ယူနိုက်တက်မှာ မာရှယ်က ဒုတိယဗန်ဒီဘိခ်ဖြစ်နေပြန်ပြီလား ?
October 31, 2021 Kaung Thant 0
ရော်နယ်ဒိုရဲ့ အရည်အသွေးကို ချီးကျူးတဲ့ ရက်ရှ်ဖို့
October 31, 2021 Kaung Thant 0
ယူနိုက်တက် အသင်းဟာ စပါး အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရော်နယ်ဒို နဲ့ ကာဗာနီ တို့က အဖွင့်ဂိုး နဲ့ ဒုတိယမြောက် ဦးဆောင်ဂိုး တွေကို သွင်းယူပေးနိုင်ခဲ့ကြ ပါတယ် ။ အဲဒီနောက် ယူနိုက်တက် အတွက် နောက်ဆုံးပိတ် သွင်းဂိုး […]
ကစားကွက်အသစ်နဲ့အတူ ခြေစွမ်းပြခဲ့ကြတဲ့ ယူနိုက်တက်ကစားသမားများအကြောင်း ဂယ်ရီနဗီးပြောပြန်ပြီ…
October 31, 2021 Kaung Thant 0
Sky Sports ရုပ်သံမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ မန်ချက်စတာယူနိုက်တက်နာမည်ကျော်နောက်ခံလူဟောင်းဂယ်ရီနဗီးလ်က လီဗာပူးလ်နဲ့ပွဲမှာ စီရော်နယ်လ်ဒိုဟာ ချာတိတ်လေးတစ်ယောက်လိုကစားခဲ့ရပေမယ့်၊ စပါးအသင်းနဲ့ပွဲမှာတော့ (၅-၃-၂)ကစားကွက်ကြောင့် ခြေစွမ်းပြနိုင်ခဲ့တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ ဆိုးလ်ရှားဟာ (၄-၂-၃-၁)ကစားကွက် တစ်မျိုးတည်းကို တောက်လျှောက်အသုံးပြုခဲ့ပေမယ့် စပါးနဲ့ပွဲမှာတော့ တိုက်စစ်မှာ စီရော်နယ်လ်ဒိုနဲ့ကာဗာနီကို တွဲဖက်ကစားပြီး (၅-၃-၂) ကစားကွက်အပြောင်းအလဲနဲ့ပွဲထွက်ခဲ့တာဖြစ်သလို စီရော်နယ်လ်ဒိုရော၊ ကာဗာနီပါ ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။ […]
ကစားကွက်သစ်ကြောင့် အရန်ခုံတွင် ထိုင်နေရပြီးနောက် ဗန်ဒီဘိခ်ကဲ့သို့ နေရာပျောက်လာတော့မယ့် ဆန်ချို
October 31, 2021 Kaung Thant 0
ဂယ်ရီနဗီးလ်ကမန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကကစားကွက်အသုံးပြုလာမှုနဲ့အတူဂျာဒွန်ဆန်ချိုမှာဒွန်နီဗန်ဒီဘိခ်ကဲ့သို့ပင်အဆုံးသတ်ရမယ့်ကိန်းဆိုက်နေကြောင်းသတိပေးပြောကြားလာပါတယ်။ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဒေါ့မွန်မှပေါင်သန်း၇၃သန်းဖြင့်ရောက်လာတဲ့ဆန်ချိုဟာလီဗာပူးအား၅-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်လည်းကောင်း၊မနေ့ညတုန်းကစပါးစ်ကို၃-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်လည်းကောင်းအရန်အဖြစ်ပင်ဝင်ရောက်ကစားခွင့်မရခဲ့ပါဘူး။ ဒါကြောင့်လည်းဂယ်ရီနဗီးလ်ကဆန်ချိုမှာဗန်ဒီဘိခ်ကဲ့သို့ပင်အရန်ခုံတွင်ပင်အဆုံးသတ်ရမယ့်ကိန်းဆိုက်နေကြောင်းဆိုလာပါတယ်။ ဂယ်ရီနဗီးလ်က “ခင်ဗျားတို့လည်းသိပါတယ်။ဗန်ဒီဘိခ်ကိုတွေးကြည့်လိုက်ပါ။မန်ချက်စတာမှာဘောလုံးတစ်လုံးတောင်မကန်ရဘဲထိုင်နေတဲ့ ကလေးကိုမန်ချက်စတာသို့ခေါ်ဆောင်လာခဲ့တာဘယ်သူလဲ။ဆန်ချိုလည်းဒီအတိုင်းပဲ။တကယ်လို့သူလည်းဂရုမစိုက်ဘူးဆိုရင်ဒီလိုပဲအဆုံးသတ်ရဖို့သေချာတယ်။သူဟာတော်တော်ကောင်းတဲ့ခြေစွမ်းတစ်ချို့နဲ့ကစားနိုင်ခဲ့တယ်။သူဟာဘောလုံးကစားဟန်လုံးဝမတူတဲ့ကလပ်သို့ရောက်လာခဲ့တယ်။သူဟာဒေါ့မွန်တုန်းကတော်တော်လေးကောင်းခဲ့တာပါ။သူရောက်လာတယ်။ ‘ဒီမှာငါဘာလုပ်ဖို့ရောက်နေတာလဲ။ဘာလဲ။စုဖွဲ့မှုမရှိဘူး။ဖွဲ့စည်းပုံမရှိဘူး’လို့တွေးနေလိမ့်မယ်။မန်ယူရဲ့ခံစစ်ပြေးလွှားမှုမှတ်တမ်းကိုကြည့်ရင် ခံစစ်ကိုကူတဲ့ကစားသမားဆိုတာမြင်ရပါမယ်။အရန်ခုံမှာထိုင်ရင်း ‘ငါဘာလုပ်နေတာလဲ။ဒီစနစ်မှာကစားကောကစားရပါဦးမလား’လို့တွေးနေလိမ့်မယ်။ကျုပ်ကတော့သူ့ကိုကွင်းလယ်နှစ်ဦးနေရာမှာရောရှေ့တန်းနှစ်ယောက်နေရာမှာရောမြင်ရမယ်လို့ကိုမထင်ဘူး။ဒီတော့သူဟာသူ့မန်ချက်စတာကစားသမားဘဝကိုတွေးနေပါလိမ့်မယ်။ဗန်ဒီဘိခ်လည်းဒီအတိုင်းပဲတွေးမှာပါ”လို့ပြောကြားသွားပါတယ်။ ဆိုးလ်ရှားဟာစပါးစ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ၃-၅-၂ကစားကွက်ကိုအသုံးပြုသွားခဲ့ပြီးရှေ့တန်းတွင်ရော်နယ်ဒိုနှင့်ကာဗာနီတို့ကိုအသုံးပြုသွားခဲ့ကာစပါးစ်ကိုလွှမ်းမိုးကစားသွားနိုင်ခဲ့ပါတယ်။  
စပါးကိုဂိုးပြတ်အနိုင်ရပြီးတဲ့နောက် စီရော်နယ်ဒိုရဲ့တုံ့ပြန်မှု
October 31, 2021 Kaung Thant 0
စပါးကို ၃ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်က မန်ယူအသင်းရဲ့စွမ်းဆောင်ရည်ကို စီရော်နယ်ဒိုက ချီးကျူးလိုက်ပါတယ်။ စီရော်နယ်ဒိုဟာ သူ့ရဲ့အောချလောက်စရာအဆုံးသတ်နဲ့ ပထမပိုင်းမှာ မန်ယူကို ဦးဆောင်နိုင်စေခဲ့ပြီး ဒုတိယပိုင်းမှာ ကာဗာနီသွင်းတဲ့ဒုတိယဂိုးကိုလည်း ဖန်တီးပေးခဲ့ကာ မန်ယူရဲ့ပွဲသိမ်းဂိုးကိုတော့ ရက်ရှ်ဖို့ဒ်က ကန်သွင်းခဲ့တာပါ။ အဲဒီပွဲမှာ နည်းပြဆိုးလ်ရှားဟာ ၃-၅-၂ အခင်းအကျင်းပြောင်းလဲခဲ့ပြီး ရှေ့တန်းမှာ ဝါရင့်တိုက်စစ်မှုးနှစ်ယောက်ကို တွဲစေခဲ့ကာ […]
၁၁ နှစ်ကြာ စံချိန်မှတ်တမ်းတစ်ခုကို နှစ်ယောက်ပေါင်းလိုက်မီခဲ့ကြတဲ့ စီရော်နယ်ဒိုနဲ့ကာဗာနီ
October 31, 2021 Kaung Thant 0
ပြီးခဲ့တဲ့စနေညကစားသွားခဲ့တဲ့ စပါးနဲ့ပွဲက ဒုတိယဂိုးဟာ စီရော်နယ်ဒိုနဲ့ကာဗာနီတို့ရဲ့ပေါင်းစပ်မှုကနေ ရခဲ့တာဖြစ်ပြီး အဲဒါဟာ ပရီးမီးယားလိဂ်နဲ့မန်ယူတို့အတွက် ၁၁ နှစ်ကြာ စံချိန်မှတ်တမ်းတစ်ခုကို သူတို့လိုက်မီခဲ့ကြတာပါ။ အဲဒီပွဲက ဆိုးလ်ရှားရဲ့အခင်းအကျင်းအောက်မှာ ဒီဝါရင့်တိုက်စစ်မှုးနှစ်ယောက်ဟာ အတူပွဲထွက် အလုပ်ဖြစ်ခဲ့ကြပါတယ်။ မန်ယူက ပရီးမီးယားလိဂ်နိုင်ပွဲပြန်ရှာနိုင်ခဲ့တဲ့ ဂိုးပြတ်နိုင်ပွဲမှာ စီရော်နယ်ဒိုရော ကာဗာနီပါ ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။ စီရော်နယ်ဒိုဟာ သိပ်ကောင်းလွန်းတဲ့အဆုံးသတ်နဲ့ မန်ယူရဲ့အဖွင့်ဂိုးကိုသွင်းခဲ့သလို […]
ခြေစွမ်းပြခဲ့တဲ့ အဘိုးကြီးနှစ်ယောက်ကြောင့် နည်းပြထိုင်ခုံမှာ ဆိုးလ်ရှားကို ဆက်မြင်ရဦးမယ်
October 30, 2021 Kaung Thant 0
နှစ်ယောက်ပေါင်းအသက်(၇၀)ရှိနေပြီဖြစ်တဲ့ စီရော်နယ်လ်ဒို၊ ကာဗာနီတို့ရဲ့ သွင်းဂိုးတွေနဲ့ ဒဏ်ရာကပြန်လာပြီးကတည်းက တောက်လျှောက်ခြေစွမ်းပြနေတဲ့ ရပ်ရှ်ဖို့ဒ်တို့ကြောင့် ဆိုးလ်ရှားတစ်ယောက် အသက်ရှူချောင်သွားပြန်ပါပြီ။ ဒီပွဲမှာ ဆိုးလ်ရှားက သူဟာလည်း နည်းဗျူဟာကြွယ်ဝတဲ့သူဆိုတာပြတဲ့အနေနဲ့ တစ်သက်လုံးစွဲစွဲမြဲမြဲသုံးတော့မယ်လို့ထင်ထားတဲ့ (၄-၂-၃-၁)အစား ထူးထူးခြားခြား(၃-၅-၂)ကစားကွက်ခင်းပြလိုက်ပါတယ်။ ဒီပွဲမှာ ယူနိုက်တက်ခြေစွမ်းထက် နူနိုဆန်တို့ရဲ့ စပါးအသင်းက ပိုဆိုးရွားနေလို့ ဆိုးလ်ရှားရဲ့ကစားကွက်အပြောင်းအလဲက အလုပ်ဖြစ်တယ်လို့ထင်ချင်စရာပါပဲ။ ဆိုးလ်ရှားရဲ့အကျင့်ကလည်း ဒီပွဲမှာ […]
အမွှာပူးပိုင်ဆိုင်တော့မယ်ဆိုတဲ့ စီရော်နယ်လ်ဒို Post ရဲ့ like အရေအတွက်က မက်ဆီ Post ရဲ့ Likeစံချိန်ကို ချိုးဖျက်ခဲ့
October 30, 2021 Kaung Thant 0
မန်ချက်စတာယူနိုက်တက်အသင်းနာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာ မကြာသေးခင်က သူနဲ့အတူနေချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်တို့ဟာ အမွှာပူးရင်သွေးတွေပိုင်ဆိုင်တော့မှာဖြစ်တယ်လို့ Instagram မှာ Post တင်ခဲ့ပြီး အဲဒီ Post ကို Like လုပ်တဲ့သူအရေအတွက်က မက်ဆီတင်ရှိထားတဲ့ Instagram မှာ Like အများဆုံးရတဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ အမွှာပူးရင်သွေးလေးတွေပိုင်ဆိုင်တော့မယ်ဆိုတာက ပြီးခဲ့တဲ့ကြာသပတေးနေ့က Post တင်ခဲ့တာဖြစ်ပြီး သူက […]
လီဗာပူးပွဲခန့်မှန်းမှန်ခဲ့တဲ့ အိုဝင် ဒီည ယူနိုက်တက်ပွဲကို ဘယ်လိုတွေပြောထားလဲ?
October 30, 2021 Kaung Thant 0
ပြီးခဲ့တဲ့ ပွဲမှာ အိုဝင်က လီဗာပူးကို အနိုင်ပေးခဲ့ပြီး လီဗာပူးအသင်းနိုင်သွားခဲ့တယ်ဆိုတော့ မှန်တယ်လို့ပြောလို့ရတယ်။ ဂိုးပြတ်သွားခဲ့တာကတော့ ဆိုးလ်ရှားရဲ့ ကုသိုလ်ပေါ့ ဒီတစ်ပတ်မှာ အိုဝင်က ယူနိုက်တက်နိုင်မယ်ဆိုပြီးခန့်မှန်းပေးထားပြန်ပြီ… စပါးအသင်းက ပြီးခဲ့တဲ့ ရာသီက မော်ရင်ဟိုနဲ့အတူ အိုးထရက်ဖို့မှာ (၁-၆)ရလဒ်နဲ့ ဂိုးပြတ်နိုင်ခဲ့ဖူးတယ်။ ဒါပေမယ့် အခု စပါးနည်းပြ နူနိုဆန်းတိုစ့်က ရလဒ်မကောင်းလို့ […]
၂၀၂၁ Golden Boy ဆု ပဏာမ(၂၀)စာရင်းမှာ ဘယ်လင်ဂမ်၊ ဆာကာနဲ့ဂရင်းဝုဒ်တို့ ဆက်လက်ပါဝင်
October 30, 2021 Kaung Thant 0
၂၀၂၁ ခုနှစ် ဥရောပအကောင်းဆုံးလူငယ်ကစားသမားဆု(Golden Boy Award)အတွက် ပဏာမ(၂၀)စာရင်းမှာ အင်္ဂလန်လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဘယ်လင်ဂမ်၊ ဆာကာနဲ့ဂရင်းဝုဒ်တို့ ဆက်လက်ပါဝင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက ပဏာမအယောက်(၄၀)စာရင်းထုတ်ပြန်ခဲ့ပြီး ဒီကစားသမား(၃)ဦးပါဝင်ခဲ့သလို အခုအယောက်(၂၀)စာရင်းမှာလည်း ဆက်ပြီးတော့ပါဝင်နိုင်ခဲ့တာပါ။ ဂရင်းဝုဒ်ဟာ ၂၀၂၁ ခုနှစ်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခဲ့ပြီး ဒေ့ါမွန်အသင်းရဲ့အဂ်လန်လူငယ်ကွင်းလယ်လူဘယ်လင်ဂန်ကလည်း ကလပ်အသင်းမှာအဓိက,ကစားသမားအဖြစ်ပါဝင်ခွင့်ရနေတဲ့အပြင် ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာလည်း ပြိုင်ပွဲသမိုင်းတစ်လျှောက်အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ […]