မန်စီးတီးနဲ့ ဒါဘီပွဲအတွက် ပရိသတ်တွေကြားချင်နေတဲ့ ကတိစကားပါးလိုက်တဲ့ ယူနိုက်တက် နောက်ခံလူ
September 30, 2022 Aung 0
ယူနိုက်တက်ပရိသတ်တွေအတွက် မန်ချက်စတာ ဒါဘီပွဲစဉ်မှာ မန်စီးတီးကို အနိုင်ရအောင်ကစားရမယ်ဆို ပြီး ခံစစ်မှူးဗာရန်းက ပြောဆိုလာပါတယ်။“ကျွန်တော်တို့တွေ ပြိုင်ဘက်အသင်းတွေနဲ့ရင်ဆိုင်ရာမှာ အဓိ ကတွန်းအားဖြစ်စေမှုက ပရိသတ်တွေဆီကလာတာပါ။ဒါဘီပွဲစဉ်ရဲ့ပြိုင်ဆိုင်မှုက ပရိသတ်ဆီကနေလာ တာဖြစ်သလို ဒီပွဲစဉ်က အရေးကြီးတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။အသင်းပရိသတ်တွေရဲ့ ပြိုင်ဆိုင်လို စိတ်ကိုလည်း ကျွန်တော်တို့တွေက လေးစားတန်ဖိုးထားပါတယ်။ကျွန်တော်တို့တွေက ပရိသတ်တွေကို လည်း ပျော်ရွှင်စေချင်ပါတယ်။ဒါကြောင့်လည်း မန်စီးတီး၊ လီဗာပူးတို့လို […]
ယူနိုက်တက်နဲ့ပွဲမှာ ပုံမှန်မဟုတ်တဲ့အရာနဲ့ အမှတ်တရတွေပေးဖို့ကြိုးစားလာတဲ့ အာလင်းဟာလန်း
September 30, 2022 Aung 0
လာမယ့် မန်ချက်စတာဒါဘီပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေရာမှာ မန်စီးတီးတိုက်စစ်မှူးဟာ လန်းက ညာခြေကန်ချက်တွေကိုပါ တော်တော်လေးပြင်ဆင်လေ့ကျင့်နေတယ်လို့ သိရပါတယ်။ ဘယ်သန် ကစားသမားဖြစ်တဲ့ ဟာလန်းအတွက်တော့ ညာခြေထောက်က အားနည်းချက်အဖြစ်ရှိနေတာဖြစ်ပြီး အ ခုအခါမှာ သူ့ရဲ့ ပထမဆုံးသော မန်ချက်စတာဒါဘီပွဲကို အပီအပြင်ဆင်နွှဲဖို့အတွက် အားထုတ်နေပြီဖြစ်ပါ တယ်။ ဒီရာသီပရီးမီးယားလိဂ်မှာ သွင်းဂိုးအများဆုံးရရှိထားပြီး ရွှေဖိနပ်ဆုအတွက် […]
သားဖြစ်သူနဲ့အတူ စပို့တင်းလစ္စဘွန်းအတွက်အတူကစားလာနိုင်ကြောင်းဟောကိန်းထုတ်လိုက်တဲ့ ရော်နယ်ဒို၏မိခင်
September 30, 2022 Aung 0
ပရိသတ်တွေရဲ့ သံသယကိုချေဖျက်ဖို့ အဲရစ်ဆန်ကအကောင်းဆုံးသက်သေပြခဲ့ပြီဖြစ်ကြောင်း ပြောလိုက်တဲ့ ဖာနန်ဒက်
September 30, 2022 Aung 0
မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဖြစ်သူ ဘရူနို ဖာနန်ဒက်စ်က ခရစ္စတန်ဆန် အဲရစ်ဆန် နဲ့ တွဲဖက်ကစားရတာဟာ သူ့ရဲ့ ကစားပုံကို ပိုပြီးတော့ လွယ်ကူစေတယ်လို့ ‌ဝန်ခံပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းဟာ အဲရစ်ဆန်ကို ပြီးခဲ့တဲ့နွေရာသီတုန်းက အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး၊ အဲရစ်ဆန်ဟာ မန် ချက်စတာမှာ ပထမလအတွင်းမှာပဲအထင်ကြီးစရာခြေစွမ်းမျိုးပြသထားနိုင်ခဲ့ပြီး တန်ဟန့်ရဲ့ အဓိကကျတဲ့ ကစားသမားတစ်ဦး ဖြစ်လာနေကာ၊ […]
ချယ်လ်ဆီးအသင်းနဲ့အတူ သမိုင်းဝင်အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြတဲ့ နိုင်ငံလက်ရွေးစင်နှစ်ဦး ကစားသမားဘဝမှအနားယူ
September 30, 2022 Aung 0
ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်စတဲ့ သမိုင်းဝင်အောင်မြင်မှုတွေ ရယူနိုင်ခဲ့ကြတဲ့ မီခေးလ်နဲ့ ရာမီရက်စ်တို့ဟာ အခုဆိုရင်သူတို့ရဲ့ ဘောလုံးသမားဘဝတွေကို အဆုံးသတ်လိုက်ကြပြီဖြစ်ပါ တယ်။အသက်(၃၅)နှစ်အရွယ်ရှိပြီဖြစ်သူ နိုက်ဂျီးရီးယားလက်ရွေးစင်ကွင်းလယ်လူဟောင်းမီခေးလ်ဟာ ဘောလုံးလောကမှာ နောက်ထပ်နှစ်အနည်းငယ် ဆက်ကစားနိုင်တဲ့အနေအထားရှိပေမယ့် အနားယူဖို့ဆုံး ဖြတ်ခဲ့တာပါ။ ၂၀၀၆ ခုနှစ်မှာမန်ချက်စတာယူနိုက်တက်ကို ရောက်ဖို့နီးစပ်ခဲ့ပြီးမှ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့သူ မီခေးလ်ဟာ အသင်းအတွက် ၂၀၁၇ […]
မန်စီးတီးနဲ့ပွဲကိုင်မဲ့ ကွင်းလယ်ဒိုင်ကို လီဗာပူးကပွဲကလိုဖြစ်စေချင်နေတဲ့ ယူနိုက်တက်ပရိသတ်များ
September 30, 2022 Aung 0
လာမယ့်တနင်္ဂနွေနေ့ကျရင် ပရီးမီးယားလိဂ်ပွဲကြီးပွဲကောင်းအဖြစ် မန်စီးတီးနဲ့မန်ချက်စတာယူနိုက်တက် တို့ရဲ့ မန်ချက်စတာဒါဘီပွဲယှဉ်ပြိုင်ကစားမှာဖြစ်ပြီးအဲဒီပွဲကို နာမည်ကျော်ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီ ဗာက တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပါတယ်။မန်စီးတီးအသင်းဟာ တိုက်စစ်မှူးဟာလန်းရဲ့ခြေစွမ်းပြမှုနဲ့ အတူ ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ ယူနိုက်တက်အသင်းကလည်း ပရီးမီးယားလိဂ်နောက် ဆုံး(၄)ပွဲဆက် အနိုင်ကြောင့် အမှတ်ပေးဇယားအဆင့်(၅)နေရာတက်လှမ်းနိုင်ခဲ့ပါတယ်။ဒီပွဲက နှစ်သင်း စလုံးအတွက် အရေးပါတဲ့ပွဲဖြစ်ပြီး ဒိုင်လူကြီးအိုလီဗာကိုင်တွယ်တဲ့ပွဲတွေဆိုရင် ယူနိုက်တက်တို့ ရလဒ် ကောင်းလေ့မရှိတဲ့အတွက် […]
ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အိမ်ရှင်ကာတာအား ဗလာကျင်းအင်္ကျီဖြင့် ကန့်ကွက်ကြောင်းဆန္ဒပြလာမဲ့ ဒိန်းမတ်
September 29, 2022 Aung 0
ဒိန်းမတ်ဟာ‌ကမ္ဘာ့ဖလားပြိုင်ပွဲတွင်အိမ်ရှင်ကာတာရဲ့လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ရွှေ့ပြောင်းအလုပ် သမားများအပေါ်ဆက်ဆံမှုတို့အပေါ် ကန့်ကွက်တဲ့အနေဖြင့် ဗလာကျင်းအင်္ကျီဝတ်ဆင်ကစားသွားပါမယ်။ ဒါ့အပြင် ဒိန်းမတ်အတွက်အင်္ကျီဖန်တီးတဲ့ Hummel ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးအတွက်အ ဆောက်အဦများဆောက်လုပ်စဉ် သေဆုံးသွားခဲ့တဲ့အလုပ်သမားများအတွက်ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် တတိယဝတ်စုံအဖြစ်အနက်ရောင်ဝမ်းဆက်ကိုလည်းဖန်တီးထားပါတယ်။Hummel ကထောင်ပေါင် များစွာသောလူ့အသက်ဆုံးရှုံးခဲ့တဲ့ပြိုင်ပွဲတစ်ခုကို ထင်ထင်ပေါ်ပေါ်မဖြစ်စေလိုတဲ့ဆန္ဒဖြင့်ယင်းသို့ဗလာ ကျင်းနေတဲ့ဝတ်စုံဝတ်ဆင်ရန်ဒီဇိုင်းဖန်တီးလိုက်တာဖြစ်ကြောင်းဆိုသွားပါတယ်။ဒိန်းမတ်အသင်းဝတ်စုံ တွင်လိုဂိုကိုလည်းမှေးမှိန်ထားပါမယ်။ဒိန်းမတ်ဟာအိမ်ကွင်းဝတ်စုံအဖြစ်အနီရောင်နှင့်အဝေးကွင်းဝတ်စုံ အဖြစ်အဖြူရောင်ဝတ်ဆင်ပါမယ်။ဒါ့အပြင်ဒိန်းမတ်ရဲ့စပွန်ဆာများဟာလည်းဒိန်းမတ်ရဲ့ကာတာကမ္ဘာ့ ဖလားကိုဆန့်ကျင်မှုအားထောက်ပံ့တဲ့အနေဖြင့်လေ့ကျင့်ရေးဝတ်စုံတွင်စပွန်ဆာလိုဂိုများထည့်သွင်းမှုမှ ရုတ်သိမ်းခဲ့ပါတယ်။Hummel က”ကာတာရဲ့လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ကမ္ဘာ့ဖလားကွင်းတည်ဆောက် ရာမှာရွှေ့ပြောင်းအလုပ်သမားတွေကိုဆက်ဆံခဲ့မှုတွေအတွက် ကြေညာချက်တစ်ခုထုတ်ပြန်ချင်ခဲ့ကြ တယ်။ကျွန်တော်တို့ကအားကစားကအားလုံးကိုပေါင်းစည်းစေတယ်လို့ယုံကြည်တယ်။ပြီးတော့မစည်းလုံး တော့ […]
ဆန္ဒမဲကောက်ခံမှုတစ်ခုတွင် ကစားသမားဟောင်း ၆၆ ရာခိုင်နှုန်းတို့ကမက်ဆီထက် ရော်နယ်ဒိုကိုထောက်ခံမဲပေးခဲ့ကြ
September 29, 2022 Aung 0
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ဒဏ္ဍာဘောလုံးကစားသမားဘဝမှာပြိုင်ဘက်လီယွန်နယ်မက်ဆီထက်ပိုကောင်း ကြောင်းဘောလုံးသမားဟောင်းများကယုံကြည်နေကြပါတယ်။ဂလိုဘယ်စူပါစတားများဟာပြီးခဲ့တဲ့နှစ် ပေါင်းနှစ်ဆယ်အတွင်းတွင် ဘောလုံးပရိသတ်များအကြားအကြီးမားဆုံးအငြင်းပွားစရာဖြစ်လာခဲ့ကြသူ များလည်းဖြစ်ကြပါတယ်။အသက်၃၅နှစ်ရှိလီယွန်နယ်မက်ဆီမှာ Ballon d’Or ဆုကိုခုနှစ်ကြိမ်ဆွတ်ခူး ထားနိုင်ပြီးခရစ္စတီဘာနိုရော်နယ်ဒိုမှာလည်း Ballon d’Or ဆုကိုငါးကြိမ်သာဆွတ်ခူးထားနိုင်ပါတယ်။ ဒါပေမဲ့ဘောလုံးသမားဟောင်းသုံးပုံနှစ်ပုံတို့ကအသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုမှာမက်ဆီထက်ပို မိုကောင်းမွန်တဲ့ကစားသမားဘဝပိုင်ဆိုင်ထားကြောင်းယုံကြည်နေကြပါတယ်။The Athletic ကကစား သမားဟောင်းများကိုဆန္ဒမဲကောက်ခံမှုအရ ၆၆ ရာခိုင်နှုန်းတို့ကရော်နယ်ဒိုကိုထောက်ခံမဲပေးခဲ့ကြပါ တယ်။ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်တွင်နှစ်ကြိမ်မြောက်အဖြစ်လာကစားနေသလို ရီးရဲလ် မက်ဒရစ်တွင်သမိုင်းတွင်ကိုးနှစ်တာကစားခဲ့ပြီး စီးရီးအေထိပ်သီးဂျူဗင်တပ်တွင်လည်းအောင်မြင်တဲ့ဘော လုံးသမားဘဝပိုင်ဆိုင်ခဲ့ပါတယ်။မက်ဆီမှာမူသူ့ကစားသမားဘဝအများစုကိုဘာစီလိုနာတွင်သာကုန်ဆုံး လာသူဖြစ်ပြီးပြီးခဲ့တဲ့ဘောလုံးရာသီမှစတင်ကာပီအက်စ်ဂျီတွင်ကစားလာသူဖြစ်ပါတယ်။ […]
ဒေါ့မွန်က ကစားဖော်ဟောင်းကို မန်စီးတီးပြောင်းလာဖို့ လမ်းကြောင်းချစည်းရုံးရေးဆင်းနေတဲ့ ဟာလန်း
September 29, 2022 Aung 0
တိုက်စစ်မှူး ဟာလန်းဟာ ဒေါ့မွန်အသင်းမှာ အသင်းဖော်ဖြစ်ခဲ့တဲ့ဘယ်လင်ဟမ်ကို မန်စီးတီးထံ ပြောင်း လာဖို့ စည်းရုံးနေတယ်လို့သိရပါတယ်။ဂျာမနီမှာ နှစ်နှစ်ခွဲကြာလောက်ကစားခဲ့တဲ့ နော်ဝေသား တိုက်စစ် သမားဟာဘောလုံးရာသီ နှစ်ခုမှာ ဘယ်လင်ဟမ်နဲ့ အတွဲညီခဲ့တာပါ။လာမယ့် ၂၀၂၃ခုနှစ် နွေရာသီမှာ ဒေါ့ မွန်ကြယ်ပွင့် ဘယ်လင်ဟမ်ကိုအပြိုင်အဆိုင် ခေါ်ယူကြဖို့ ကလပ်အသင်းကြီးများစွာက ပြင်ဆင်ထားကြ ပါတယ်။အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ […]
ပေါ်တူဂီတွေကသူတို့စားပြီးသား ပန်းကန်ပြားပေါ်မှာ တံတွေးထွေးနေကြောင်း မောင်ဖြစ်သူဘက်က ကာကွယ်လိုက်တဲ့ ကီတာအဗီရို
September 29, 2022 Aung 0
စပိန်အသင်းကို ၁-၀ နဲ့ ရှုံးနိမ့် ခဲ့တဲ့ ပွဲမှာ ရော်နယ်ဒို ဟာ အဓိက တာဝန်ရှိသူတစ်ယောက်လို့ သတ်မှတ်ခံ ရ ပြီး ဝေဖန်မှုတွေ မြင့်တက်လာပါတယ်။၃၇ နှစ် ရှိပြီ ဖြစ်တဲ့ တိုက်စစ်မှူးကြီးဟာ ဒီနှစ်ထဲမှာ သိသိသာ သာပုံစံ ကျဆင်းနေခဲ့ပါတယ်။ ကလပ် အသင်းမှာ […]