ဒဏ်ရာပြဿနာကြောင့် လီဗာပူးလ်နဲ့ပွဲကို လွဲချော်ဖို့ရှိနေတဲ့ ဘရူနိုဖာနန်ဒက်စ်

October 22, 2021 Kaung Thant 0

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ မထင်မှတ်ဘဲဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတာကြောင့် လီဗာပူးလ်နဲ့ကစားမယ့်ပွဲကြီးပွဲကောင်းကို လွဲချော်ဖို့ရှိနေပါပြီ။ ဘရူနိုဖာနန်ဒက်စ်ဟာ အတ္တလန်တာအသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ မိနစ်(၉၀)စလုံးပါဝင်ကစားခဲ့ပေမယ့် ပြိုင်ဘက်ကစားသမားတွေရဲ့ ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်တာကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ မနေ့က အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဘရူနိုဖာနန်ဒက်စ်ပါဝင်ခဲ့ပေမယ့်လည်း ရာနှုန်းပြည့်လေ့ကျင့်မှုမပြုလုပ်နိုင်ဘဲ ခြေထော့နင်းနဲ့လှုပ်ရှားနေရပြီး သူ့ရဲ့ဒဏ်ရာအနေအထားကို ဒီနေ့မှာစမ်းသပ်စစ်ဆေးမှုတွေလုပ်သွားမှာဖြစ်သလို နည်းပြဆိုးလ်ရှားကတော့ သာမန်ထိခိုက်နာကျင်တာသာဖြစ်ဖို့ မျှော်လင့်နေပါတယ်။ အသက်(၂၇)နှစ်အရွယ်ရှိပြီဖြစ်သူ ဘရူနိုဖာနန်ဒက်စ်ဟာ […]

ဂျူဗင်တပ်စ်ကနေ ခပ်စောစော ထွက်ခွာခဲ့သင့်တဲ့ ရော်နယ်ဒို

October 22, 2021 Kaung Thant 0

ဂျူဗင်တပ်စ်ရဲ့ ဂန္တဝင်နောက်ခံလူကြီး ချီလီနီက သူ့အသင်းအနေနဲ့ ရော်နယ်ဒို ရုတ်တရက်ထွက်ခွာသွားတဲ့အပေါ် ရှော့ခ်ရခဲ့ပြီး ရော်နယ်ဒိုအနေနဲ့ အပြောင်းအရွှေ့ကာလမှာ အခုထက် ပိုမိုစောလျင်စွာထွက်သွားခဲ့သင့်တယ်လို့ ဆိုပါတယ်။ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ရဲ့ နောက်ဆုံးရက်သတ္တပတ်အတွင်းကိုရောက်မှ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူနဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်တို့က ဂျူဗင်တပ်စ်နဲ့ထားရှိတဲ့ သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့လည်း စွပ်စွဲမှုတွေရှိနေတာပါ။ဂျူဗင်တပ်စ်ဟာ ရော်နယ်ဒို အသင်းပြောင်းမယ်ဆိုရင် အစားထိုးခေါ်ယူမှုတွေ […]

ယူနိုက်တက်ပရိသတ်တွေ သဘောကျနေခဲ့တဲ့ အတ္တလန္တာ နဲ့ပွဲပြီးခါနီး နောက်ဆုံးမိနစ်မှာ အဆုတ်ပေါက်ကွဲ မတတ်ခံစစ်ကိုပြေးဆင်းကူခဲ့တဲ့ ရော်နယ်ဒို လုပ်အား

October 22, 2021 Kaung Thant 0

ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဗုဒ္ဓဟူးနေ့ညတုန်းက အတ္တလန္တာကို (၃-၂)ဂိုးနဲ့ အနိုင်ရရှိတဲ့ပွဲစဉ်မှာ ပွဲပြီးခါနီးအချိန်က သူ့ရဲ့ အသင်းအနိုင်ရရှိအောင် နောက်တန်းအထိ ပြေးလွှားကာ ခံစစ်ပိုင်းကိုဆင်းကူပေးခဲ့တာနဲ့ ပတ်သက်ပြီး ယူနိုက်တက်ပရိသတ်တွေက သူ့ရဲ့ စွမ်းဆောင်ခဲ့မှုကို သဘောကျနေခဲ့ပါတယ်။ ပထမပိုင်းမှာ (ဝ-၂)နဲ့ ရှုံးနေခဲ့ရာကနေ ဒုတိယပိုင်းမှာ ရက်ဖိုဒ်၊ မက်ဂွိုင်းယားတို့ရဲ့သွင်းဂိုးတွေနဲ့ (၂-၂)ရလဒ် ထွက်ပေါ်နေချိန်မှာ […]

ရော်နယ်ဒို မရှိပေမယ့် အောင်လံလွှင့်နိုင်အောင် ဂျူဗင်တပ်စ်တို့ ကြိုးစားထား

October 21, 2021 Kaung Thant 0

ဂျူဗင်တပ်စ်ဟာ ဒီနှစ် ရာသီ စီးရီးအေ အစမှာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်ခဲ့ပြီး အဆင့် ၁၈ အထိ ကျဆင်း သွားခဲ့ပါတယ် ။ ဒါပေမယ့် ချန်ပီယံလိဂ်တွေ စတင်တဲ့ အောက်တိုဘာ အလယ်လောက်က စပြီး အယ်လီဂရီ ရဲ့ အသင်းဟာ လမ်းကြောင်းမှန်ပေါ်ကို တဖြည်းဖြည်း […]

ယူနိုက်တက်ကွင်းလယ် ကဘရာဇီးသားရဲ့ အမွှေအနှောက်ခြေစွမ်းကို ကြွေကျပျော်ဆင်းသွားရတဲ့ အာဆင်နယ် ဂန္တဝင်နည်းပြကြီး

October 21, 2021 Kaung Thant 0

မန်ယူအသင်းဟာ အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ပထမပိုင်းကစားပုံ ညံ့ဖျင်းခဲ့ပြီး ဦးဆောင်ဂိုးတွေ ခွင့်ပြုပေးခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့အကောင်းဆုံး ပုံစံနဲ့ အနောက်ကနေ လိုက်ကစားကာ ချေပဂိုး နဲ့ အနိုင်ဂိုးတွေသွင်းယူပြီး အဖိုးတန် အနိုင် (၃) မှတ်ကို ရယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းမှာ ဝေဖန်မှု အများဆုံး ခံနေရတဲ့ ကွင်းလယ် ကစားသမားဖြစ်တဲ့ဖရက်ဒ်ရဲ့ […]

Man Of The Match ဆုမပေးပဲနေလို့မရအောင် တစ်ကွင်းလုံးပတ်မွှေခဲ့တဲ့ အမွှေစိန်

October 21, 2021 Kaung Thant 0

မန်ယူအသင်းက အတ္တလန်တာအသင်းကို (၃−၂) ဂိုး နဲ့ အနိုင်ရခဲ့တဲ့ပွဲစဥ်အပြီးမှာတော့ ပွဲစဥ် တစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က ရရှိသွာ းခဲ့ပါတယ်။ဒီပွဲမှာ ဖာနန်ဒက်စ်ရဲ့ ရုန်းအားကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး ခံစစ်ပိုင်းကို ဆင်းကူခဲ့သလို ဂိုးအခွင့်အရေးတွေလည်း များစွာဖန်တီးပေးနိုင်ခဲ့ပါတယ်။ပထမပိုင်းမှာကတည်း က ဖာနန်ဒက်စ်ရဲ့ တိကျတဲ့ ဂိုးဖန်တီးမှုတွေကိုမြင်တွေ့ခဲ့ရပြီး […]

ရော်နာလ်ဒိုတစ်ယောက်လုံးရှိနေတာကြောင့် သေချာပေါက်နိုင်ပွဲရနိုင်လိမ့်မယ်လို့ ယုံကြည်ခဲ့တဲ့ ဂေါင်းကြီး

October 21, 2021 Kaung Thant 0

အတ္တလန်တာအသင်းကို (၃−၂) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာ မန်ယူအသင်းဟာပထမပိုင်းမှာတင် မပေးသင့်တဲ့ အမှားတွေကနေ ဦးဆောင်ဂိုး (၂) ဂိုးခွင့်ပြုပေးခဲ့ရပြီးအထူးသဖြင့် ပြိုင်ဘက်အသင်း ရသွားတဲ့ ဒုတိယ ဂိုးဟာ အသင်းခေါင်းဆောင်မက်ဂွိုင်းယားရဲ့ လူကပ်ကစားပုံ အားနည်းမှုကြောင့် ခွင့်ပြုပေးလိုက်ရတာလည်းဖြစ်ပါတယ်။ဒါပေမယ့် ဒုတိယပိုင်းမှာ မက်ဂွိုင်းယားဟာ ၎င်းရဲ့ အမှား ကို ပြန်လည်ချေဖျက်ပြခဲ့ပြီးအသင်းအတွက် […]

(၂၄)နာရီနီးပါးအကြာမှာပဲ မက်ဆီရဲ့ ပယ်နယ်တီမပါဘဲသွင်းဂိုးအရေအတွက်ကို အမီလိုက်နိုင်ခဲ့တဲ့စီရော်နယ်လ်ဒို

October 21, 2021 Kaung Thant 0

မန်ချက်စတာယူနိုက်တက်အသင်း ပေါ်တူဂီနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ (၂၄)နာရီနီးပါးအကြာမှာပဲ အဓိကပြိုင်ဘက်မက်ဆီရဲ့ ပယ်နယ်တီမပါဘဲသွင်းဂိုးအရေအတွက်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်လ်ဒိုဟာ ဗုဒ္ဓဟူးနေ့က အတ္တလန်တာအသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ အသင်းအတွက်အရေးပါတဲ့အနိုင်ဂိုးသွင်းယူခဲ့ပြီး အခုဆိုရင် သူ့ကစားသမားဘဝတစ်လျှောက်မှာ ပယ်နယ်တီမပါဝင်ဘဲ သွင်းဂိုး(၆၅၄)ဂိုးအထိသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ PSG ကစားသမားမက်ဆီက ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက လိုက်ပ်ဇစ်အသင်းကို (၃-၂)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်(၂)ဂိုးသွင်းယူခဲ့ပြီး စီရော်နယ်လ်ဒိုမတိုင်ခင် ပယ်နယ်တီမပါဘဲသွင်းဂိုးအရေအတွက် (၆၅၄)ဂိုးပြည့်မြောက်ခဲ့ပေမယ့် […]

ရော်နယ်ဒိုရဲ့အင်္ကျီရယူနိုင်ဖို့ ကွင်းထဲအတင်းပြေးဝင်ခဲ့တဲ့ ပရိသတ်တစ်ဦးနဲ့ ပွဲပြီး ဆိုရှယ်မီဒီယာပေါ်မှာ အစခံနေရတဲ့ ဆိုးလ်ရှား

October 21, 2021 Kaung Thant 0

အတ္တလန္တာနှင့်ချန်ပီယံလိဂ် အုပ်စုပွဲအပြီးမှာ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အင်္ကျီရယူဖို့အတွက်ကွင်းထဲ အတင်းပြေးဝင်လာပြီး ရော်နယ်ဒိုဆီ ရောက်လာတဲ့ ပရိသတ်တစ်ဦးကို အိုးထရက်ဖိုဒ်ကွင်း လုံခြုံရေးတွေက လက်မတင်ကလေး တားဆီးနိုင်ခဲ့ကြပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ မှော်ဆရာတစ်ယောက်ဖြစ်တဲ့ ပေါ်တူဂီဂန္ထဝင်ကစားသမားဟာ အတ္တလန္တာကို ၃-၂ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ ပွဲချိန် (၈၁)မိနစ်မှာ လုခ်ရှောရဲ့ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူပေးခဲ့ပြီး ယူနိုက်တက် အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီပွဲမှာယူနိုက်တက်အသင်းဟာ […]

လာမယ့်ဇန်နဝါရီမှာ အငှားသွားကစားရမည့် သရဲနီလူငယ်ကစားသမားလေး ဒီယာလို

October 21, 2021 Kaung Thant 0

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက အသင်းရဲ့လူငယ် တိုက်စစ်ကစားသမားဒီယာလိုရဲ့ဒဏ်ရာအနေအထား တိုးတက်ကောင်းမွန် လာပြီဆိုရင် ပုံမှန်ကစားခွင့်ရအောင် လာမယ့်ဇန်နဝါရီမှာ အငှားချသွားဖို့ ရှိတယ်လို့ဝန်ခံပြောဆိုလိုက်ပါတယ်။ အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားဒီယာလိုဟာ ပြီးခဲ့တဲ့သြဂုတ်လတုန်းက အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် နွေရာသီကာလအတွင်း ဖီယင်နုအသင်းဆီအငှားနဲ့ပြောင်းရွှေ့မယ့်ကိစ္စက ပျက်ပြယ်ခဲ့ရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီယာလိုဟာ ဒဏ်ရာကပြန်လည်သက်သာလာပြီဖြစ်သလို ပြီးခဲ့တဲ့တစ်ပတ်က အသင်းနဲ့အတူလေ့ကျင့်ခန်းဆင်းခဲ့ပြီး မကြာခင် ယူ-၂၃ […]