ခါဘစ်နှင့်စကားပြောစဉ် ရော်နယ်ဒိုကို အရန်ခုံမှာထိုင်ခိုင်းထားမှုအတွက် တပည့်ဖြစ်သူကို တည့်တည့်ကြီး‌ဝေဖန်သွားတဲ့ ဖာဂူဆန်
October 5, 2021 Kaung Thant 0
ဖလာမင်ဂိုမှာအငှားကစားနေတဲ့ ယူနိုက်တက်ကွင်းလယ်လူပါရဲရား (၆)ပွဲပယ်ခံရဖို့ရှိနေ
October 4, 2021 Kaung Thant 0
ဘရာဇီးလ်ထိပ်သီးကလပ်ဖလာမင်ဂိုအသင်းမှာ အငှားနဲ့ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူပါရဲရားဟာ ကိုဗစ်နဲ့ပတ်သက်တဲ့ Quarantine စည်းကမ်းတွေချိုးဖောက်ခဲ့လို့ (၆)ပွဲအထိပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရဖို့ရှိနေပါပြီ။ ပါရဲရားဟာ ပြီးခဲ့တဲ့သြဂုတ်လ(၂၁)ရက်တုန်းက ယူနိုက်တက်အသင်းကနေ ဘရာဇီးလ်အမှတ်ပေးချန်ပီယံဖလာမင်ဂိုအသင်းဆီ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး ဘရာဇီးလ်နိုင်ငံအားကစားခုံရုံးက သတ်မှတ်ထားတဲ့စည်းမျဉ်းတွေအရ ဗြိတိန်ကနေ ဘရာဇီးလ်ကို လာရောက်တဲ့သူတိုင်းဟာ (၁၄)ရက်ကြာ Quarantine ဝင်ရမှာဖြစ်ပေမယ့် ပါရဲရားကတော့ (၇)ရက်သာ Quarantine ဝင်ခဲ့တာပါ။ ဖလာမင်ဂိုအသင်းကိုရောက်ရှိပြီး […]
အဲဗာတန်နဲ့ပွဲမှာ စီရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းက ချန်လှပ်ခဲ့တဲ့ဆုံးဖြတ်ချက်အပေါ် နောင်တမရဘူးလို့ ဆိုးလ်ရှားဆို
October 3, 2021 Kaung Thant 0
အဲဗာတန်အသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားက ပွဲထွက်စာရင်းကို အပြောင်းလဲတချို့လုပ်ခဲ့ပြီး တိုက်စစ်မှူးနေရာမှာ စီရော်နယ်လ်ဒိုကို ချန်လှန်ပြီးတော့ ကာဗာနီနဲ့ပွဲထွက်ခဲ့သလို ဘယ်ခြမ်းတိုက်စစ်မှာလည်းမာစီယဲလ်ကို ပွဲထွက်ခွင့်ပြန်ပေးခဲ့ပါတယ်။ ဆိုးလ်ရှားရဲ့ပွဲထွက်ကစားသမားတွေဟာ ပထမပိုင်းမှာ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ပေးပို့မှုကနေ မာစီယဲလ်က ဦးဆောင်ဂိုးသွင်းယူခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ယူနိုက်တက်အသင်း (၁-၀)ဂိုးနဲ့ဦးဆောင်ခဲ့ပါတယ်။ ဆိုးလ်ရှားက ဒုတိယပိုင်းမိနစ်(၆၀)လောက်မှာ စီရော်နယ်လ်ဒိုနဲ့ဆန်ချိုကို လူစားဝင်အဖြစ်အသုံးပြုခဲ့ပေမယ့် ယူနိုက်တက်အသင်း ဂိုးထပ်မရတဲ့အပြင် […]
နိုင်တစ်ခါ၊ ရှုံးတစ်လှည့်နဲ့ ပရိသတ်တွေကို ရင်ခုန်စရာတွေအမြဲဖန်တီးပေးနေတဲ့ ယူနိုက်တက်
October 2, 2021 Kaung Thant 0
အမှန်အတိုင်းပြောရရင်တော့ ဒီပွဲအတွက် ပွဲပြီးသုံးသပ်ချက်တွေတောင် ဘာမှထူးထူးခြားခြားရေးစရာမလိုဘူးလို့ထင်မိတယ်။ ထုံးစံအတိုင်း မန်ချက်စတာယူနိုက်တက် အသည်းအသန်ကစားရတယ်၊ ကစားသမားတွေက ပွဲအလှည့်အပြောင်းလုပ်နိုင်ရင် နိုင်မယ်၊ မဟုတ်ရင် သရေ ဒါမှမဟုတ်ရှုံးမယ်ဆိုတာ ပရိသတ်တွေအားလုံးလည်း သိပြီးသားဖြစ်လောက်နေပါပြီ။ ဒီရာသီမှာ ယူနိုက်တက်အသင်း အခုအချိန်အထိ ပရီးမီးယားလိဂ်ကြီး(၆)ကြီးစာရင်းဝင်အသင်းတွေနဲ့ တစ်ပွဲမှမတွေ့ရသေးပါဘူး။ ဒါပေမဲ့ ကစားခဲ့တဲ့(၇)ပွဲမှာ ဖြစ်နိုင်ခြေရှိတဲ့အမှတ်(၂၁)မှတ်ထဲက (၁၄)မှတ်သာရခဲ့ပြီး ရမှတ်ဆုံးရှုံးမှုက […]
ပွဲကြီးတွေဆို ‘ဒိုင်စား’အောင်လုပ်နေတဲ့ ‘ချင့်ယုံ’ဆရာကြီးအိုဝင်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ခန့်မှန်းချက်များ
October 2, 2021 Kaung Thant 0
အိုဝင်ကတော့ ပရီးမီးယားလိဂ်ပွဲကြီးတွေဆို ‘ဒိုင်စား’အောင်လို့ တမင်တကာများ တလွဲတွေခန့်မှန်းနေတာလားတော့မပြောတတ်ပါဘူး..ပြီးခဲ့တဲ့ပွဲစဉ်(၆)တုန်းက သူခန့်မှန်းတဲ့ပွဲကြီးတွေ တစ်ပွဲမှမမှန်ဘဲ အောက်အသင်းတွေအချင်းချင်းကစားတဲ့ပွဲတွေကျတော့ ပွဲရလဒ်ပါကွက်တိဖြစ်အောင် မှန်းခဲ့လို့ အိုဝင်ရဲ့ခန့်မှန်းချက်တွေကို ချင့်ချိန်ပြီးမှယုံရမယ့်အနေအထားပါပဲ။ ပွဲစဉ်(၆)တုန်းက ချယ်လ်ဆီး-မန်စီးတီး၊ မန်ချက်စတာယူနိုက်တက်-ဗီလာ၊ ဘရန့်ဖို့ဒ်-လီဗာပူးလ်၊ အာဆင်နယ်-စပါး၊ လက်စတာ-ဘန်လေပွဲတွေမှာ အိုဝင်က အားရပါးရကို တလွဲတွေခန့်မှန်းခဲ့ပေမယ့် တခြားပွဲတွေမှာ သူမှန်းတာတွေအောင်ခဲ့တယ်။ အခုတစ်ပတ်ပွဲစဉ်(၇)အတွက် ဆရာကြီးအိုဝင်ရဲ့ခန့်မှန်းချက်တွေထွက်ပေါ်လာပြန်ပါပြီ။ […]
ဒိုလေးကြောင့် မျက်နှာငယ်နေရတဲ့ ကာဗာနီကို ခေါ်ယူမယ့် ရီးရဲလ်မက်ဒရစ်
October 2, 2021 Kaung Thant 0
ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ဇန်နဝါရီဈေးကွက်မှာတော့ ယူနိုက်တက်တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူသွားဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်အတွင်းမှာ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘတ်ပေကို ခေါ်ယူဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ပြင်သစ်ကလပ်ဘက်က လက်မလွှတ်ခဲ့တာကြောင့် တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ အလိုရှိနေတာဖြစ်ပါတယ် ဒါကြောင့် အန်ဆယ်လော့တီအနေနဲ့ လတ်တလော တိုက်စစ်ပိုင်းကို ဖြေရှင်းဖို့အတွက် […]
လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ မှာ သရဲနီဘဝကို စွန့်ခွာဖို့ ကြိုးစားနေတဲ့ ဗန်ဒီဘိ
October 2, 2021 Kaung Thant 0
ဗီလာရီးယဲလ်နဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ လူစားဝင်အဖြစ်ကစားခွင့်မရတဲ့အပေါ် ဒေါသပေါက်ကွဲခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဗန်ဒီဘိခ်ဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကနေထွက်ခွာဖို့ ထပ်မံကြိုးပမ်းသွားဖို့ရှိနေပါပြီ။ ဗီလာရီးယဲလ်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲ၊ ဒုတိယပိုင်း(၈၉)မိနစ်မှာ ဆိုးလ်ရှားက ဗန်ဒီဘိခ်ကို လူစားဝင်အဖြစ်မသုံးဘဲ ဖရက်ဒ်နဲ့လင်ဂတ်ကိုသာ လူစားထိုးခဲ့တဲ့အတွက် ဗန်ဒီဘိခ်ဒေါသပေါက်ကွဲ ခဲ့တာကြောင့် အသင်းဖော်တွေဖြစ်တဲ့ ဘာယီနဲ့ဟန်ဒါဆင်တို့က ဖျောင်းဖျခဲ့ရပြီး ဗန်ဒီဘိခ်က သူဝါးနေတဲ့ပီကေကို ဒေါသတကြီးနဲ့ထွေးထုတ်ခဲ့တဲ့အထိ မကျေမနပ်ဖြစ်ခဲ့တာပါ။ ဗန်ဒီဘိခ်ဟာ […]
ဗန်ဒီဘိခ်ကို ဆိုးလ်ရှား ဘာတွေမကျေမနပ်ဖြစ်နေတာလဲ…?
October 1, 2021 Kaung Thant 0
နွေရာသီအပြောင်းအရွှေ့မှာတုန်းက ဆိုးလ်ရှားရဲ့စကားကို ယုံကြည်ပြီး အသင်းမပြောင်းဖြစ်ခဲ့တဲ့ ဗန်ဒီဘိခ်ဟာ အခုအချိန်မှာတော့ ပွဲထွက်ခွင့်မရတဲ့ အရံခုံထိုင်ကစားသမားဘဝကိုအတော်စိတ်ပျက်နေခဲ့ပါပြီ။ ဗီလာရီးရဲလ်နဲ့ ပွဲမှာ အသင်းနိုင်ပွဲရရှိဖို့ လိုအပ်နေချိန် ပွဲပြီးခါနီး (၈၉)မိနစ်မှာ လူစားလဲခဲ့တုန်းကလည်း သူ့ကိုမရွေးချယ်ပဲ ဖရက်ကိုသာရွေးချယ်ခဲ့တာကြောင့် ဗန်ဒီဘိခ်ဟာ အရံခုံပေါ်မှာထိုင်ရင်း သူ့ပါးစပ်ထဲကပီကေကို ဒေါသတကြီး ထွေးထုတ်ပစ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာလည်း မီဒီယာတွေပေါ်မှာ သတင်းတွေဖြစ်ခဲ့သလို […]
ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးစွမ်းဆောင်ရည်မှတ်တမ်းနဲ့ရင်ဆိုင်နေရတဲ့ဆန်ချို
October 1, 2021 Kaung Thant 0
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါင်(၇၃)သန်းတန် အင်္ဂလန်တောင်ပံတိုက်စစ်ကစားသမားဆန်ချိုကတော့ အသင်းသစ်အတွက်ခြေစွမ်းမပြနိုင်သေးဘဲ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးစွမ်းဆောင်ရည်မှတ်တမ်းနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဒေ့ါမွန်အသင်းမှာကစားခဲ့တုန်းက ပြိုင်ပွဲစုံဂိုး(၅၀)သွင်း၊ ဂိုးဖန်တီးမှု(၆၄)ကြိမ်အထိပြုလုပ်ခဲ့တဲ့ ဆန်ချိုဟာ အခု ယူနိုက်တက်အသင်းမှာတော့ ပြိုင်ပွဲစုံ(၈)ပွဲကစားပြီးချိန်မှာ သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှုမရှိသေးဘဲ ဒါက သူ့ရဲ့ကစားသမားဘဝမှာ အဆိုးရွားဆုံးလည်းဖြစ်ခဲ့ပါတယ်။ ဒေ့ါမွန်အသင်းမှာ ဆန်ချို ဂိုးမသွင်း၊ ဂိုးဖန်တီးမှုမရှိပွဲဆက်အများဆုံးက (၇)ပွဲသာရှိခဲ့ပေမယ့် အခု ယူနိုက်တက်အသင်းမှာတော့ […]
အဲဗာတန်နဲ့ပွဲမှာ ယူနိုက်တက် ဘယ်လိုရလဒ်တွေဖြစ်လာမလဲလို့ ပေါလ်မာဆန် နဲ့ လော်ရိုးတို့ကပြောပြီ။
October 1, 2021 Kaung Thant 0
ချန်ပီယံလိဂ်မှာလည်း ဗီလာရီးရဲလ်ရဲ့ ဦးဆောင်ဂိုးသွင်းယူခဲ့တာကိုခံခဲ့ရပြီး သုံးပွဲဆက် အရေးနိမ့်တော့မယ့်အခြေအနေကနေ လွတ်မြောက်လာခဲ့တဲ့ ယူနိုက်တက်ဟာ ဒီတစ်ပတ်မှာလည်း သူနဲ့ ရမှတ်တူ ဇယားအောက်က အဲဗာတန်အသင်းနဲ့ အိမ်ကွင်းအိုးထရက်ဖိုဒ်မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။ စနေနေ့ အစောပိုင်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ ယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ ပွဲစဉ်ကို နာမည်ကျော် ပွဲခန့်မှန်းသူတွေဖြစ်ကြတဲ့ ပေါလ်မာဆန်နဲ့ လောရိုးတို့ ကသူတို့ရဲ့ အမြင်တွေနဲ့ […]