
ပစ်မှတ်ထားနေတဲ့ကစားသမားနှစ်ဉီးကို ဩစတြီးယားနှင့်ဒိန်းမတ်ပွဲစဉ်မှာ သွာရောက်ေလ့လာစောင့်ကြည့်ခဲ့တဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ကင်းထောက်များဟာတနင်္လာနေ့တုန်းကဩစတြီးယား ကိုဒိန်းမတ်က၂-၁ဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်ကိုသွားရောက်ကြည့်ရှုကာ ယခုနွေရာသီ ကလပ်ရဲ့ပစ်မှတ်ခရစ္စတီယန်အဲရစ်ဆင်နှင့်ကွန်ရက်လိုင်မာတို့အားစောင့်ကြည့်ခဲ့ ပါတယ်။ယူနိုက်တက်နည်းပြသစ်ဟာဘရန့်ဖို့ဒ်တွင်ကာလတိုစာချုပ်ဖြင့်ကစား စဉ်အတွင်းအကောင်းဆုံးကစားနိုင်ခဲ့တဲ့ခရစ္စတီယန်အဲရစ်ဆင်ကိုခေါ်ယူရန်စောင့် ကြည့်နေပါတယ်။ဗီယင်နာတွင်ကစားတဲ့အဆိုပါပွဲစဉ်ကိုမန်ချက်စတာယူနိုက် တက်ရဲ့ကင်းထောက်များအပြင်စပါးစ်နှင့်ဝက်စ်ဟမ်းတို့ရဲ့ကင်းထောက်များ လည်း လာရောက်ကြည့်ရှုခဲ့ကြပါတယ်။စပါးစ်ကွင်းလယ်ဖန်တီးရှင်ဟောင်းဟာ ဩစတြီးယားနှင့်ပွဲစဉ်ရဲ့ပွဲချိန်၈၄မိနစ်တွင်ဂျိမ်းစ်စထရိုင်ဂျာလာဆင်အနိုင်ဂိုး သွင်းနိုင်အောင်ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပါတယ်။အဲရစ်ဆင်ဟာဇန်နဝါရီလတုန်းက ဘရန့်ဖို့ဒ်သို့ပြောင်းရွှေ့ပြီးနောက်၁၁ပွဲကစားရာမှာ၁ဂိုးသွင်းယူပြီး၄ကြိမ်ဖန်တီး နိုင်ခဲ့ပါတယ်။ယူနိုက်တက်ဟာဘာစီလိုနာကွင်းလယ်ကစားသမားဖရန်ကီဒီဂျောင် ကိုအဓိကပစ်မှတ်ထားနေတာဖြစ်ပြီးဒတ်ချ်ကစားသမားကိုမခေါ်ယူနိုင်ပါက အဲ ရစ်ဆင်ကိုခေါ်ယူရန်စီစဉ်ထားပါတယ်။ယူနိုက်တက်ကင်းထောက်စောင့်ကြည့်ခဲ့ တဲ့အခြားကစားသမားတစ်ဦးမှာဩစတြီးယားကွင်းလယ်ကစားသမားလိုင်မာဖြစ် ပါတယ်။သူဟာပြီးခဲ့တဲ့ရာသီတုန်းကလိုက်ဇစ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၄၂ပွဲ ကစားထားပါတယ်။ဂျာမန်သတင်းစာ Bild ရဲ့ဖော်ပြမှုအရလိုင်မာကိုခေါ်ယူရန်ယူ နိုက်တက်အပြင်စပါးစ်ကလည်းစိတ်ဝင်စားနေပါတယ်။ဩစတြီးယားနည်းပြ သစ်ရေးဖ်ရန်းနစ်ခ်ဟာလိုင်နာကိုခေါ်ယူရေးကြိုးပမ်းရန်အသင်းဟောင်းယူနိုက် တက်ကိုပြောကြားထားပါတယ်။ယူနိုက်တက်ဟာယခုနွေရာသီတွင်ကွင်းလယ် […]