ရွန်နီပြောတဲ့ “ရော်နယ်ဒိုရောက်လာမှုနဲ့အတူ ကပ်ပါလာတဲ့ နည်းပြကြီးဆိုးလ်ရှားအတွက် ဖိအားများ”
August 30, 2021 Kaung Thant 0
ရည်ရွယ်ချက်ရှိရှိ နဲ့ အောင်ပွဲခံခဲ့တဲ့ မှတ်တမ်းကောင်းရ ဂရင်းဝုဒ်
August 30, 2021 Kaung Thant 0
ယူနိုက်တက် အသင်းဟာ မနေ့ညက မိုလီနက်စ် ကွင်းထဲ မှာ ဝုလ်ဗ် အသင်းကို ရင်ဆိုင် ကစားခဲ့ရပြီး 0 – 1 ဆိုတဲ့ ရလဒ်နဲ့ နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် ယူနိုက်တက်တို့ဟာ အမှတ်ပေးဇယား အဆင့် 3 နေရာကို တက်လှမ်း […]
၂၀၀၉ ခုနှစ်နောက်ပိုင်း ယူနိုက်တက်နံပါတ်(၇)ကစားသမားအားလုံးရဲ့ လိဂ်သွင်းဂိုးအရေအတွက်ထက် (၃၆၈)ဂိုး ပိုသွင်းယူခဲ့တဲ့စီရော်နယ်လ်ဒို
August 30, 2021 Kaung Thant 0
မန်ချက်စတာယူနိုက်တက်အသင်းဆီ တစ်ကျော့ပြန်ရောက်ရှိလာသူ စီရော်နယ်လ်ဒိုဟာ အသင်းမှာပထမအကြိမ်ကစားခဲ့တဲ့ ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ခုနှစ်အထိ ကြီးမားတဲ့အောင်မြင်မှုတွေရယူခဲ့ပြီး သူမရှိတော့တဲ့နောက်ပိုင်း နံပါတ်(၇)ဂျာစီဝတ်ဆင်ခွင့်ရခဲ့တဲ့သူတွေဟာ စီရော်နယ်လ်ဒိုလောက် စွမ်းဆောင်ရည်ကောင်းတွေမပြသနိုင်ခဲ့ဘူးဆိုတာ အချက်အလက်တွေအရ သက်သေခံနေပါတယ်။ ၂၀၀၉ ခုနှစ်မှာ ယူနိုက်တက်နဲ့စီရော်နယ်လ်ဒိုတို့ လမ်းခွဲခဲ့ပြီးတဲ့နောက် (၁၂)နှစ်တာကာလအတွင်း ယူနိုက်တက်အသင်းဟာ ကစားသမား(၆)ဦးကို ကျောနံပါတ်(၇)ဂျာစီဝတ်ဆင်ခွင့်ပေးခဲ့ပြီး အဲဒီကစားသမားတွေအားလုံးပေါင်းသွင်းလိဂ်ဂိုးအရေအတွက်ထက် စီရော်နယ်လ်ဒိုက (၃၆၈)ဂိုး […]
ဆောင်းနက်စ်က ဘောလုံးဝေဖန်ရေးလုပ်နေတာလား ယူနိုက်တက်ဝေဖန်ရေးလုပ်နေတာလား…? ယူနိုက်တက်ကိုဆိုရင် ပြောမယ်ဆိုတာကြီးပဲ။
August 30, 2021 Kaung Thant 0
ဆောင်းနက်စ်က ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာဟာ ဝုဗ်မှ ကွင်းလယ်လူ နာဗက်စ်ကို ပြုလုပ်ခဲ့တဲ့ဘောလုံးဖျက်ထုတ်ပုံကြောင့် ပြစ်ဒဏ်ကျခံသင့်ကြောင်း ပြောဆိုပါတယ်။ အဲဒီ ဖြစ်ရပ်ဟာ ဂရင်းဝုဒ်က ယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို မသွင်းခင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကွင်းလယ်ဒိုင် မိုက်ဒိန်းက အပြစ်ပေးခဲ့ခြင်း မရှိပါဘူး။ ပေါ့ဘာဟာ နာဗက်စ်ကို ပြင်းထန်စွာ ထိမိခြင်းမရှိပေမယ့်လည်း […]
‘လူလိမ်၊လူလိမ်၊’လို့ အော်ခဲ့တဲ့ ဝုဗ်ပရိသတ်တွေကို Pro ပီသစွာ တုံ့ပြန်ခဲ့တဲ့ ပေါလ်ပေါ့ဘာ
August 30, 2021 Kaung Thant 0
ပေါလ်ပေါ့ဘာဟာမနေ့ညတုန်းကဝုဗ်အား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင် ဝုဗ်ပရိသတ်များရဲ့ ‘လူလိမ်၊လူလိမ်၊လူလိမ်’ဟုအော်ဟစ်ခြင်းခံခဲ့ရပေမယ့်ပွဲအပြီးမှာဝုဗ်ပရိသတ်တစ်ဦးအားသူ့အင်္ကျီချွတ်ကာပေးခဲ့ကာအလှပဆုံးတုံ့ပြန်ခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟာပွဲချိန်၈၀မိနစ်မှာမန်ယူရဲ့အနိုင်ဂိုးမရမီ ကစားကွက်တည်ဆောက်နေစဉ်ရူဘင်နီဗက်စ်အားကြမ်းတမ်းစွာကစားခဲ့ပါတယ်။ ဒါပေမယ့်ဒိုင်လူကြီးကအရေးယူမှုတစ်စုံတစ်ရာပြုလုပ်ခဲ့ခြင်းမရှိပါဘူး ယင်းနောက်မကြာမီတွင်ပင်မေဆင်ဂရင်းဝုဒ်ကမန်ယူအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူသွားခဲ့ပါတယ် ဝုဗ်နည်းပြဟာပွဲအားဆက်ကစားခွင့်ပေးမှုအပေါ်အကြီးအကျယ်ဒေါသထွက်ခဲ့သလိုဝုဗ်ပရိသတ်များဟာလည်းယင်းဆုံးဖြတ်ချက်အပေါ်ပေါက်ကွဲခဲ့ကြပါတယ်။ ဒါပေမယ့်ဒိုင်လူကြီးကမေဆင်ဂရင်းဝုဒ်ရဲ့ဂိုးကိုခွင့်ပြုပေးခဲ့ကာမန်ယူဟာအိမ်ပြန်ခရီးမှာရမှတ်၃မှတ်အပြည့်ရခဲ့ပါတယ်။ ယင်းနောက်ပရိသတ်များဟာပေါလ်ပေါ့ဘာအားပစ်မှတ်ထားကာ ‘လူလိမ်၊လူလိမ်၊လူလိမ်’ဟုအော်ဟစ်ခဲ့ကြပါတယ်။ ယင်းသို့အော်ဟစ်ခြင်းခံခဲ့ရပေမယ့်ပွဲပြီးခရာမှုတ်ပြီးချိန်တွင်ပေါလ်ပေါ့ဘာဟာဝုဗ်ပရိသတ်များရှိရာသို့သွားကာလူ့အင်္ကျီကိုချွတ်ပြီးပရိသတ်တစ်ဦးအားပေးခဲ့ပါတယ် ယင်းသို့ပေါ့ဘာရဲ့ပြုမူမှုအပေါ်ဝုဗ်ပရိသတ်များကလက်ခုပ်တီးကာချီးကျူးမှုပြုလုပ်ခဲ့ကြပါတယ် ရူဘင်နီဗက်စ်အားဖျက်ထုတ်မှုနဲ့ပတ်သက်ပြီးပေါ့ဘာက “သူ့(နီဗက်စ်)ကိုမထိခဲ့ပါဘူး ဒါကပရီးမီးယားလိဂ်ပါ ၅၀-၅၀ပါ အပတ်စဉ်တိုင်းဖြစ်နေကြအရာတွေပါ”လို့ပြောကြားခဲ့ပါတယ် မန်ယူဟာဝုဗ်အားအဝေးကွင်းမှာ၁-၀ဂိုးဖြင့်အနိုင်ရရှိမှုနဲ့အတူပရီးမီးယားလိဂ်သမိုင်းတွင်အဝေးကွင်း၂၈ပွဲဆက်ရှုံးပွဲမှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့ပါတယ်။ zawgyi… ‘လူလိမ်၊လူလိမ်၊လူလိမ်’လို့ အော်ခဲ့တဲ့ ဝုဗ်ပရိသတ်များကို အလှပဆုံးတုံ့ပြန်ခဲ့တဲ့ ပေါလ်ပေါ့ဘာ […]
ယခုရာသီတွင် ကျောနံပါတ် ၂ ခုဖြင့် ခရစ္စတီယာနိုရော်နယ်ဒို ကစားလာမလား?
August 30, 2021 Kaung Thant 0
ဘောလုံးသမိုင်းမှာကျောနံပါတ်၇ကိုအစဉ်တစိုက်ဝတ်ဆင်ပြီးအောင်မြင်မှုမြောက်မြားစွာရယူနိုင်တဲ့ကစားသမားအရေအတွက်ကလက်တစ်ဆုပ်စာဘဲရှိပါလိမ့်မယ် ယင်းအထဲမှာခရစ္စတီယာနိုရော်နယ်ဒိုလည်းတစ်ဦးအပါအဝင်ဖြစ်ပါတယ် ဒါပေမယ့်လည်းအိုးထရက်ဖို့ဒ်တစ်ကျော့ပြန်ခရစ္စတီယာနိုရော်နယ်ဒိုဟာယခင်တုန်းကသူဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၇ကိုပြန်လည်ဝတ်ဆင်နိုင်ချင်မှဝတ်ဆင်နိုင်မယ့်အခြေအနေမျိုးမှာရှိနေပါတယ် လက်ရှိအချိန်မှာမန်ယူရဲ့ကျောနံပါတ်၇ ပိုင်ရှင်ကအက်ဒီဆင်ကာဗာနီဖြစ်ပါတယ် ဥရုဂွေးတိုက်စစ်မှူးဟာမနေ့ညတုန်းကဝုဗ်အား၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာလူစားဝင်ရောက်ကစားမှုပြုလုပ်ခဲ့ပါတယ် ဒါကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်ယူတကျော့ပြန်ခရီးမှာကျောနံပါတ်၇ဝတ်ဆင်နိုင်တော့မှာမဟုတ်ပါဘူး ခရစ္စတီယာနိုရော်နယ်ဒိုအနေဖြင့်မန်ယူသို့ရောက်လာချိန်မှာအခြားကျောနံပါတ်တစ်ခုကိုရွေးချယ်ဝတ်ဆင်ပြီးပရီးမီးယားလိဂ်မှာကစားရတော့မှာဖြစ်ပါတယ်။ တစ်ဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်မှာတော့ကျောနံပါတ်၇ကိုရွေးချယ်ဝတ်ဆင်နိုင်ခွင့်ရှိပါသေးတယ် မန်ယူဟာချန်ပီယံလိဂ်အတွက်ကစားသမားနှင့်ကျောနံပါတ်ကိုတင်ပြရခြင်းမရှိသေးပါဘူး ယင်းသို့အနေအထားများကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာချန်ပီယံလိဂ်မှာကျောနံပါတ်၇ကိုဝတ်ဆင်ပြီးပြည်တွင်းပွဲတွေမှာအခြားကျောနံပါတ်တစ်ခုကိုဝတ်ဆင်ကစားလာဖို့ရှိနေပါတယ်။ တကယ်တော့ပြည်တွင်းပွဲနဲ့ဥရောပပွဲတွေမှာကျောနံပါတ်တစ်ခုစီနဲ့ကစားတာ ထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး မန်ယူကစားသမားဟောင်းဟင်းနရစ်ခီတာယန်ဟာအာဆင်နယ်မှာကစားတုန်းကကျောနံပါတ်၇ နှင့် ကျောနံပါတ် ၇၇ တို့ကိုဝတ်ဆင်ကစားခဲ့ပါတယ် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်ယူကစားဖော်ဟောင်းဝက်စ်ဘရောင်းဟာလည်း၁၉၉၈-၉၉ရာသီတုန်းကကျောနံပါတ်၃၀နှင့်ကျောနံပါတ်၂၄တို့ကိုဝတ်ဆင်ကစားခဲ့ဖူးပါတယ်။ လက်ရှိအချိန်တွင်ခရစ္စတီယာနိုရော်နယ်ဒိုအနေနဲ့ကာဗာနီမန်ယူမှထွက်ခွာမှသာလျှင်ကျောနံပါတ်၇ကိုပရီးမီးယားလိဂ်မှာဝတ်ဆင်နိုင်မယ့်အခြေအနေမျိုးမှာရှိပါတယ်။ ကာဗာနီရဲ့အေးဂျင့်ဖြစ်တဲ့အစ်ကိုဖြစ်သူကတော့မန်ယူမှထွက်ခွာမှာမဟုတ်ကြောင်းအတည်ပြုထားပါတယ်။ ယင်းကဲ့သို့အနေအထားကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာကျောနံပါတ်၇ကိုဝတ်ဆင်ချင်တယ်ဆိုရင်တော့ချန်ပီယံလိဂ်မှာဝတ်ဆင်ပြီးပရီးမီးယားလိဂ်မှာအခြားကျောနံပါတ်တစ်ခုဖြင့်ကစားရမှာဖြစ်ပါတယ်။ ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုအနေနဲ့လာမယ့်ဇန်နဝါရီလမှာကာဗာနီထွက်ခွာရင်ကျောနံပါတ်၇ကိုဝတ်ဆင်နိုင်ပါမယ်။ ယခုရာသီတွင် ကျောနံပါတ် […]
အဝေးကွင်းပွဲမှာ အနိုင်ရခဲ့ပေမယ့်လည်း လိုအပ်ချက်တွေနဲ့ ရင်မောနေရဆဲဖြစ်တဲ့ ယူနိုက်တက်
August 30, 2021 Kaung Thant 0
မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဥ် (၃) မှာတော့ ယူနိုက်တက်ဟာ ဂရင်းဝုဒ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ ဝုလ်ဗ်အသင်းကို အဝေးကွင်းမှာ အနိုင်ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲ အနိုင် (၃) မှတ် ရခဲ့ပေမယ့် ယူနိုက်တက်နည်းပြ ဆိုလ်းရှားရဲ့ လူထုတ်ပုံကတော့ လိုအပ်ချက်တွေရှိနေဆဲဖြစ်ပြီး ကွင်းလယ် ကစားသမားတစ်ယောက် မဖြစ်မနေခေါ်ယူဖို့ […]
သမိုင်းဝင်စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့ကြတဲ့ ယူနိုက်တက်နဲ့ဂရင်းဝုဒ်
August 30, 2021 Kaung Thant 0
  မန်ချက်စတာယူနိုက်တက်အသင်းဟာ တနင်္ဂနွေနေ့က ဝုလ်ဗ်အသင်းနဲ့ကစားခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ လူငယ်တိုက်စစ်ကစားသမားဂရင်းဝုဒ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့အနိုင်ယူခဲ့ပြီး အခုဆိုရင် အင်္ဂလိပ်အမှတ်ပေးပြိုင်ပွဲသမိုင်းတစ်လျှောက် အဝေးကွင်းရှုံးပွဲမရှိ ပွဲဆက်အများဆုံးအသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါပြီ။ ယူနိုက်တက်အသင်းဟာ ၂၀၂၀၊ ဇန်နဝါရီလအတွင်း အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ကစားခဲ့တဲ့ပွဲတုန်းက (၂-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးကတည်းက ပရီးမီးယားလိဂ်အဝေးကွင်းရှုံးပွဲလုံးဝမရှိတော့ဘဲ ပြီးခဲ့တဲ့တစ်ရာသီလုံး (၁၈)ပွဲဆက်ရှုံးပွဲမရှိခဲ့တာကြောင့် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တစ်ရာသီအတွင်းအဝေးကွင်းရှုံးပွဲမရှိစံချိန်ပိုင်ဆိုင်ခဲ့သလို ၂၀၀၃ ဧပြီလကနေ ၂၀၀၄ […]
ဝုလ်ဗ်ကွင်းမှာ ကံကောင်းလို့ အနိုင်(၃)မှတ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်
August 30, 2021 Kaung Thant 0
အိမ်ရှင်ဝုလ်ဗ်အသင်းအတွက်တော့ ဒီပွဲမှာအနိုင်မရခဲ့တာက ကံတရားကြောင့်ကလွဲပြီး တခြားဘာမှအပြစ်ပြောစရာမရှိဘူး။ ရာသီအစ(၂)ပွဲဆက် (၁-၀)ဂိုးရလဒ်တွေနဲ့ရှုံးနိမ့်ခဲ့တဲ့ ဝုလ်ဗ်အသင်း ဒီပွဲမှာ အနိမ့်ဆုံးသရေတစ်မှတ်ရသင့်ပေမယ့် ဒီဂီယာရဲ့မယုံနိုင်လောက်အောင်ကာကွယ်မှု၊ ဘစ်ဆာကာရဲ့ Fantastic Block တွေကြောင့် (၁-၀)ဂိုးရလဒ်နဲ့ပဲ (၃)ပွဲဆက်ရှုံးခဲ့ရတာက တကယ်နစ်နာလွန်းတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို တစ်ပွဲလုံးနီးပါး Pressing လုပ်ကစားသွားတဲ့အပြင် လူသန်ကြီးထရာအိုရေးကို မန်ချက်စတာယူနိုက်တက်တစ်သင်းလုံး ဘယ်လိုမှကို မထိန်းချုပ်နိုင်ခဲ့ကြဘူး။ […]
ရော်ဘင် ဗန်ပါစီဆီထံ ပညာသင်ဖို့ ဒီယာလိုကို တစ်ရာသီအငှားလွှတ်တော့မယ့် ယူနိုက်တက်
August 29, 2021 Kaung Thant 0
  ယူနိုက်တက် အသင်းဟာ နယ်သာလန်ကလပ် ဖေရမ်နွတ် အသင်းမှာ လက်ထောက်နည်းပြလုပ်နေတဲ့ သူတို့ရဲ့ကစားသမားဟောင်း ရော်ဘင် ဗန်ပါစီ ရှိနေတဲ့ အသင်းဆီ အာမက်ဒီယာလိုကို တစ်ရာသီအငှားစေလွှတ်ဖို့ သဘောတူညီမှုယူ လိုက်ပြီ ဖြစ်ကြောင်းသိရပါတယ်။ သေချာတဲ့ အပြောင်းအရွှေ့သတင်းတွေကိုဆိုရင် အရင်ဆုံး ရေးလေ့ရှိတဲ့ အားကစားသတင်းထောက် ဖာဇီယိုရိုမာနို က ဒီသတင်းကို […]