စီးရီးအေကလပ်တွေနဲ့ အဝေးကွင်းနောက်ဆုံး(၆)ကြိမ်ဆုံတွေ့တာမှာ (၄)ပွဲအထိအနိုင်ရခဲ့တဲ့ ယူနိုက်တက်

November 2, 2021 Kaung Thant 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်စတုတ္ထမြောက်ပွဲအဖြစ် အတ္တလန်တာအသင်းနဲ့အဝေးကွင်းပွဲစဉ်အဖြစ် ဒီညမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ အုပ်စုအဖွင့်ပွဲတုန်းက ယန်းဘွိုင်းစ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ရုန်းကန်ခဲ့ရပေမယ့် ဗီလာရီးယဲလ်၊ အတ္တလန်တာတို့နဲ့ အိမ်ကွင်းနှစ်ပွဲဆက်မှာ ခက်ခက်ခဲခဲကစားပြီးမှနိုင်ပွဲတွေရယူခဲ့တာကြောင့် (၃)ပွဲကစား(၆)မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရပ်တည်နေပါတယ်။ အတ္တလန်တာအသင်းကတော့ (၃)ပွဲကစားပြီးချိန်မှာ (၄)မှတ်သာရရှိထားပြီး ဗီလာရီးယဲလ်နဲ့အမှတ်တူနေတာကြောင့် အုပ်စုကတက်ဖို့ဆိုရင် လက်ကျန်ပွဲတွေမှာ အမှားလုပ်လို့မရတော့ပါဘူး။ ပထမအကျော့အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ဆုံတွေ့ခဲ့တုန်းက အတ္တလန်တာအသင်းဟာ […]

နစ္စတယ်ရွိုင်းရဲ့ ချန်ပီယံလိဂ် ၄ပွဲဆက်ဂိုးသွင်းစံချိန် ရော်နယ်ဒို လိုက်မီမလား?

November 2, 2021 Kaung Thant 0

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ယူနိုက်တက်ကိုတစ်ကျော့ပြန်ရောက်ပြီးနောက်ပိုင်း ကစားခွင့်ရတဲ့ချန်ပီယံလိဂ် ၃ပွဲလုံး ၁ဂိုးစီသွင်းနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုအနေနဲ့ ဒီကနေ့ည အတ္တလန္တာနဲ့ပွဲမှာဂိုးသွင်းနိုင်မယ်ဆိုရင် ယူနိုက်တက်အတွက် ချန်ပီယံလိဂ် ၄ပွဲဆက်ဂိုးသွင်းနိုင်တဲ့စံချိန်တင်နိုင်မှာပါ။ ချန်ပီယံလိဂ် ၄ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တဲ့ နောက်ဆုံးယူနိုက်တက်ကစားသမားကတော့ နယ်သာလန်တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းဖြစ်ပြီး ၂၀၀၃ ဧပြီလအတွင်း ၉ပွဲဆက်ဂိုးသွင်းနိုင်ခဲ့တာပါ။ ရော်နယ်ဒိုဟာ ယူနိုက်တက်အတွက် ချန်ပီယံလိဂ်အဝေးကွင်း ၃ပွဲဆက်လည်းဂိုးသွင်းထားပြီး ပထမအကြိမ်သက်တမ်းတုန်းက […]

အတ္တလန်တာနဲ့ကစားမယ့်ချန်ပီယံလိဂ်ပွဲကို လင်ဒီလော့ဖ်လွဲချော်

November 2, 2021 Kaung Thant 0

မန်ချက်စတာယူနိုက်တက်နောက်ခံလူလင်ဒီလော့ဖ်ဟာ ဒဏ်ရာပြဿနာကြောင့် ဒီည(မြန်မာစံတော်ချိန်ဗုဒ္ဓဟူးမနက် ၂:၃၀)မှာကစားမယ့် အတ္တလန်တာနဲ့ချန်ပီယံလိဂ်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။ ဆွီဒင်လက်ရွေးစင်ကစားသမားလင်ဒီလော့ဖ်ဟာ အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အီတလီခရီးစဉ်မှာ ယူနိုက်တက်အသင်းနဲ့အတူမပါဝင်နိုင်ခဲ့ပါဘူး။ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လင်ဒီလော့ဖ်ဟာ ဒီရာသီပရီးမီးယားလိဂ်(၁၀)ပွဲမှာ (၆)ပွဲအထိပွဲထွက်ပါဝင်ကစားခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အုပ်စုပွဲစဉ်(၃)ပွဲစလုံးကစားခဲ့သူဖြစ်ပါတယ်။ လီဗာပူးလ်ကို(၅-၀)ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲတုန်းက မက်ဂွိုင်းယားနဲ့အတူတွဲဖက်ကစားခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့ဘဲ စပါးအသင်းနဲ့ပွဲမှာတော့ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ပေးဂိုးမရှိနိုင်ပွဲရယူခဲ့သလို စပါးအသင်း တစ်ပွဲလုံးဂိုးပေါက်တည့်မှုတစ်ကြိမ်မှမရှိအောင် […]

အတ္တလန်တာ နှင့်ပွဲမတိုင်ခင် ရော်နယ်ဒို၊ ဖာနန်ဒက်စ်တို့ရဲ့ ပြောစကားများ

November 2, 2021 Kaung Thant 0

ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ည မနက်ဖြန်မနက်အစောပိုင်းမှာ အတ္တလန်တာအသင်းနဲ့ကစားရမှာဖြစ်ပြီး ပထမအကျော့အိုးထရက်ဖို့ဒ်မှာကစားတုန်းက နောက်ကလိုက်ကစားပြီး ၃ဂိုး-၂ဂိုးနဲ့အနိုင်ရခဲ့တာပါ။ ယူနိုက်တက်အသင်းအနေနဲ့ ရလဒ်တွေကမောက်ကမဖြစ်ခဲ့ပေမယ့်လာမယ့်ပွဲကိုသာအနိုင်ကန်လိုက်ရင် နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းလာမှာပါ။ ပွဲမတိုင်ခင် ရော်နယ်ဒို နဲ့ ဖာနန်ဒက်စ်တို့ရဲ့ ပြောစကားများကို တင်ဆက်ပေးလိုက်ပါတယ်။ ရော်နယ်ဒိုက “အီတလီ ကို ပြန်လာရတာ တကယ်ကောင်းပါတယ်။ ဒီနေရာဟာ ကျွန်တော် နဲ့ ကျွန်တော့် […]

နေရာမရတဲ့ ဘန်ဒီဘိခ်ကို ခေါ်ယူချင်တဲ့ ဘာစီလိုနာ

November 2, 2021 Kaung Thant 0

ဘာစီလိုနာအသင်းဟာ ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဘန်ဒီဘိခ်ကို ဇန်နဝါရီလမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘန်ဒီဘိခ်ဟာ ၂၀၂၀ နွေရာသီက အေဂျက်စ်ကနေ ပေါင် ၃၅သန်းနဲ့ ရောက်လာပြီးချိန်ကတည်းက ယူနိုက်တက်မှာ ပွဲထွက်ခွင့်ဆုံးရှုံးနေရပြီး တခြားကွင်းလယ်လူတွေဖြစ်တဲ့ ဖရက်ဒ်၊ ပေါ့ဂ်ဘာ၊ မက်တိုမီနေးနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့နောက်မှာ ရောက်ရှိနေခဲ့တာပါ။ […]