ကမ္ဘာ့ဖလားအဖွင့်ပွဲကစားရန်ရှိနေတဲ့ အင်္ဂလန်အတွက်စိုးရိမ်စရာဖြစ်လာတဲ့ ဆာကာရဲ့ ဒဏ်ရာပြဿနာ
October 31, 2022 Aung 0
ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ ဂိုးသမားဒီဂီယာကို ပြန်လည်ရွေးချယ်ဖို့အတွက် စပိန်ပရိသတ်တချို့ရဲ့ တောင်းဆိုမှုတွေရှိလာ
October 31, 2022 Aung 0
ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် စပိန်ရဲ့ ပဏာမလူစာရင်း ၅၅ ဦးမှာ မပါဝင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ဂိုးသမားဒီဂီယာကို ပြန်လည်ရွေးချယ်ဖို့အတွက် စပိန်ပရိသတ်တချို့ရဲ့ တောင်းဆိုမှုတွေရှိနေခဲ့ပါပြီ။ ဝက်စ် ဟမ်းနဲ့ပွဲမှာ လက်စွမ်းပြခဲ့တဲ့ ဒီဂီယာကို ရွေးချယ်ခေါ်ယူသွားဖို့အတွက် တိုက်တွန်းနေတာဖြစ်ပြီး စပိန် နည်းပြလူး၀စ္စအင်းနရစ်ကို ပြန်လည်စဉ်းစားဖို့လည်း ပြောဆိုနေကြတာပါ။ ဝက်စ်ဟမ်းနဲ့ပွဲမှာ သေချာ​ ပေါက်ဂိုးပေးရနိုင်တဲ့ ၄ […]
ဂျီရိုနာနဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ကို အကောင်းဆုံးဆု ပေးပစ်ခဲ့တဲ့ အန်ဆယ်လော့တီ
October 31, 2022 Aung 0
ရီးရဲလ်မက်ဒရစ်အသင်းနည်းပြကြီး အန်ဆယ်လော့တီကတော့ ဂျီရိုနာနဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကို တော်တော်လေးဒေါသထွက်ပေါက်ကွဲနေခဲ့ပါတယ်။ ဂျီရိုနာကို ဂိုးသွင်းယူနိုင်ဖို့ အခက်တွေ့နေခဲ့တဲ့ ရီးရဲလ်ဟာ ဒုတိယပိုင်းမှာ ဗင်နီရှပ်ရဲ့ ဦးဆောင်ဂိုးရခဲ့ပေမယ့်လည်း ပွဲချိန်မိနစ် ၈၀ မှာ ပင်နယ်တီပေးခဲ့ရကာ ချေပဂိုးပြန်အသွင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ရိုဒရိုင်ဂိုက ရီးရဲလ် အတွက် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး […]
ယူနိုက်တက်ဂန္ထဝင်ဂိုးသမားကြီး ပီတာရှမိုက်ကယ်ကတောင် ချီးကျူးခံရတဲ့အထိ ဝက်စ်ဟမ်းနဲ့ပွဲမှာလက်စွမ်းပြနိုင်ခဲ့တဲ့ ဒီဂီယာ
October 31, 2022 Aung 0
မန်ချက်စတာယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ ဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ပွဲမှာ လက်စွမ်းပြကာကွယ်မှု တွေလုပ်ခဲ့ပြီးစပိန်အသင်းနည်းပြလူးဝစ်အင်းနရစ် နောင်တရစရာဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အင်းနရစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပဏာမကစားသမား(၅၅)ဦးစာရင်း ထုတ်ပြန်ခဲ့ပြီးဂိုးသမားနေရာမှာ (၅)ဦးအထိရွေးချယ်ခဲ့ပေမယ့် ဒီဂီယာကို အံ့အားသင့်စရာ ချန်လှပ်ခဲ့ပါ တယ်။ဝက်စ်ဟမ်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒီဂီယာဟာ အန်တိုနီယိုရဲ့ ပြင်းထန်အားပါတဲ့ ကန်ချက် ကို ပုတ်ထုတ်ခဲ့ပြီးဇူးမားရဲ့ […]
ဝက်စ်ဟမ်းနဲ့ပွဲမှာ တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပြီးနောက်ရွန်းနီနောက်ပိုင်း (၂၂)ဦးမြောက်နေရာကို ယူလာတဲ့ ရပ်ရှ်ဖို့ဒ်
October 31, 2022 Aung 0
မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမားရပ်ရှ်ဖို့ဒ်ဟာ ဂန္ထဝင်တိုက်စစ်မှူးရွန်နီနောက်ပိုင်း အသင်းအတွက် ဂိုး(၁၀၀)ပြည့်သွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်သူ ရပ်ရှ်ဖို့ဒ်ဟာ ဝက်စ်ဟမ်းအသင်းကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲ၊ပထမပိုင်း (၃၈)မိနစ်မှာ အဲရစ်ဆင် ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းယူခဲ့ပြီးဒါက သူ့ရဲ့ ယူနိုက် တက်ကစားသမားဘ၀ သွင်းဂိုး(၁၀၀)မြောက်လည်းဖြစ်ခဲ့ပါတယ်။ရှရစ်ဖ်အသင်းကို (၃-ဝ)ဂိုးနဲ့အနိုင်ရခဲ့ တဲ့ ယူရိုပါလိဂ်ပွဲတုန်းက ခေါင်းတိုက်ဂိုးသွင်းခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ဟာအခု […]
ဆိုးရွားလာတဲ့ ရလဒ်ပိုင်းတွေအရ နည်းပြနဲ့ အသင်းပိုင်ရှင်တို့အပေါ်ဒေါသတကြီး ဝေဖန်လာကြတဲ့ လီဗာပူးပရိသတ်များ
October 31, 2022 Aung 0
အန်ဖီးလ်မှာ လိဒ်စ်အသင်းကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် လီဗာပူးလ်ပရိသတ်တွေဟာ အသင်း အတွက် လိုအပ်တဲ့ ရင်းနှီးမြုပ်နှံမှု မလုပ်ခဲ့တဲ့အသင်းပိုင်ရှင် Fenway Sports Group အပေါ် ဝေဖန်ပြစ် တင်နေကြပါတယ်။၂၀၁၉-၂၀ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လီဗာပူးလ်အသင်းဟာဒီရာသီမှာ ရလဒ် ဆိုးတွေနဲ့ ရုန်းကန်နေရပြီး (၁၂)ပွဲကစားအပြီးမှာ(၄)ပွဲနိုင်၊ (၄)ပွဲသရေ၊ (၄)ပွဲရှုံး၊ (၁၆)မှတ်သာရရှိထား […]
ဝက်စ်ဟမ်းနဲ့ပွဲမှာ အရန်စာရင်းထဲတောင်မထည့်ခဲ့တဲ့ အန်တိုနီနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ အံရစ်တန်ဟက်
October 31, 2022 Aung 0
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာဝက်စ်ဟမ်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အန်တိုနီကို လူစာရင်းမှာတောင် မထည့်သွင်းခဲ့တာနဲ့ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ယူနိုက်တက်ကိုပေါင်သန်း(၈၂)သန်းနဲ့ပြောင်းရွှေ့ခဲ့သူ အန်တိုနီဟာ အာဆင်နယ်ကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲဦးထွက်ကစားခွင့်ရခဲ့ပြီး အဲဒီနောက်ပိုင်းကတည်းကပြိုင် ပွဲစုံ(၁၀)ပွဲဆက်တိုက် ကစားခဲ့ပါတယ်။ဒါပေမဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ အဲရစ်တန်ဟက်ကအန်တိုနီကို အရန်စာရင်းမှာတောင် မထည့်သွင်းခဲ့တာကြောင့်ပရိသတ်တွေအတွက် အံအားသင့်စရာဖြစ်ခဲ့ရပါတယ်။ မီဒီယာတွေက အန်တိုနီကို ရှရစ်ဖ်နဲ့ပွဲမှာ Skill […]
ဒီဂီယာရဲ့ လက်စွမ်းပြနိုင်မှုကြောင့် ခဲရာခဲဆစ် သုံးမှတ်ရယူနိုင်ခဲ့ပြီး ချဲလ်ဆီးထိပ်ကျော်တက်လာနိုင်ခဲ့တဲ့ ယူနိုက်တက်
October 31, 2022 Aung 0
အခုနိုင်ပွဲအတွက် ရပ်ရှ်ဖို့ဒ်တစ်ယောက်တည်းမဟုတ်ဘဲ ဝက်စ်ဟမ်းအသင်းရဲ့အပိုင်ဂိုးသွင်းခွင့်(၃)ကြိမ်ကို လက်စွမ်းပြကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား ဒီဂီယာကိုလည်း မဖြစ်မနေ ချီးကျူးရမှာဖြစ်ပါတယ်။အဲရစ်တန် ဟက်ရဲ့ ပွဲထွက်ကစားသမားစာရင်းက အပြောင်းအလဲတချို့ရှိခဲ့ပြီး အန်တိုနီကို လူစာရင်းထဲမှာတောင် မ ထည့်ဘဲတောင်ပံတိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်၊ အီလန်ဂါတို့ကို အသုံးပြုခဲ့သလို မက်ဂွိုင်းယားလည်း ပွဲထွက်ခွင့် ပြန်ရခဲ့တယ်။ဒါပေမဲ့ မက်ဂွိုင်းယားရဲ့ ပုံစံက ဘာမှ ထူးထူးခြားခြားတိုးတက်လာတာမျိုး […]
ပွဲအစ ၅ မိနစ်မှာပဲအဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ကံဆိုးရှာသူ သူတို့ကစားသမားအတွက် အမှတ်တရဂုဏ်ပြုပေးခဲ့တဲ့ မာတင်နယ်လီ
October 30, 2022 Aung 0
အာဆင်နယ်တိုက်စစ်မှုးမာတင်နယ်လီဟာ နော်တင်ဟမ်နဲ့ပွဲမှာ စောစောစီးစီးပဲ သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲအစ ၅ မိနစ်မှာပဲ ဆာကာရဲ့ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ဂိုးသွင်းပြီးနောက် အဲဒီ ဘရာဇီးသားဟာ အခုသီတင်းပတ်ထဲမှာပဲ မီလန်မှာ ဓားထိုးခံခဲ့ရတဲ့ နောက်ခံလူပက်ဘလိုမာရီကို အား ပေးတဲ့အနေနဲ့သူ့နာမည်နဲ့ နံပါတ်ပါတဲ့ အာဆင်နယ်အင်္ကျီကို အသင်းဖော်တွေနဲ့အတူ ကိုင်မြှောက်ပြခဲ့ ပါတယ်။၂၉ နှစ်အရွယ် ကစားသမားဟာ လက်ရှိမှာ […]
ဇယားထိပ်တက်ထိုင်လာတဲ့ မန်စီးတီးကို တောနက်ထဲဝင်ပြီး အမြောက်နဲ့ထုချလိုက်ပြန်တဲ့ အာဆင်နယ်
October 30, 2022 Aung 0
အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ တန်းတက် နော်တင်ဟမ်ဖော်ရက်စ်ကို (၅-ဝ)ဂိုးပြတ်အနိုင်ယူပြီး တော့မန်စီးတီးဆီကနေ အဆင့်(၁)နေရာကို ပြန်လွှဲပြောင်းရယူခဲ့ပါတယ်။ပြီးခဲ့တဲ့တစ်ပတ်က လီဗာပူးလ် ကို မယုံနိုင်စရာ အနိုင်ကစားပြခဲ့တဲ့ နော်တင်ဟမ်ဖော်ရက်စ်အသင်းဟာအီမရိတ်စ်ကွင်းမှာတော့ အာဆင် နယ်ကို ဘယ်လိုမှ ဒုက္ခမပေးနိုင်ဘဲ ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ပွဲအစ(၅)မိနစ်မှာပဲ ဆာကာရဲ့ ပေးပို့မှု ကနေ ဒီရာသီမှာ အာဆင်နယ်အတွက် ခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ […]