မထင်မှတ်ပဲ ကြော်ငြာသလိုဖြစ်သွားခဲ့တဲ့ ရော်နယ်ဒိုရဲ့အတွင်းခံဘောင်းဘီ

September 30, 2021 Kaung Thant 0

မနေ့ညကပွဲမှာ ပွဲပြီးခါနီး နာကျင်အချိန်ပိုရောက်မှ နောက်ကျအနိုင်ဂိုးနဲ့ ဗီလာရီးရဲလ်ကို အနိုင်ရယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်ဟာ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် ရမှတ် (၃)မှတ် စတင်ရရှိလာခဲ့ပါတယ်။ အဖွင့်ပွဲမှာ ယန်းဘွိုင်း အသင်းကို အဝေးကွင်းမှာ အမှတ်မထင် ရှုံးနိမ့်ခဲ့ရတဲ့နောက်မှာ အုပ်စုအတွင်းမှာ အင်အားကြီးပြိုင်ဘက်ဖြစ်တဲ့ ဗီလာရီးရဲလ်အသင်း ကိုအနိုင်ကစာနိုင်ခဲ့တာက ရမှတ် (၆)မှတ်ရရှိသွားခဲ့သလိုဖြစ်ခဲ့ပါတယ်။ […]

စီရော်နယ်လ်ဒိုနဲ့ မက်ဆီက ဆာလာလောက် မကောင်းဘူးလို့ ပြောလာတဲ့ လီဗာပူးလ်စတား

September 30, 2021 Kaung Thant 0

လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း ဒင်းဆောင်းဒါးစ်က စီရော်နယ်လ်ဒိုနဲ့မက်ဆီတို့ဟာ လီဗာပူးလ်အသင်းအတွက်တောက်လျှောက်ခြေစွမ်းပြနေတဲ့ ဆာလာလောက် ကောင်းတဲ့ကစားသမားတွေမဟုတ်ဘဲ ဆာလာက လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ဖြစ်တယ်လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။ အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်သူ အီဂျစ်လက်ရွေးစင်ကစားသမားဆာလာဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် (၈)ဂိုးသွင်းယူထားပြီး ဘရန့်ဖို့ဒ်နဲ့(၃)ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတုန်းက လီဗာပူးလ်ကစားသမားဘဝတစ်လျှောက် ပရီးမီးယားလိဂ်ဂိုး (၁၀၀)ပြည့်သွင်းယူခဲ့သလို လီဗာပူးလ်ကစားသမားတွေထဲမှာ ပွဲအနည်းဆုံးနဲ့ ပရီးမီးယားလိဂ်ဂိုးရာပြည့်သွင်းယူခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းကို […]

ယူနိုက်တက် ကစားသမားဘဝမှာ ပထမဆုံးဂိုးသွင်းနိုင်ခဲ့တဲ့ တဲလက်စ်ရဲ့ ကျေနပ်ပီတိ ခံစားချက်

September 30, 2021 Kaung Thant 0

မန်ယူအသင်းဟာ ဗီလာရီးရဲလ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဥ်မှာ ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် နောက်ခံကစားသမား တဲလက်စ် ရဲ့ ချေပဂိုး နဲ့အတူ အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး ရော်နာလ်ဒိုရဲ့ နောက်ဆုံး မိနစ် အသည်းခွဲဂိုးကြောင့် ပွဲအပြီးမှာ အနိုင် (၃) မှတ် စုဆောင်းနိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် (၆၀) မှာ ဂရင်းဝုဒ်ကြောင့်ရလာတဲ့ […]

ရော်နယ်ဒိုရဲ့ကား ဓာတ်ဆီဖြည့်ဖို့အတွက်လည်း တန်းစီစောင့်ရပြီ

September 30, 2021 Kaung Thant 0

ဗြိတိန်တွင်ဓာတ်ဆီမလိုအပ်ဘဲအလျင်အမြန်ဝယ်ယူမှု၊ဆီဘောက်ဆာကားပြဿနာများကြောင့်ဓာတ်ဆီအကျပ်အတည်းနဲ့ရင်ဆိုင်နေရပါတယ်။ ထုံးစံအတိုင်း အကြပ်အတည်း ဖြစ်ရင် တန်းစီစောင့်ရတဲ့ ဒုက္ခတစ်ခုရှိကာ ထိပ်တန်းကစားသမား ရော်နယ်ဒိုရဲ့ ကားဒရိုင်ဘာလည်း အဲဒီဒုက္ခနဲ့ကြုံကာ ဓာတ်ဆီ မရတဲ့ အဖြစ် ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုရဲ့ကားဒရိုင်ဘာဟာပေါင်၂၂၀၀၀၀တန် Bentley ကားကို ဆီဖြည့်ဖို့အတွက်၇နာရီနီးပါးစောင့်ဆိုင်းနေခဲ့ပေမယ့်လည်းဆီတစ်စက်မှမရဘဲပြန်ခဲ့ရပါတယ်။ ရော်နယ်ဒိုရဲ့စူပါကားကိုဒိုလေးရဲ့နေအိမ်နဲ့မိုင်အနည်းငယ်အကွာရှိ Shell ဆီဆိုင်မှာတန်းစီထားတာတွေ့ခဲ့ရတာပါ။ ရော်နယ်ဒိုရဲ့လုံခြုံရေးအဖွဲ့ဝင်တစ်ဦးကလည်း Range Rover ကားမှာဆီဖြည့်ဖို့အတွက် […]

အောင်ပွဲဖန်တီးပေးတဲ့ အသင်းဖော်တွေအတွက် ဖာနန်ဒက်စ် ရဲ့ ချီးကျူးစကား

September 30, 2021 Kaung Thant 0

ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကတော့ ဗီလာရီးရဲလ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အသင်းဖော်တွေကို ချီးကျူးသွားပါတယ်။ ယူနိုက်တက်အသင်းဟာ ဗီလာရီးရဲလ်အသင်းကို အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရပြီး ဒီဂီယာရဲ့အံ့အားသင့်ဖွယ် ကာကွယ်မှုတွေကြောင့် ပေးဂိုးများစွာ ခွင့်မပြုခဲ့ရတာလည်း ဖြစ်ပါတယ်။ “ဒီပွဲကိုအနိုင်ကန်နိုင်တယ်လို့ကျွန်တော်အမြဲတွေးတယ်။ သူတို့ဂိုးအရင်ရသွားတယ်ဆိုရင်တောင်ပေါ့။ ပွဲကိုအလှည့်အပြောင်းလုပ်ပစ်နိုင်တယ်လို့ ကျွန်တော်ခံစားမိတယ်။ တဲလက်စ်ရဲ့ဂိုးကတော့ တကယ့်ကိုအံ့ဩဖို့ကောင်းလွန်းပါတယ်။ ပရိသတ်တွေရဲ့လက်ခုပ်သံတွေကလည်းတဲလက်စ် ရဲ့ဂိုးနဲ့ထပ်တူအံ့ဩဖို့ကောင်းပါတယ်။ ရော်နယ်ဒို ကတော့ နောက်တစ်ကြိမ် […]

ဗီလာရီးယဲလ်နဲ့ပွဲမှာ စံချိန်မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့ပြန်တဲ့ စီရော်နယ်လ်ဒို နဲ့ တဲလက်စ်

September 30, 2021 Kaung Thant 0

ဗီလာရီးယဲလ်ကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာ နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုက မန်ချက်စတာယူနိုက်တက်အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးသွင်းယူခဲ့သလို စံချိန်မှတ်တမ်းကောင်းတွေလည်းပိုင်ဆိုင်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုဟာ (၉၅)မိနစ်မှာ လင်ဂတ်ရဲ့ပေးပို့မှုကနေ ယူနိုက်တက်အသင်း(၃)မှတ်စတင်ရရှိစေမယ့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပြီး ဒါက ယူနိုက်တက်အသင်းအတွက်ကစားခဲ့တဲ့ပြိုင်ပွဲစုံ(၅)ပွဲမှာ (၅)ဂိုးမြောက်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာ ယန်းဘွိုင်းစ်နဲ့ကစားခဲ့တဲ့အုပ်စုအဖွင့်ပွဲတုန်းက ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်ပွဲအများဆုံးကစားခဲ့သူအဖြစ်စံချိန်တင်ထားတဲ့ ရီးယဲလ်ဂန္ထဝင်ဂိုးသမားကာဆီးလက်စ်ရဲ့(၁၇၇)ပွဲအရေအတွက်နဲ့တူညီခဲ့သလို အခု ဗီလာရီးယဲလ်နဲ့ပွဲမှာတော့ ကာဆီးလက်စ်ကို တစ်ပွဲအသာနဲ့ကျော်ဖြတ်ပြီး ပွဲအများဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့ပါပြီ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ […]

ဗီလာရီးယဲလ်နဲ့ပွဲက မဖြစ်မနေအနိုင်ကစားဖို့လိုတဲ့ပွဲမဟုတ်သေးဘူးလို့ ပြောကြားခဲ့တဲ့ဆိုးလ်ရှား

September 29, 2021 Kaung Thant 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီည(မြန်မာစံတော်ချိန် ကြာသပတေးမနက်၁:၃၀)မှာ ဗီလာရီးယဲလ်နဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲအဖြစ်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အုပ်စုအဖွင့်ပွဲမှာရှုံးနိမ့်ခဲ့တာကြောင့် ရလဒ်ကောင်းတစ်ခုရယူဖို့လိုအပ်နေပေမယ့် နည်းပြဆိုးလ်ရှားကတော့ အခုပွဲက မဖြစ်မနေအနိုင်ကစားရမယ့်အနေအထားမှာ မရှိသေးဘူးလို့ အံ့အားသင့်စရာကောင်းအောင်ဖွင့်ဟပြောဆိုလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စုပွဲတုန်းက ယန်းဘွိုင်းစ်အသင်းကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုကတက်ဖို့ လက်ကျန်ပွဲတွေမှာအမှားထပ်လုပ်လို့မရတော့ဘဲ မနှစ်ကလည်း ချန်ပီယံလိဂ်အုပ်စုအဖွင့်(၂)ပွဲစလုံးအနိုင်ရခဲ့ပြီးမှ နောက်ပိုင်းပွဲတွေမှာ ခြေချော်ခဲ့တာကြောင့် အုပ်စုအဆင့်ကထွက်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားကတော့ […]

ခံစစ်လူတံတိုင်းနောက်မှာ မက်ဆီကို ထားရှိခဲ့တဲ့လုပ်ရပ်အပေါ် ဖာဒီနန်နဲ့ဟားဂရေ့ဗ်ဝေဖန်

September 29, 2021 Kaung Thant 0

မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ မာရက်ဇ် ဖရီးကစ်မကန်ခင် PSG ကစားသမားတွေက ခံစစ်လူတံတိုင်းကာကွယ်ဖို့ပြင်ဆင်နေပြီး မက်ဆီက သူတို့တွေရဲ့နောက်မှာ မြေပြင်ပေါ်လှဲချပြီးတော့ ကာကွယ်ခဲ့တဲ့အဖြစ်အပျက်နဲ့ပတ်သက်လို့ BT ရုပ်သံလိုင်းရဲ့ဘောလုံးပွဲဝေဖန်သုံးသပ်သူနှစ်ဦးဖြစ်တဲ့ ဖာဒီနန်နဲ့ဟားဂရေ့ဗ်တို့က ဝေဖန်ပြောဆိုလိုက်ပါတယ်။ အဲဒီပွဲမှာ PSG အသင်းက (၂-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး မက်ဆီဟာ ဒုတိယပိုင်းမှာ ဘာပေနဲ့ One-Two ရိုက်ပြီးတော့ အသင်းအတွက် ဒုတိယဂိုး၊ […]

မိုက်ကယ်အိုဝင်ရဲ့ ချန်ပီယံလိဂ် ခန့်မှန်းချက်က ယူနိုက်တက်ပရိသတ်တွေအတွက်တော့ ရင်မောစရာဖြစ်နေမလား…

September 28, 2021 Kaung Thant 0

မိုက်ကယ်အိုဝင်ရဲ့ခန့်မှန်းချက်တွေနဲ့ အသားကျနေကြသူတွေအတွက်တော့ သူ့ရဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာပြီဆိုရင် ဘယ်လို ဖြစ်လာနိုင်တယ်ဆိုတာ တွက်ဆနိုင်နေကြပါပြီ။ အခုတစ်ခါမှာလည်း ကြားရက် ချန်ပီယံလိဂ်ပွဲစဉ်တွေအတွက် ခန့်မှန်းပေးမှုတွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။ ပီအက်ဂျီ နဲ့ မန်စီးတီးပွဲကို (၁-၁) သရေကျမယ်လို့ခန့်မှန်းခဲ့သလို လီဗာပူးလ်ကလည်း ပေါ်တိုအသင်းကို (၂-ဝ)နဲ့ အနိုင်ရမယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ ဒီပွဲစဉ်တွေကတော့ ဗုဒ္ဓဟူး […]

ယူနိုက်တက်အပါအဝင် ထိပ်သီးအသင်းတွေ ဆွဲစားချင်နေကြတဲ့ PSG မှာမပျော်မရွှင်ဖြစ်နေတဲ့ကောင်လေး

September 26, 2021 Kaung Thant 0

မန်ချက်စတာယူနိုက်တက်အသင်းဟာ PSG အသင်းဂိုးသမားဒွန်နာရမ်မာရဲ့အနေအထားနဲ့ ပတ်သက်လို့ စောင့်ကြည့်နေပြီး ဒွန်နာရမ်မာဟာ နွေရာသီအပြောင်းအရွှေ့ကမှ အေစီမီလန်အသင်းဆီကနေ PSG အသင်းကိုပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် ပုံမှန်ကစားခွင့်မရလို့ မပျော်မရွှင်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်းချန်ပီယံဆုဖလားကိုင်မြှောက်နိုင်အောင် အဓိကစွမ်းဆောင်ခဲ့သူ ဒွန်နာရမ်မာဟာ ၂၀၂၀-၂၁ ရာသီကုန်မှာ အေစီမီလန်အသင်းနဲ့စာချုပ်သက်တမ် းပြည့်ခဲ့တာကြောင့် PSG အသင်းဆီအလွတ်နဲ့ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး နည်းပြပိုချက်တီနိုက […]