မိဆိုးလေးရဲ့ ပဥ္စလက် ကမ္ဘာထဲမှာ ဟားစရာ ဖြစ်လာနေတဲ့ မန်ယူတောင်ပံကစားသမားဆန်ချို

October 27, 2021 Kaung Thant 0

Sky Germany ဟာမန်ချက်စတာယူနိုက်တက်တွင်အထနှေးလျက်ရှိတဲ့ဂျာဒွန်ဆန်ချိုအား အကြီးအကျယ်လှောင်ပြောင်လိုက်ပါတယ်။အသက်၂၁နှစ်ရှိအင်္ဂလန်လက်ရွေးစင်ကစားသ မားဟာမန်ယူအတွက်ပရီးမီးယားလိဂ်ပွဲ၇ပွဲကစားထားရာတွင်ဂိုးသွင်းနိုင်ခြင်းမရှိမှု၊ဖန်တီး မှုပြုလုပ်နိုင်ခြင်းမရှိမှုတို့အတွက် 007 အဖြစ်ကံဆိုးစွာဘဲအမည်ပေးခြင်းခံလိုက်ရတာဖြစ် ပါတယ်။Sky ဟာ Tuxedo ဝတ်စုံဖြင့်ဆန်ချိုရဲ့ဓာတ်ပုံတွင် They call me 007 ဆိုတဲ့စာ သားနဲ့လှောင်ပြောင်လိုက်တာလည်းဖြစ်ပါတယ်။ဆန်ချိုဟာနွေရာသီအပြောင်းအရွှေ့ဈေး ကွက်တုန်းကဒေါ့မွန်မှမန်ယူသို့ပေါင်၇၃သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။သူဟာဒေါ့မွန် တွင်ကစားစဉ်တုန်းက၁၃၇ပွဲကစားခဲ့ရာမှာဂိုး၅၀သွင်းပြီး၆၄ကြိမ်အထိဖန်တီးမှုပြုလုပ်နိုင်ခဲ့ သူလည်းဖြစ်ပါတယ်။ဒါပေမယ့်သူဟာအင်္ဂလိပ်ဘောလုံးကစားဟန်နှင့်အံဝင်နိုင်ရန်ရုန်းကန် နေရပြီးဆိုးလ်ရှားလက်အောက်တွင်ပရီးမီးယားလိဂ်ပွဲသုံးပွဲတည်းသာပွဲထွက်ခွင့်ရရှိထားပါ သေးတယ်။ဆန်ချိုဟာတနင်္ဂနွေနေ့တုန်းကလီဗာပူးအား၅-၀ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်တဲ့ပွဲ တွင်အရန်စာရင်းတွင်ပါဝင်ပေမယ့်အရန်အဖြစ်ပင်ဝင်ရောက်ကစားခွင့်မရရှိခဲ့ပါဘူး။ Sky […]

မန်ယူမှာ ဆက်နေခွင့်ရခဲ့ပေမယ့် ရေရှည်အတွက်တော့ စိုးရိမ်ရတော့မယ့် ဆိုးလ်ရှား

October 27, 2021 Kaung Thant 0

နည်းပြဆိုးလ်ရှားဟာ ပြန်လည်ရုန်းထနိုင်ဖို့အတွက် အခွင့်အရေးပေးခံခဲ့ရပေမယ့် မန်ယူက သူ့ရဲ့ရေရှည်အနာဂါတ်အတွက်တော့ စိုးရိမ်နေရဆဲဖြစ်ကြောင်း Daily Mail သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။ လီဗာပူးကို ၅ ဂိုးပြတ်နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆိုးလ်ရှားဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ရောက်လာခဲ့ပြီး လေ့ကျင့်ခန်းအစီအစဉ်တွေကို ကြီးကြပ်ခဲ့ပါတယ်။ အသင်းက စီနီယာကစားသမားအချို့ရဲ့ဝေဖန်မေးခွန်းထုတ်မှုရှိနေချိန်မှာ အဲဒီနော်ဝေသားနည်းပြဟာ လာမယ့်စနေကစားမယ့် စပါးနဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲအတွက် ပြင်ဆင်နေတာပါ။ […]

လီဗာပူးနဲ့ပွဲအပြီး အဝတ်အစားလဲခန်းထဲမှာ ဆိုးလ်ရှားကို အရေးမစိုက်ခဲ့တဲ့ ပေါ့ဂ်ဘာ

October 27, 2021 Kaung Thant 0

  လီဗာပူးကို အရှက်တကွဲဂိုးပြတ်ရှုံးခဲ့တဲ့ပွဲမှာ ပွဲထွက်စာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် မန်ယူကွင်းလယ်လူပေါ့ဂ်ဘာဟာ ဖိအားအောက်ရောက်နေတဲ့နည်းပြဆိုးလ်ရှားကို အသင်းအဝတ်အစားလဲခန်းထဲမှာ အရေးမစိုက်လုပ်ခဲ့ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။ အဲဒီပြင်သစ်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့တနင်္ဂနွေ အိုးလ်ထရက်ဖို့ဒ်က လီဗာပူးနဲ့ပွဲမှာ ပွဲထွက်မပါခဲ့ပေမယ့် ဒုတိယပိုင်းမစခင်မှာ လူစားဝင်ကစားခွင့်ရခဲ့ပြီး လီဗာပူးက နဘီကီတာကို အဝင်ကြမ်းခဲ့လို့ တိုက်ရိုက်အနီကတ်နဲ့အတူ ကွင်းထဲမှာ ၁၅ မိနစ်သာ ခံခဲ့တာပါ။ […]

အောက်တိုဘာဟာ ယူနိုက်တက်အသင်းအတွက် ကြမ္မာဆိုးတွေယူလာလေ့ရှိတဲ့ ကံမကောင်းတဲ့လ

October 27, 2021 Kaung Thant 0

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေအတွက်တော့ အောက်တိုဘာဟာ အသင်းအတွက်ကံကြမ္မာဆိုးတွေယူဆောင်ပေးလေ့ရှိတဲ့ ကံမကောင်းတဲ့လအဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။ အဲဒီလိုသတ်မှတ်ရတာကလည်း အကြောင်းရင်းခိုင်ခိုင်မာမာရှိပါတယ်။ အဲဒါကတော့ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဂိုးပြတ်ရှုံးနိမ့်ခဲ့တာ(၅)ပွဲအထိရှိခဲ့ပြီး အဲဒီ(၅)ပွဲစလုံးက ထူးထူးခြားခြားဆိုသလို အောက်တိုဘာအတွင်းမှာရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယူနိုက်တက်အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ သူတို့ရဲ့အခါးသီးဆုံးပြိုင်ဘက်လီဗာပူးလ်ကို (၅-၀)ဂိုးပြတ်နဲ့အရှက်တကွဲအရှုံးပေးခဲ့ရပြီး ဒါဟာ ယူနိုက်တက်အသင်းအတွက် လီဗာပူးလ်ကို အိမ်ကွင်းမှာအကြီးမားဆုံးရလဒ်နဲ့ရှုံးနိမ့်ခဲ့တာပါပဲ။ ပရီးမီးယားလိဂ်လို့စတင်အမည်ပြောင်းလဲခဲ့တဲ့ ၁၉၉၂-၉၃ ရာသီကနေ […]

နွေးထွေးတဲ့ ဆက်ဆံရေးကို ဆွေးနွေးမရနိုင်လောက်အောင် သွေးအေးလာပြီဖြစ်တဲ့ နည်းပြနှင့်သရဲနီများ

October 26, 2021 Kaung Thant 0

မန်ယူနည်းပြ ဆိုးလ်ရှားရဲ့ အနာဂါတ်ဟာ လက်ရှိမှာတော့ မရေမရာဖြစ်နေပြီးကစားသမားတွေ ရဲ့ ယုံကြည်မှုကိုပါ ဆုံးရှုံးနေရပြီဖြစ်ပါတယ်။မန်ယူကစားသမားအများစုဟာ လက်စတာအသင်း နဲ့ ပွဲမတိုင်မီ အထိ နည်းပြအပေါ်ယုံကြည်မှု ထားဖို့ ဆန္ဒရှိခဲ့ပေမယ့် လက်စတာကို ဂိုးပြတ်ရှုံးနိမ့် ပြီးနောက်ပိုင်းမှာကစားသမားတွေ အနေနဲ့ ဆိုးလ်ရှားအပေါ် ယုံကြည်မှု မရှိတော့ကြောင်းလည်း သိရပါတယ်။ထို့နေ့ အဝတ်လဲခန်းအတွင်း ဆိုးလ်ရှားက […]

ယူနိုက်တက်နဲ့ပွဲမှာ ကစားသမား(၅)ဦးအထိအထုတ်ခံရသင့်တယ်လို့ ယာဂန်ကလော့ပ်ယူဆ

October 26, 2021 Kaung Thant 0

လီဗာပူးလ်အသင်းနည်းပြယာဂန်ကလော့ပ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲမှာ ဒိုင်လူကြီးအန်သိုနီတေလာရဲ့ဆုံးဖြတ်ချက်တွေက အိမ်ရှင်အသင်းအပေါ် ငဲ့ညှာလွန်းတယ်လို့ထင်မြင်နေပြီး မန်ချက်စတာယူနိုက်တက်ကစားသမား(၅)ဦးအထိအထုတ်ခံခဲ့ရသင့်တယ်လို့ ယူဆနေပါတယ်။ ယူနိုက်တက်နဲ့ပွဲအပြီးမှာ ယာဂန်ကလော့ပ်နဲ့နီးစပ်တဲ့သူတစ်ယောက်က နာဘီကီတာကို ခြေထောက်မြှောက်ဖျက်ထုတ်ခဲ့တဲ့ဖရက်ဒ်အပါအဝင် ယူနိုက်တက်ကစားသမား(၅)ဦးအထိအနီကတ်ပြခံရသင့်တယ်လို့ ယာဂန်ကလော့ပ်က ယူဆနေတယ်ဆိုပြီး The Athletic ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။ သူက “ယူနိုက်တက်ကစားသမား(၅)ဦးလောက်အထိ အနီကတ်နဲ့အထုတ်ခံခဲ့ရသင့်တာပါ။ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာတုန်းက ဂရစ်ဇ်မန်းဟာ ဖေမီနိုကို အခုလိုပုံစံအတိုင်းကျူးလွန်ခဲ့တာကြောင့် […]

ပွဲကစားခွင့်မပေးတဲ့ ဆိုးလ်ရှားကို မျက်နှာချင်းဆိုင်စိန်ခေါ်ခဲ့တဲ့ ဘိုင်လီ

October 26, 2021 Kaung Thant 0

ယူနိုက်တက်နောက်ခံလူတစ်ဦးဖြစ်တဲ့ အဲရစ်ဘိုင်လီဟာ နည်းပြဆိုးလ်ရှားကို မျက်နှာချင်းဆိုင်စိန်ခေါ်မှုတွေပြုလုပ်ခဲ့တယ်လို့ The Telegraph က ဖော်ပြပါတယ်။ လက်စတာကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒဏ်ရာကနေ ပြန်လည်သက်သာလာပေမယ့် အသင်းနဲ့အတူ တစ်ကြိမ်တည်းသာ လေ့ကျင့်ရသေးတဲ့ မက်ဂွိုင်းယားကို ဆိုးလ်ရှားက ဝင်ရောက်ကစားစေဖို့ ဆုံးဖြတ်မှုနဲ့ပတ်သက်ပြီး ဘိုင်လီက တုံ့ပြန်ခဲ့တာလို့ သိရပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင်ဟာ ယူနိုက်တက်လူစာရင်းမှာ ပွဲထွက်ခွင့်ရရှိဖို့ […]

သူ့ဘဝအတွက်အကောင်းဆုံး,ဆုံးဖြတ်ချက်ဟာ ယူနိုက်တက်နဲ့လမ်းခွဲဖို့ဆုံးဖြတ်ခဲ့တာ လို့ ဒီမာရီယာဆို

October 26, 2021 Kaung Thant 0

PSG အသင်းရဲ့အာဂျင်တီးနားဝါရင့်ကစားသမားဒီမာရီယာက မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲပြီးတော့ PSG အသင်းဆီပြောင်းရွှေ့ခဲ့တာက သူ့ဘဝအတွက်အကောင်းဆုံး,ဆုံးဖြတ် ချက်ဖြစ်ခဲ့တယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။ဒီမာရီယာဟာ ၂၀၁၄၊ နွေရာသီကာလတုန်း က ရီးယဲလ်အသင်းကနေယူနိုက်တက်အသင်းကို အဲဒီအချိန်က ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ ကြေးဖြစ်တဲ့ပေါင်(၅၉.၇)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး အသင်းရဲ့ဂန္ထဝင်ကျောနံပါတ်(၇)ဂျာစီဝတ်ဆင် ခွင့်ရခဲ့ပေမယ့် (၁)နှစ်အကြာမှာပဲ PSG အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ပရီးမီးယား လိဂ်မြေမှာ ဒီမာရီယာရုန်းကန်ခဲ့ရတဲ့အပြင် နည်းပြဟောင်းဗန်ဟားလ်ရဲ့နည်းစနစ်တွေက […]

ရလဒ်ပိုင်းဆိုးရွားနေပေမဲ့ မန်ယူဘုတ်အဖွဲ့ ဆိုးလ်ရှားကို ထုတ်ပယ်မရဖြစ်နေရခြင်းအကြောင်းအရင်း

October 26, 2021 Kaung Thant 0

မန်ယူဘုတ်အဖွဲ့ကတော့ နည်းပြသစ်ရာထူးအတွက် ကွန်တီကို ချိတ်ဆက်မှုတွေရှိပေမယ့် ဆိုးလ်ရှားကိုထုတ်ပယ်ဖို့အတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ်ထားခြင်းမရှိသေး သလိုလက်ရှိ အခြေအနေတွေအရတော့ ဆိုးလ်ရှားကို လာမယ့် စနေနေ့မှာ ကစားမယ့်စပါး နဲ့ ပွဲအထိ အခွင့်အရေးထပ်ပေးဖို့ အလားလာများနေပါတယ်။လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ မန်ယူနည်းပြ ရာထူးအတွက်ကွန်တီက ရေပန်းအစားဆုံးဖြစ်နေပြီး ၎င်းကိုယ်တိုင်ကလည်း မန်ယူနည်းပြရာထူးကို […]

အင်တာစဂရမ်က Ole OUT ပို့စ်အောက်တွင် ဆန္ဒပြခဲ့တဲ့ ဂျက်စီလင်ဂတ်

October 26, 2021 Kaung Thant 0

ဂျက်စီလင်ဂတ်ဟာခရစ္စတီယာနိုရော်နယ်ဒိုပရိသတ်ပေ့ချ်တစ်ခုက မန်ချက်စတာယူနိုက်တက် နည်းပြအိုလီဂန်းနားဆိုးလ်ရှားအားရာထူးမှထုတ်ပယ်ရန်တောင်းဆိုထားတဲ့ပို့စ်တစ်ခုကို Like လုပ်လိုက်ပါတယ်။အင်တာစဂရမ်တွင်တင်လာတဲ့ ယင်းပို့စ်တွင်လီဗာပူးအားအရှက်တကွဲရှုံးနိမ့် တဲ့ပွဲစဉ်မှဓာတ်ပုံများပါဝင်ပြီး OleOUT ဆိုတဲ့ hashtag သုံးထားပါတယ်။ဂျက်စီလင်ဂတ်ဟာယ ခုရာသီတွင်လည်းဆိုးလ်ရှားလက်အောက်တွင်အရန်အဖြစ်သာအဓိကကစားနေရသူဖြစ်ပါတယ်။ သူဟာဆိုးလ်ရှားကိုတကယ်တမ်းရာထူးမှထုတ်ပယ်လိုစေတဲ့ဆန္ဒရှိတာကြောင့် ယင်းပို့စ်ကိုLike လုပ်လိုက်တာလားဆိုတာအတိအကျပြောဖို့ခက်ပါတယ်။လီဗာပူးဟာ၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ် တွင်မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ဟာမန်ယူအသင်းရဲ့ကစားပုံကိုကြည့်ပြီးခေါင်း တရမ်းရမ်းဖြစ်နေခဲ့ကြောင်းသိရပါတယ်။ဗြိတိန်နှင့်အီတလီမီဒီယာများရဲ့ဖော်ပြချက်အရဆာ အဲလက်စ်ဖာဂူဆန်ဟာ လီဗာပူးအားရှုံးနိမ့်ပြီးနောက်ဆိုးလ်ရှားနေရာတွင်အစားထိုးရန်အတွက် ချဲလ်ဆီးနည်းပြဟောင်းအန်တိုနီယိုကွန်တီကိုဖုန်းဆက်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဂျက်စီလင်ဂတ်ဟာခရစ္စတီယာနိုရော်နယ်ဒိုပရိသတ်ပေ့ခ်ျတစ်ခုက မန်ချက်စတာယူနိုက်တက် နည်းပြအိုလီဂန်းနားဆိုးလ်ရှားအားရာထူးမှထုတ်ပယ်ရန်တောင်းဆိုထားတဲ့ပို့စ်တစ်ခုကို Like […]