖော်ပြသွားပါတယ်။ဂါဖူရီဟာအီရန်ရဲ့၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အီရန် နှင့်အတူပါဝင်ခဲ့သူဖြစ်ပြီး၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်အီရန်အသင်းတွင်ရွေးချယ်ခြင်းမခံထားရပါ ဘူး။သူဟာအစောပိုင်းတုန်းကအီရန်ကလပ် Esteghlalတွင်ကစားခဲ့ပြီးအသင်းခေါင်းဆောင်အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပေမဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပြီးနောက် Foolad Khuzestanသို့ပြောင်းခဲ့ပါတယ်။သူဟာ အီရန်အစိုးရအားဆန့်ကျင်ဆန္ဒပြသူများကိုအားပေးထောက်ခံမှုနှင့်အတူစာချုပ်ဖျက်သိမ်းခြင်းခံရတာလို့ ယူဆရပါတယ်။အီရန်လက်ရွေးစင်အသင်းဟာလည်းအီရန်နိုင်ငံအတွင်းဖြစ်ပျက်နေတဲ့အမျိုးသမီးအခွင့် အရေးလှုပ်ရှားသူများကိုထောက်ခံတဲ့အနေဖြင့် အင်္ဂလန်နှင့်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင်နိုင်ငံတော် သီချင်းမသီဆိုဘဲသပိတ်မှောက်ခဲ့ကြပါတယ်။ဒါကြောင့်လည်းအီရန်လက်ရွေးစင်ကစားသမားများဟာ လက်ရှိဥပဒေအရ အီရန်နိုင်ငံသို့ပြန်ရောက်ချိန်တွင်သေဒဏ်ချမှတ်ခံရနိုင်တဲ့အနေအထားမျိုးတွင်လည်း […]

အင်္ဂလန်အသင်းရဲ့ ခြိမ်းခြောက်နိုင်မှုဟာဘာလဲလို့ သတင်းထောက်ကိုပြန်လည်မေးခွန်းထုတ်ခဲ့တဲ့ အမေရိကန်အသင်းခေါင်းဆောင်

November 25, 2022 Aung 0

အမေရိကန်အသင်းခေါင်းဆောင်တိုင်လာအဒမ်စ်ကတော့ ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်ကို ရင်ဆိုင် ရတာထက် ပင့်ကူကို ရင်ဆိုင်ရမှာကို ပိုကြောက်မိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါ တယ်။ လိဒ်ယူနိုက်တက်ကွင်းလယ်လူလည်း ဖြစ်တဲ့ အဒမ်စ်က ဒီနေ့ကစားရမယ့် အင်္ဂလန်နဲ့ပွဲမှာ အ သင်းကို ထပ်မံဦးဆောင်လာဦးမှာဖြစ်ပါတယ်။ မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ကစားသမားတွေအတွက် အင်္ဂလန်က ခြိမ်းခြောက်နိုင်လားလို့ […]

ရော်နယ်ဒိုစတိုင်နဲ့အောင်ပွဲခံခဲ့မှုအတွက် ပြန်လည်ဖြေရှင်းချက်ပေးလာတဲ့ ဂါနာတိုက်စစ်မှူး ဘူကာရီ

November 25, 2022 Aung 0

ဂါနာ ကစားသမား ဘူကာရီဟာ အသင်းအတွက် ဒုတိယမြောက်ချေပဂိုးသွင်းယူအပြီးမှာ ရော်နယ်ဒိုရဲ့ အောင်ပွဲခံမှု ပုံစံအတိုင်း SIUU နဲ့အောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ မထင်မှတ်ထား ခဲ့လို့အံ့အားသင့်ပြီး ကြောင်ပြီး ကြည့်ခဲ့တာကို မီဒီယာတွေကလည်း အမိအရရိုက်ပြသွားနိုင်ခဲ့ပါတယ်။ ဘူကာရီက သူဟာ ရော်နယ်ဒိုကို မလေးစားတဲ့အပြုအမူမျိုး လုပ်ခဲ့ခြင်း မရှိကြောင်း ဖြေရှင်း ပြောကြား […]

ရော်နယ်ဒိုကို အမည်မဖော်ပြထားတဲ့ဆော်ဒီအသင်းတစ်သင်းက အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုကို ထပ်မံကြိုဆိုလိုက်ပြန်တဲ့ ဆော်ဒီအာရေဗျအားကစားဝန်ကြီး

November 25, 2022 Aung 0

ဆော်ဒီအာရေဗျအားကစားဝန်ကြီးက သူတို့ရဲ့ပြည်တွင်းလိဂ်မှာစီရော်နယ်ဒို ကစားတာကို မြင်တွေ့လို ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ၃၇ နှစ်အရွယ်ကစားသမားကလည်း သူ့ကိုအမည်မဖော်ပြ ထားတဲ့အသင်းတစ်သင်းက အံ့အားသင့်ဖွယ်ကမ်းလှမ်းမှုဖြစ်တဲ့ယူရိုသန်း ၃၅၀ တန် ၂ နှစ်စာချုပ်နဲ့ကမ်း လှမ်းမှုလုပ်ခဲ့ကြောင်း ပြီးခဲ့တဲ့ပီးယာ့စ်မော်ဂန်နဲ့အင်တာဗျူးမှာ ဖွင့်ဟခဲ့တာပါ။ စီရော်နယ်ဒိုကို အံ့အား သင့်ဖွယ်ကမ်းလှမ်းမှုလုပ်ခဲ့တာဟာ ဆော်ဒီကလပ်အသင်းတစ်သင်းဖြစ်ပြီးအဲဒါကို ပေါ်တူဂီသားက ငြင်း ဆန်ခဲ့ပါတယ်။ […]

ယူနိုက်တက်ကို ဝယ်ယူရေးအခြေအနေတွေမှာ ပါဝင်လာဖို့ရှိလာနေတဲ့ ချဲလ်ဆီးလူငယ်ကစားသမားဟောင်း

November 25, 2022 Aung 0

မန်ချက်စတာယူနိုက်တက်ကိုကာလရှည်ကြာပိုင်ဆိုင်လာခဲ့တဲ့ဂလေဇာမိသားစုဟာဗုဒ္ဓဟူးနေ့တုန်းက ယူနိုက်တက်ပရိသတ်တိုင်းအကြားချင်ဆုံးစကားအဖြစ်ကလပ်ကိုရောင်းချသွားတော့မှာဖြစ်ကြောင်းကြေ ငြာခဲ့ပါတယ်။အမေရိကန်ဘီလျှံနာတို့ဟာ၂၀၀၅ခုနှစ်ကတည်းကယူနိုက်တက်ကိုအကြွေးများဖြင့်ဝယ်ယူ လိုက်ပြီးတဲ့နောက်အသင်းကိုပိုင်ဆိုင်တဲ့၁၇နှစ်တာကာလအတွင်းတွင်ယူနိုက်တက်ပရိသတ်များရဲ့ဆန္ဒပြ သပိတ်မှောက်မှုများဖြင့်ရင်ဆိုင်လာခဲ့ရပါတယ်။ဂလေဇာမိသားစုဟာယူနိုက်တက်ကိုပေါင်၅ဘီလီယံဖြင့် ရောင်းချသွားဖို့ရှိနေပါတယ်။လက်ရှိအချိန်တွင်ကမ္ဘာပေါ်တွင်ပရိသတ်အများဆုံးအသင်းအဖြစ်ရပ်တည် နေတဲ့ယူနိုက်တက်ကိုဝယ်ယူသူတွေများစွာရှိနေပါတယ်။ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့အပြင်ယူ နိုက်တက်အမာခံပရိသတ်ဆာဂျမ်ရက်ကလစ်ဖ်၊ Zara ပိုင်ရှင်အေမန်စီယိုအော်တေဂါအပြင် အမေရိကန် နည်းပညာကုမ္ပဏီ Apple ကလည်းကမ်းလှမ်းလာနိုင်ပါတယ်။ဒါ့အပြင်ယူနိုက်တက်ကိုဝယ်ယူရေးကမ်း လှမ်းလာနိုင်တဲ့သူတွေထဲမှာ ချဲလ်ဆီးလူငယ်ကစားသမားဟောင်းတစ်ဦးလည်းပါဝင်လာနေပါတယ်။ Daily Star သတင်းစာကဘရူနိုင်းတော်ဝင်မိသားစုဝင် ဖိုက်ဘိုကီယာဟာယူနိုက်တက်ကိုဝယ်ယူရေးကမ်း လှမ်းလာနိုင်ပါတယ်။ဘရူနိုင်ဘုရင်ရဲ့တူတော်စပ်သူအသက်၂၄နှစ်ရှိဘောလုံးသမားဟာဆောက်သမ်တန်၊ ချဲလ်ဆီး၊လက်စတာတို့တွင်ကစားခဲ့သူဖြစ်ပြီးဒေါ်လာ၂၀ဘီလီယံဖြင့်ဘောလုံးလောကတွင်အချမ်းသာဆုံး ဘောလုံးသမားအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။သူဟာဘရူနိုင်းဘုရင်ဟာဆာနယ်ဘိုကီယာရဲ့တူ ဖြစ်ပေမဲ့လည်းယခုတိုင်ဘောလုံးကစားနေဆဲဖြစ်ပါတယ်။သူဟာထိုင်းကလပ်ချောင်ဘူရီတွင်ကစားနေ တုန်းဖြစ်ပါတယ်။ […]

ရော်နယ်ဒိုပေးတဲ့ အိမ်မက်တွေနဲ့ ငယ်ဘဝရှေ့ဆက်ခဲ့တာဖြစ်ကြောင်း ဖွင့်ဟဝန်ခံလာတဲ့ အာဆင်နယ်ကြယ်ပွင့်

November 25, 2022 Aung 0

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမားတစ်ဦးဖြစ်သူ ဘူကာယို ဆာကာက ခရစ္စတီယာနို ရော်နယ် ဒိုဟာ သူ့ရဲ့ အိုက်ဒေါဖြစ်ကြောင်းနဲ့ ငယ်စဉ်က ရော်နယ်ဒိုကို ကြည့်ပြီးတော့ ကြီးပြင်းခဲ့ရတာဖြစ်ကြောင်း ဝန်ခံလာခဲ့ပါတယ်။ အသက် ၂၁ နှစ် အရွယ်သာရှိသေးတဲ့ ဆာကာဟာ ဒီရာသီပြိုင်ပွဲစုံ ပွဲ ၂၀ မှာ ၅ ဂိုးသွင်း […]