ပြီးခဲ့တဲ့အရှုံးတွေကို သင်ပုန်းချေပြီး အနိုင်တစ်ကွက်နဲ့ ချေဖျက်ပြလိုနေတဲ့ သရဲနီ

September 29, 2021 Kaung Thant 0

  မန်ယူအသင်းနဲ့ ဗီလာရီးရဲလ် အသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဥ်ဟာဒီနေ့ည သန်းခေါင်ကျော် (၁) နာရီ (၁၅) မိနစ်မှာ ယှဥ်ပြိုင်ကစားကြမှာပါ။ပွဲမတိုင်မီပြလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြ ဆိုးလ်ရှားနဲ့အတူနောက်ခံလူ ဗာရန်းက အသင်း ကိုယ်စားပြု ကစားသမားအဖြစ် တက်ရောက်ခဲ့ပြီးမီဒီ ယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားပေးခဲ့ပါတယ်။” ကျွန်တော်တို့ ပြီးခဲ့တဲ့ ပွဲတွေမှာ […]

နာမည်ထွက်လာတဲ့ လူငယ်ခြေတက်လေးကို ငန်းငန်းတက်လိုချင်နေလာပြန်တဲ့ မန်ယူ

September 29, 2021 Kaung Thant 0

မန်ချက်စတာယူနိုက်တက်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးဆု Puskas Award အတွက်ရှေ့ပြေးနေတဲ့ဂါ နာလူငယ်ပါရမီရှင်မီဇစ်ခ်အေဆန်တဲကိုခေါ်ယူနိုင်ရန်အတွက် မန်စီးတီးနှင့်အပြိုင်ကြိုးပမ်းနေပါတယ်။ အသက်၁၅နှစ်အရွယ်ရှိလူငယ်တိုက်စစ်သမားဟာတနင်္ဂနွေနေ့တုန်းက Mobile Phone People နှင့် ရင်ဆိုင်ကစားရတဲ့ဂါနာဒုတိယတန်းပလေးအော့ဖ်ပွဲစဉ်မှာ Golden Kick SC အသင်းအတွက်အံ့ဩစ ရာကောင်းတဲ့ဂိုးကိုသွင်းယူခဲ့ပါတယ်။သူဟာလူစားဝင်ရောက်လာပြီးနောက် နောက်ခံလူလေးဦးအ ပြင်ဂိုးသမားကိုပါလိမ်ခေါက်ပြီးအသင်းအတွက်အံ့ဩဖွယ်ရာချေပဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါ တယ်။သူသွင်းယူလိုက်တဲ့ဂိုးဟာချက်ချင်းဆိုသလိုအွန်လိုင်းတွင်ပျံ့နှံ့သွားခဲ့ပြီးမန်ယူနှင့်မန်စီးတီးက ယင်းလူငယ်ကိုခေါ်ယူရန်အကြိုးပမ်းလာပြီဖြစ်ပါတယ်။ကလပ်ဥက္ကဌဂျိုးဆက်ဖ်အေက်ပ်တွန်ကအ သက်၁၅နှစ်အရွယ်လူငယ်ပါရမီရှင်ကိုခေါ်ယူရန်မန်စီးတီး၊မန်ယူအပြင်စီးရီးအေထိပ်သီးဂျူဗင်တပ် နှင့်ဘယ်လ်ဂျီယံကလပ်ဂျန့်တို့ကစိတ်ဝင်စားနေကြောင်းဆိုလာပါတယ်။လူငယ်ပါရမီရှင်ဟာကိုင် လီယန်ဘက်ပေးကိုအလွန်နှစ်သက်သူဖြစ်ကြောင်းလည်းသိရပါတယ်။၎င်းက […]

မိုက်ကယ်အိုဝင်ရဲ့ ချန်ပီယံလိဂ် ခန့်မှန်းချက်က ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ရင်မောစရာဖြစ်နေမလား…

September 28, 2021 Kaung Thant 0

မိုက်ကယ်အိုဝင်ရဲ့ခန့်မှန်းချက်တွေနဲ့ အသားကျနေကြသူတွေအတွက်တော့ သူ့ရဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပြီဆိုရင် ဘယ်လို ဖြစ်လာနိုင်တယ်ဆိုတာ တွက်ဆနိုင်နေကြပါပြီ။ အခုတစ်ခါမှာလည်း ကြားရက် ချန်ပီယံလိဂ်ပွဲစဉ်တွေအတွက် ခန့်မှန်းပေးမှုတွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။ ပီအက်ဂျီ နဲ့ မန်စီးတီးပွဲကို (၁-၁) သရေကျမယ်လို့ခန့်မှန်းခဲ့သလို လီဗာပူးလ်ကလည်း ပေါ်တိုအသင်းကို (၂-ဝ)နဲ့ အနိုင်ရမယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ ဒီပွဲစဉ်တွေကတော့ ဗုဒ္ဓဟူး […]

ချန်ပီယံလိဂ်ပွဲအတွက် ယူနိုက်တက်အိမ်ကွင်းမှာလည်း အနိုင်ယူပြမယ်လို့ ကြုံးဝါးထားတဲ့ ဗီလာရီးရဲလ်နောက်ခံလူ

September 28, 2021 Kaung Thant 0

မနက်ဖြန်ည သန်းခေါင်ကျော် (၁) နာရီ (၁၅) မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက် နဲ့ ဗီလာရီးရဲလ် အသင်းတို့ရဲ့ ချန်ပီယံလိဂ် ပွဲစဥ်ရှိလို့နေပါတယ်။အဖွင့်ပွဲစဥ်ကို အဝေးကွင်းမှာ အရေးနိမ့်ထားတဲ့ ယူနိုက် တက်ကတော့ ဒီပွဲကိုအိမ်ကွင်း ပရိသတ်ရှေ့မှောက်မှာ ယှဥ်ပြိုင်သွားရမှာပါ။ယူနိုက်တက်အတွက် အုပ်စု အဆင့်ကကျွတ်ဖို့ မဖြစ်မနေ အနိုင် (၃) မှတ်စုဆောင်းထားမှဖြစ်မယ့် […]

ဒိုင်အမှားနည်းစေရန် VARစနစ်ထားပေးကာမှ ဆိုးဆိုးရွားရွား ခံစားလိုက်ရတဲ့ သရဲနီစတားဟောင်း

September 28, 2021 Kaung Thant 0

မန်ယူတောင်ပံကစားသမားဟောင်းနာနီဟာ VAR ရဲ့အင်မတန်ဆိုးရွားလှတဲ့ဆုံးဖြတ်ချက်ကြောင့်အနီ ကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက်မျက်ရည်ပါကျခဲ့ရကြောင်းတွေ့ရပါတယ်။ဘောလုံးလောကတွင် VAR အသုံးပြုလာရခြင်းမှာဘောလုံးပွဲပိုမိုတရားမျှတပြီးလှပလာဖို့ဖြစ်ပါတယ်။ဒါပေမယ့်နာနီအထုတ် ပယ်ခံခဲ့ရမှုမှာတော့ VARကတော့အလွန်ဆိုးရွားလွန်းနေပါတယ်။အော်လန်ဒိုအက်ဖ်စီစတားဟာ ကိုလမ် ဘတ်စ်ခရူနဲ့အမေရိကန်မေဂျာလိဂ်ပွဲစဉ်မှာ VAR ရဲ့အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက်ကြောင့်အထုတ်ခံခဲ့ ရတာလည်းဖြစ်ပါတယ်။၂၀၂၀ခုနှစ်၊နိုဝင်ဘာလတုန်းကပွဲစဉ်မှာနာနီဟာကိုလမ်ဘတ်စ်အလယ်တန်း ကစားသမားအာသာထံမှဘောလုံးကိုရှင်းရှင်းလင်းလင်းဖျက်ထုတ်နိုင်ခဲ့ပေမယ့်ဒိုင်လူကြီးရာမီတူကန်ရဲ့ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။ဒိုင်လူကြီးဟာထိုမျှနဲ့အားမရသေးဘဲကွင်းဘေးရှိ မော်နီတာမှာယင်း အဖြစ်အပျက်ကိုထပ်ကြည့်ပြီးနောက်အဝါကတ်ကိုအနီကတ်အဖြစ်ပြောင်းလဲပြသခဲ့ပါတယ်။နာနီဟာ ယင်းအနီကတ်ကြောင့်အကြီးအကျယ်စိတ်ပျက်ကာကွင်းအတွင်းမှမျက်ရည်ကျပြီးထွက်ခွာသွားခဲ့ပါ တယ်။ဒါပေမယ့်နောက်ပိုင်းမှာအမေရိကန်မေဂျာလိဂ်ကနာနီရဲ့အနီကတ်ကိုဖယ်ရှားပေးခဲ့ပါတယ်။မန် ယူနှင့်အတူပရီးမီးယားလိဂ်ဖလားလေးကြိမ်ရယူနိုင်ခဲ့တဲ့နာနီဟာလည်းယခုတိုင်အော်လန်ဒိုမှာကစား နေတုန်းဖြစ်ပါတယ်။ zawgyi,, မန်ယူတောင်ပံကစားသမားဟောင်းနာနီဟာ VAR ရဲ့အင်မတန်ဆိုးရွားလှတဲ့ဆုံးဖြတ်ချက်ကြောင့်အနီ […]

U-18အသင်းမှာခြေစွမ်းတွေပြနေလို့ အသင်းဖေါ်တွေက ရိုနယ်ဒိုရဲ့ ဇပါတယ်လို့ ချီးကျူးနေကြတဲ့သရဲနီလေး

September 28, 2021 Kaung Thant 0

ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ယူနိုက်တက် စီနီယာအသင်းတွေဖြစ်တဲ့အမျိုးသား အသင်း နဲ့ အမျိုးသမီး အသင်းတွေ ရှုံးပွဲကိုယ်စီ ကြုံတွေ့ခဲ့ရပေမယ့်သက်တမ်းအလိုက် လူငယ်အသင်းတွေကတော့ ရလဒ် ကောင်းကိုယ်စီ ပိုင်ဆိုင်ခဲ့ကြပါတယ်။ယူနိုက်တက် U-18 ဟာလည်း စတုတ်စီးတီး U-18 အသင်းကို အိမ်ကွင်းမှာ(၄−၂) ဂိုး နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ အထူးခြေစွမ်းပြခဲ့တာကတော့ယူနိုက်တက် […]

ဆုဖလားတစ်လုံး မဆွတ်ခူးနိုင်ပါက ထုတ်ပယ်ခံရလိမ့်မယ်လို့ အသင်းဖော်ဟောင်းက အသိပေးလာ

September 27, 2021 Kaung Thant 0

တက်ဒီရှရင်ဂမ်ကအိုလီဂန်းနားဆိုးလ်ရှားအနေဖြင့်ယခုရာသီတွင်ဆုဖလားတစ်လုံးမဆွတ်ခူးနိုင် ပါကမန်ယူနည်းပြရာထူးမှထုတ်ပယ်ခံရလိမ့်မှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ဆိုးလ်ရှားဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကခရစ္စတီယာနိုရော်နယ်ဒို၊ဂျာဒွန်ဆန်ချို၊ရာဖေးလ်ဗာရိန်း တို့ကိုပြောင်းရွှေ့ကြေးပေါင်သန်း၁၃၀ကျော်အသုံးပြုကာခေါ်ယူအားဖြည့်ခွင့်ရရှိခဲ့ပြီး ဆုဖလားရရှိ ရေးဖိအားများကျရောက်နေပါတယ်။မန်ယူဟာဝက်စ်ဟမ်းကိုအိုးထရက်ဖို့ဒ်ကွင်းတွင်ရှုံးနိမ့်ကာခါရာ ဘောင်ဖလားပြိုင်ပွဲမှထွက်ခွာခဲ့ရပြီးနောက်ယခုရာသီဆုဖလားမျှော်လင့်ချက်အဖြစ်ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နှင့်အက်ဖ်အေဖလားတို့သာရှိပါတော့တယ်။မန်ယူဟာစနေနေ့တုန်းကဗီလာကိုအိမ်ကွင်း တွင်၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နောက်ဆုံးလေးပွဲတွင်သုံးပွဲရှုံးနိမ့်ထားပါတယ်။ဒါကြောင့်လည်းတက်ဒီ ရှရင်ဂမ်ဟာကစားဖော်ဟောင်းဆိုးလ်ရှားအနေဖြင့်၂၀၁၇ခုနှစ်နောက်ပိုင်းပထမဆုံးဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိလျှင်ရာထူးမှထုတ်ပယ်ခံရမှာစိုးရိမ်နေပါတယ်။ရှရင်ဂမ်က “ဒီရာသီမှာဆုဖလား တစ်ခုခုရယူဖို့ဖိအားတွေရှိတာသံသယဖြစ်စရာမရှိပါဘူး။တစ်ခုခုမရဘူးဆိုရင်တော့နံရံမှာစာရေးသလို ဖြစ်လာမယ်ဆိုတာသူသိထားပြီးသားပါ။ဗာရိန်း၊ဆန်ချိုတို့လိုထိပ်တန်းကစားသမားတွေကိုခေါ်ယူပေ းထားတယ်။လုံလောက်နေတာတောင်ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ပေးထားသေးတယ်။အခုမန်ယူ ဟာရလဒ်တွေလိုနေပါတယ်။အိုလီကငယ်ရွယ်တဲ့နည်းပြတစ်ဦးအဖြစ်ရှိနေဆဲပါ။အလုပ်လုပ်နေရင်းအ တွေ့အကြုံယူနေဆဲနည်းပြပါ။မန်ယူကဘယ်လိုအဆင့်လဲဆိုတာသူသိထားပြီးသားပါ။ဒီတော့ဒီအလုပ် ကစွန့်ပစ်ဖို့ခက်ခဲတဲ့အလုပ်ပါ။သူ့လုပ်ရည်ကိုင်ရည်တိုးတက်လာတာတယ်ဆိုပေမယ့်နောက်တစ်ဆင့် သို့တက်လှမ်းရပါတော့မယ်။သူကမန်ယူဂန္ထဝင်ဆိုတော့လူတိုင်းကသူ့ကိုကောင်းကောင်းဖြစ်စေချင် တယ်။တစ်ဖက်မှာဒါကဘဲသူ့ကိုလူတိုင်းရဲ့အာရုံစိုက်မှုဖြစ်စေတယ်။သေချာတာကတော့တစ်ခုခုအောင် မြင်မှုရဖို့လိုတယ်။ဒုံးပျံသိပ္ပံတော့မဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။တက်ဒီရှရင်ဂမ်ဟာမန်ယူ တွင်ဆိုးလ်ရှားနှင့်အတူတွဲကစားခဲ့သူဖြစ်ပြီး၁၉၉၉ခုနှစ်တုန်းကချန်ပီယံလိဂ်ဖလားအပါအဝင်ဆုဖ လားသုံးလုံးတစ်နှစ်တည်းရရှိအောင်ဆိုးလ်ရှားနှင့်အတူအဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။ zawgyi,, တက်ဒီရှရင်ဂမ်ကအိုလီဂန်းနားဆိုးလ်ရှားအနေဖြင့်ယခုရာသီတွင်ဆုဖလားတစ်လုံးမဆွတ်ခူးနိုင် […]

ဂန္တဝင်ကြီးတောင် သရေပဲဆွဲနိုင်တဲ့ အသင်းကို ချန်ပီယံလိဂ်မှာ ဆိုးလ်ရှားဘယ်လိုဖြဲမလဲ စိတ်ဝင်တစားစောင့်ကြည့်ရမဲ့ပွဲ

September 27, 2021 Kaung Thant 0

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ရလဒ်ဆိုးရွားပြီး ရှုံးပွဲတွေ ဆက်တိုက်ရင်ဆိုင်ခဲ့ရတဲ့ ယူနိုက်တက်ဟာ လာမယ့် (၃၀) ရက်နေ့မှာတော့ ချန်ပီယံလိဂ်အုပ်စု ဒုတိယ ပွဲစဥ်အဖြစ် ဗီလာရီးရဲလ်အသင်း နဲ့ ယှဥ်ပြိုင် ရမှာပါ။အုပ်စုအဖွင့်ပွဲစဥ်မှာ ယမ်းဘွိုင်းစ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်ကတော့ဒီပွဲကို အိမ်ကွင်း အားသာချက်နဲ့ မဖြစ်အနေ အနိုင် (၃) မှတ်ရအောင် […]

ခံစစ်ပိုင်းကို အားဖြည့်ဖို့ လိုက်ပ်ဇစ်အသင်းက ပြင်သစ်သားလေးကိုစိတ်ဝင်စားနေပြန်တဲ့ ယူနိုက်တက်

September 27, 2021 Kaung Thant 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ ပြင်သစ် လက်ရွေးစင်ညာနောက်ခံလူနော်ဒီမက်ကီယာလီကိုခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါ တယ်။ နည်းပြဆိုးလ်ရှားဟာအသင်းခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် လိုက်ပ်ဇစ်အသင်းအတွက်ခြေစွမ်း းပြနေတဲ့မက်ကီယာလီကို ခေါ်ယူလိုနေတာဖြစ်သလို လက်ရှိညာနောက်ခံလူဘစ်ဆာကာရဲ့ခြေစွမ်းအ ပေါ် အားရကျေနပ်မှုမရှိတော့တာကြောင့် ဘစ်ဆာကာရဲ့နေရာမှာအစားထိုးဖို့အတွက် လာမယ့်နှစ်၊ နွေ ရာသီကျရင် မက်ကီယာလီကို ကမ်းလှမ်းသွားဖို့ပြင်ဆင်နေတာပါ။ ဆိုးလ်ရှားဟာ ဘစ်ဆာကာအပြင် ဒါ လော့တ်ရဲ့စွမ်းဆောင်ရည်ကိုလည်း […]

ရော်နယ်ဒိုကို အကိုင်မတတ်ရင် တိုင်ပတ်နိုင်ကြောင်း ဆိုးလ်ရှားကို အသိပေးလာတဲ့ ယူနိုက်တက်ရွှေခေတ်က ခံစစ်ကစားသမား

September 27, 2021 Kaung Thant 0

မန်ချက်စတာယူနိုက်တက် ရွှေခေတ်ရဲ့ အဓိက ခံစစ် ကစားသမားတစ်ဦးဖြစ်နေတဲ့ဂျက်ပ် စတမ်းက တော့ နည်းပြ ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ ကစားသမားရော်နာလ်ဒိုက ဘယ်လိုမျိုး ကိုင်တွယ်သင့်သ လဲဆိုတာကို အကြံပြုပြောဆိုခဲ့ပါတယ်။စတမ်းဟာ ယူနိုက်တက်ရဲ့ လက်ရှိ ယူနိုက်တက်ရဲ့ နည်းပြ ဆိုးလ်ရှားအတူ(၁၉၉၉) ခုနှစ်မှာ ဖလား (၃) လုံး အောင်မြင်မှုတွေကို […]