အာဆင်နယ်အမေ့ခံလူးကပ်စ်တော်ရဲရားကမီခေးလ်အာတီတာရဲ့အသင်းတွင်သူ့အတွက်နေရာ မရှိကြောင်းပြောကြားခြင်းခံရပြီးနောက်အာဆင်နယ်တွင်ဆက်ရှိနေရန်အခွင့်အရေးလုံးဝမရှိ ကြောင်းပြောကြားလာပါတယ်။အသက်၂၆နှစ်ရှိတော်ရဲရားဟာပြီးခဲ့တဲ့နှစ်ရာသီအားအက်သ လက်တီကိုမက်ဒရစ်၊ဖီအိုရင်တီးနားသို့အငှားဖြင့်သွားရောက်ကစားခဲ့ရပါတယ်။သူဟာဖီအိုရင် တီးနားသို့အပြီးသတ်ပြောင်းရွှေ့လိုပေမဲ့လည်းစာချုပ်ပါအချက်အတိုင်းအပြီးသတ်ခေါ်ယူခြင်း မပြုလုပ်နိုင်ခဲ့ပါဘူး။အာဆင်နယ်ဟာအသင်းနှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့ တော်ရဲရားကိုအငှားမချထားလိုတော့ဘဲယခုနွေတွင်ပင်အပြီးသတ်ရောင်းချလိုနေပါတယ်။ အက်သလက်တီကိုနှင့်အတူ၂၀၂၁ခုနှစ်လာလီဂါဖလားဆွတ်ခူးနိုင်ခဲ့တဲ့တော်ရဲရားက “ဆက် ရှိနေဖို့အခွင့်အရေးမရှိပါဘူး။အစကတည်းကကျွန်တော့်အတွက်နေရာမရှိဘူးလို့ပြောထားပြီး သားပါ။အရမ်းနာကျင်ရတော့ကျွန်တော်ကိုယ်တိုင်ကလည်းဆက်မနေချင်ပါဘူး။အံဝင်အောင် လုပ်ရတာအရမ်းခက်ခဲခဲ့တယ်။ကျွန်တော်စိတ်ကူးကတော့စပိန်(သို့မဟုတ်)အီတလီသို့ပြောင်း းဖို့ပါ။ဖီအိုရင်တီးနားမှာဆက်ကစားချင်ပေမဲ့အကြောင်းအမျိုးမျိုးကြောင့်ဖြစ်မလာပါဘူး။ဒီ တော့လမ်းကြောင်းသစ်ရှာရပါမယ်”လို့ပြောကြားသွားပါတယ်။ အာဆင္နယ္အေမ့ခံလူးကပ္စ္ေတာ္ရဲရားကမီေခးလ္အာတီတာရဲ႕အသင္းတြင္သူ႔အတြက္ေနရာ မရွိေၾကာင္းေျပာၾကားျခင္းခံရၿပီးေနာက္အာဆင္နယ္တြင္ဆက္ရွိေနရန္အခြင့္အေရးလုံးဝမရွိ ေၾကာင္းေျပာၾကားလာပါတယ္။အသက္၂၆ႏွစ္ရွိေတာ္ရဲရားဟာၿပီးခဲ့တဲ့ႏွစ္ရာသီအားအက္သ လက္တီကိုမက္ဒရစ္၊ဖီအိုရင္တီးနားသို႔အငွားျဖင့္သြားေရာက္ကစားခဲ့ရပါတယ္။သူဟာဖီအိုရင္ တီးနားသို႔အၿပီးသတ္ေျပာင္းေ႐ႊ႕လိုေပမဲ့လည္းစာခ်ဳပ္ပါအခ်က္အတိုင္းအၿပီးသတ္ေခၚယူျခင္း မျပဳလုပ္ႏိုင္ခဲ့ပါဘူး။အာဆင္နယ္ဟာအသင္းႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့ ေတာ္ရဲရားကိုအငွားမခ်ထားလိုေတာ့ဘဲယခုေႏြတြင္ပင္အၿပီးသတ္ေရာင္းခ်လိုေနပါတယ္။ အက္သလက္တီကိုႏွင့္အတူ၂၀၂၁ခုႏွစ္လာလီဂါဖလားဆြတ္ခူးႏိုင္ခဲ့တဲ့ေတာ္ရဲရားက “ဆက္ ရွိေနဖို႔အခြင့္အေရးမရွိပါဘူး။အစကတည္းကကြၽန္ေတာ့္အတြက္ေနရာမရွိဘူးလို႔ေျပာထားၿပီး သားပါ။အရမ္းနာက်င္ရေတာ့ကြၽန္ေတာ္ကိုယ္တိုင္ကလည္းဆက္မေနခ်င္ပါဘူး။အံဝင္ေအာင္ […]