
စပါးစ်နှင့်ပီအက်စ်ဂျီတို့ကစိတ်ဝင်စားနေမှုကြောင့်ထိန်းထားဖို့ခက်ခဲနေတဲ့ အဲဗာတန်တိုက်စစ်မှူး
ရီချက်လီဆင်ဟာနွေရာသီတွင်အဲဗာတန်မှထွက်ခွာမယ်လို့သတင်းများထွက်ပေါ် နေမှုနဲ့ပတ်သက်ပြီးရှင်းလင်းစွာပြောကြားမှုပြုလုပ်လာပြီဖြစ်ပါတယ်။ဘရာဇီးစ တားဟာအဲဗာတန်ကိုပရီးမီးယားလိဂ်တွင်တင်ကျန်အောင်အဓိကနေရာမှစွမ်း ဆောင်ပေးခဲ့သူဖြစ်ပြီးသူ့တွင်အဲဗာတန်ထက်ကြီးမားတဲ့ရည်မှန်းချက်ရှိကြောင်း ရှင်းလင်းစွာပြောကြားလာပါတယ်။သူဟာအဲဗာတန်ရဲ့ပရီးမီးယားလိဂ်နောက်ဆုံ း၉ပွဲတွင်၆ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။ယခုအခါအနာဂတ်နှင့်ပတ်သက်ပြီးရီ ချက်လီဆင်က “ကလပ်အပြောင်းအလဲလုပ်ဖို့နဲ့ပတ်သက်ပြီးပြောတဲ့အခါအ နည်းငယ်ရှုပ်ထွေးခက်ခဲပါတယ်။အဲဗာတန်မှာကျွန်တော့်မှာသမိုင်းရှိတယ်။ ပရိသတ်တွေကကျွန်တော့်ကိုချစ်တယ်။ကလပ်အပြောင်းအလဲလုပ်ဖို့နဲ့ပတ်သက် ပြီးပြောလာတဲ့အခါကျွန်တော့်မှာပြောစရာစကားမရှိဘူးဖြစ်ရတယ်။ဒါပေမဲ့ကျွန် တော့်ဘက်ကဘာလိုချင်တယ်ဆိုတာဘုတ်အဖွဲ့ကိုလည်းရှင်းရှင်းလင်းလင်းပြော ပြီးသားပါ။ဖရန့်လမ်းပတ်နဲ့လည်းစကားပြောပြီးပါပြီ”လို့ပြောကြားသွားပါတယ်။ တကယ်လို့များ ရီချက်လီဆင်သာရှိနေဦးမယ်ဆိုရင်တော့သူဟာဖရန့်လမ်းပတ်ရဲ့ အဲဗာတန်စီမံကိန်းတွင်အဓိကနေရာမှပါဝင်လာဦးမှာသေချာနေပါတယ်။ဒါပေမဲ့ အဲဗာတန်အနေဖြင့်ရီချက်လီဆင်ကိုစပါးစ်နှင့်ပီအက်စ်ဂျီတို့ကစိတ်ဝင်စားနေမှု ကြောင့်ထိန်းထားဖို့ခက်ခဲနေပါတယ်။ ရီခ်က္လီဆင္ဟာေႏြရာသီတြင္အဲဗာတန္မွထြက္ခြာမယ္လို႔သတင္းမ်ားထြက္ေပၚ ေနမႈနဲ႔ပတ္သက္ၿပီးရွင္းလင္းစြာေျပာၾကားမႈျပဳလုပ္လာၿပီျဖစ္ပါတယ္။ဘရာဇီးစ တားဟာအဲဗာတန္ကိုပရီးမီးယားလိဂ္တြင္တင္က်န္ေအာင္အဓိကေနရာမွစြမ္း ေဆာင္ေပးခဲ့သူျဖစ္ၿပီးသူ႔တြင္အဲဗာတန္ထက္ႀကီးမားတဲ့ရည္မွန္းခ်က္ရွိေၾကာင္း ရွင္းလင္းစြာေျပာၾကားလာပါတယ္။သူဟာအဲဗာတန္ရဲ႕ပရီးမီးယားလိဂ္ေနာက္ဆုံ း၉ပြဲတြင္၆ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။ယခုအခါအနာဂတ္ႏွင့္ပတ္သက္ၿပီးရီ ခ်က္လီဆင္က […]