ကိုဗစ်ကြောင့် လာမယ့် စနေ၊တနင်္ဂနွေ ပရီးမီးယားလိဂ်မှာ ရွှေ့ဆိုင်းရတဲ့ပွဲ ၅ ပွဲအထိရှိလာ

December 17, 2021 Kaung Thant 0

လာမယ့်စနေ၊တနင်္ဂနွေကစားမယ့် ပွဲတွေထဲက ၅ ပွဲရွှေ့ဆိုင်းလိုက်ရပြီးနောက် ပရီမီးယားလိဂ်ဟာ သူ့ပွဲစဉ်တွေ အစီအစဉ်တကျဖြစ်ရေးအတွက် တိုက်ပွဲဝင်နေရပါတယ်။ ပွဲဆက်များတဲ့ ခရစ္စမတ်ကာလမရောက်သေးတဲ့ အခုလိုအချိန်မှာတောင် ပွဲရွှေ့ဆိုင်းရမှုတွေများပြားလာတာကြောင့် ပရီးမီးယားလိဂ်ကလပ်တွေဟာ ပွဲစဉ်ဇယားနဲ့ပတ်သက်ပြီး အရေးပေါ်တွေ့ဆုံဆွေးနွေးကြဖို့ ရှိပါတယ်။ လောလောဆယ်မှာတော့ အခုတစ်ပတ်ပရီးမီးယားလိဂ်မှာ မန်ယူ-ဘရိုက်တန်ပွဲက ပထမဆုံးရွှေ့ဆိုင်းခဲ့ရတဲ့ပွဲစဉ်ဖြစ်ပြီး အဲဒီနောက် ဆောက်သမ်တန်-ဘရန့်ဖို့ဒ်၊ ဝက်ဖို့ဒ်-ပဲလေ့စ်၊ ဝက်စ်ဟမ်း-နော်ဝစ်ချ်နဲ့ အဲဗာတန်-လက်စတာပွဲတို့ကိုလည်း […]