နောက်ဆုံးနှစ်ပွဲဆက်တိုက် ဟက်ထရစ်သွင်းပြီး ယူနိုက်တက်နဲ့ချဲလ်ဆီးကိုထိပ်ပုတ်နေတဲ့ ဟာလန်း
September 1, 2022 Aung 0
မန်စီးတီးတိုက်စစ်မှူးဟာလန်းဟာ မနေ့ညက ကစားခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်နဲ့ အိမ်ကွင်းပွဲမှာ ဟက်ထရစ်ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီရာသီ သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးက (၉) ဂိုးအထိရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။ဒါ့အပြင် ဟာလန်းဟာ နောက်ဆုံးနှစ်ပွဲဆက်တိုက် ဟက် ထရစ်သွင်းယူနိုင်ခဲ့တာပါ။ ဒါ့အပြင် သူ့ရဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ကလည်း ဒီရာသီမှာ ချဲလ်ဆီး၊ ယူနိုက်တက်တို့ တသင်းလုံးပေါင်းသွင်းယူထားတဲ့ ပရီးမီးယားလိဂ်သွင်းဂိုးအရေအတွက်ထက် […]
မက်ဂွိုင်းယားလိုအဖြစ်မျိုးနဲ့ ရင်မဆိုင်ရဖို့ ဆုတောင်းနေရပြီဖြစ်တဲ့ ချဲလ်ဆီးပရိသတ်များ
September 1, 2022 Aung 0
လက်စတာအသင်းဟာ သူတို့ရဲ့ ပြင်သစ်လူငယ်နောက်ခံလူဖိုဖာနာကို ချယ်လ်ဆီးအသင်းဆီ ယူရို (၈၂)သန်း (ပေါင်သန်း၇၀ကျော်)နဲ့ရောင်းချလိုက်ပြီဖြစ်ပါတယ်။ အသက်(၂၁)နှစ်သာရှိသေးတဲ့ ဖို ဖာနာဟာ ၂၀၂၀ ခုနှစ်တုန်းက စိန့်အက်တီယန်အသင်းကနေ လက်စတာအသင်းကို ယူရို(၄၂)သန်း နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အချိန်တိုအတွင်းမှာပဲ အသင်းရဲ့အဓိက,ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ သလို ၂၀၂၀-၂၁ ရာသီမှာ ပရိသတ်တွေကရွေးချယ်တဲ့ (၁)နှစ်တာအကောင်းဆုံးလူငယ်ကစားသမား ဆုဆွတ်ခူးခဲ့ပါတယ်။ပြီးခဲ့တဲ့ရာသီမစခင် […]
အန်တိုနီထွက်မှ ယူနိုက်တက်သွေးတက်အောင် ဆေးထိုးချက်ကြမ်းလိုက်တဲ့ အေဂျက်ဇ်နည်းပြ
September 1, 2022 Aung 0
အေဂျက်စ်နည်းပြ ရှရက်ဒါက သူ့ကစားသမား အန်တိုနီဟာ ယူရိုသန်း (၁၀၀) မတန်တဲ့အကြောင်း ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ အပြောင်းအရွှေ့ နောက်ဆုံးရက်သတ္တပတ် ရောက်မှ ယူနိုက်တက်က အန်တိုနီကို အသည်းအသန်ကြိုးစားခဲ့ပြီး အခုချိန်မှာတော့ အေဂျက်စ် တောင်းဆိုနေတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) ကို ပေးချေဖို့ သဘောတူညီခဲ့ပြီးလည်းဖြစ်ပါ […]
ချန်ပီယံလိဂ်သာကစားချင်နေတဲ့ရော်နယ်ဒိုအတွက် ကစားရမဲ့အသင်းကို ဆုံးဖြတ်ပေးလိုက်တဲ့ တန်ဟက်
September 1, 2022 Aung 0
ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကနေ ဒီရာသီမှာ ထွက်တော့ မာ မဟုတ်ဘူးလို့ အပြောင်းအရွှေ့ဈေးကွက်ရဲ့ နောက်ဆုံးရက်မှာ အဲရစ် တန်ဟန့်က အတည်ပြု ပြောဆိုလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားချင်တာကြောင့် နွေရာသီအစော ပိုင်းကာလမှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ချင်ကြောင်းတောင်းဆိုခဲ့ပြီး၊ အက်သလက်တီကို မက်ဒရစ်၊ ဘိုင်ယန် မြူးနစ်၊ ချယ်လ်ဆီးအသင်းတို့နဲ့ […]
ထိန်းမနိုင်သိမ်းမရ ခြေစွမ်းတွေပြပြီး ဘယ်လိုမှ ရပ်တန့်လို့မရဖြစ်နေတဲ့ အာဆင်နယ်
September 1, 2022 Aung 0
အာဆင်နယ်ကတော့ သူတို့ရဲ့ အတောင့်တင်းဆုံး လူစာရင်းကို ပွဲထုတ်ခဲ့ပြီး ဗီလာကိုလည်း ဖိအား ပေးကစားနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးလည်း သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ချေပဂိုးပြန်ပေးခဲ့ရပေ မယ့် ချက်ချင်းဆိုသလို အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ နိုင်ပွဲဆက်ခဲ့ရတာလည်း ဖြစ် ပါတယ်။ အာဆင်နယ်က ပထမပိုင်းမှာ ဆက်တိုက်ကို ဖိအားပေးကစားခဲ့ပြီး တဂိုးထက်ပိုရနိုင်တဲ့ အ […]
ယူနိုက်တက်က အင်္ဂလန်လူငယ်ကွင်းလယ်လူကို တခြားအသင်းတွေထက် လက်ဦးမှုရသွားခဲ့တဲ့ အဲဗာတန်
September 1, 2022 Aung 0
မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့လူငယ်ကွင်းလယ်လူဂျိမ်းဂါနာအတွက် အဲဗာတန်အ သင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပြီဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ဒီရာ သီအတွက် သူ့ရဲ့စီမံကိန်းတွေမှာ ဂျိမ်းစ်ဂါနာ မပါဝင်တာကြောင့် ဒီအင်္ဂလန်လူငယ်ကွင်းလယ်လူ ကို အခုလအစောပိုင်းကတည်းက အရောင်းစာရင်းတင်ခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းက တခြား အသင်းတွေထက် လက်ဦးမှုရယူနိုင်ခဲ့ပါပြီ။အသက်(၂၁)နှစ်သာရှိသေးတဲ့ ဂျိမ်းစ်ဂါနာဟာ အပြောင်း အရွှေ့ဈေးကွက်ပိတ်မယ့် ကြာသပတေးနေ့မတိုင်ခင် အဲဗာတန်အသင်းနဲ့စာချုပ်,ချုပ်ဆိုသွားမှာဖြစ် […]
အငြင်းပွားဖွယ် လူကျွံဘောနဲ့အတူ သရေတစ်မှတ်စီခွဲယူခဲ့ကြတဲ့ လိဒ်နှင့်အဲဗာတန်
September 1, 2022 Aung 0
အိမ်ကွင်းမှာတောင် နယူးကာဆယ်ကြောင့် ရင်ကြပ်ခဲ့ရတဲ့ လီဗာပူး
September 1, 2022 Aung 0
လီဗာပူးကတော့ အိမ်ကွင်းမှာ နယူးကာဆယ်ကို အနိုင်ရဖို့ တော်တော်လေး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ ရပြီး နောက်ဆုံးမိနစ်မှသာ လူစားဝင်ကစားသမား ကာဗယ်လ်ဟိုရဲ့ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးတို့ အိမ်ကွင်းဆိုပေမယ့် ဦးဆောင်ဂိုးပေးခဲ့ရပြီး ချေပဂိုးနဲ့အနိုင်ဂိုးတွေရဖို့အတွက်လည်း ခဲ ရာခဲဆစ် ကြိုးစားခဲ့ရတာဖြစ်ပါတယ်။ကလော့ပ်ရဲ့ လီဗာပူးက ဒါဝင်နူးနက်ဇ် မပါနိုင်သေးသည့်တိုင် ဒီပွဲမှာလည်း သူတို့ရဲ့ […]