
ဂွာဒီယိုလာကိုကျော်ဖြတ်ပြီး စက်တင်ဘာလအတွက်(၁)လတာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးပြလိုက်တဲ့ ယူနိုက်တက်နည်းပြ
မန်ချက်စတာယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ စက်တင်ဘာလအတွက်ပရီးမီးယားလိဂ်(၁)လတာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။ယူနိုက်တက်အသင်းဟာ စက်တင်ဘာလအတွင်း ကစားခဲ့တဲ့ လက်စတာ၊အာဆင်နယ်တို့နဲ့ပွဲတွေမှာ (၁-ဝ)ဂိုး၊ (၃-၁)ဂိုးနဲ့အနိုင်ရခဲ့သလို ပရီးမီးယားလိဂ် နောက်ဆုံး(၄)ပွဲဆက်တိုက်နိုင်ပွဲရယူခဲ့ပါတယ်။ အဲဒါကြောင့် အဲရစ်တန်ဟက်ဟာပြိုင်ဘက်နည်းပြတွေ ဖြစ်တဲ့ ကွန်တီ(စပါး)၊ ဂယ်ရီအိုနေးလ်(ဘုန်းမောက်-ယာယီ)တို့ကိုကျော်ဖြတ်ပြီးတော့ အခု အကောင်းဆုံး ဆုကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။အဲရစ်တန်ဟက်အနေနဲ့ ဂန္ထဝင်နည်းပြကြီးဖာဂူဆန်ခေတ်နောက်ပိုင်းပရီး မီးယားလိဂ်(၁)လတာအကောင်းဆုံးနည်းပြဆုရရှိခဲ့တဲ့ ဒုတိယမြောက်ယူနိုက်တက်နည်းပြဖြစ်ခဲ့သလို ပရီး မီးယားလိဂ်ပြိုင်ပွဲကို […]