ဘာစီလိုနာက ချိတ်ဆက်ခဲ့ပေမယ့် ယူနိုက်တက်မှာ ဆက်ရှိမယ့် ကာဗာနီ
August 31, 2021 Kaung Thant 0
ဘာစီလိုနာအသင်းဟာ ယခုနှစ် နွေဈေးကွက် မပိတ်သိမ်းမီ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ကြိုးစားနေရာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ကာဗာနီကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကာဗာနီနဲ့ ဘာစီလိုနာဟာ သဘောတူညီမှုရရှိခဲ့ပေမယ့် ယူနိုက်တက်ဘက်က ထွက်ခွာခွင့် မပေးလိုတာကြောင့် ဝါရင့်တိုက်စစ်မှူးကြီးဟာ ယူနိုက်တက်မှာပဲ ဆက်ရှိပါမယ်။ ဘာစီလိုနာအသင်းရဲ့ […]
ကစားသမားဟောင်း ဖာဒီနန်သုံးသပ်ပြတဲ့ပင်နယ်တီကန်ခွင့်တာဝန်နှင့် ဖရီးကစ်ကန်ခွင့်တွေအကြောင်း
August 31, 2021 Kaung Thant 0
  မန်ချက်စတာယူနိုက်တက်ဂန္ထဝင်နောက်ခံလူတစ်ဦးဖြစ်တဲ့ ဖာဒီနန်က အသင်းကို စီရော်နယ်လ်ဒိုရောက်ရှိလာတာကြောင့် ပယ်နယ်တီပုံမှန်ကန်နေတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ အဲဒီတာဝန်ကို စီရော်နယ်လ်ဒိုဆီလွှဲပြောင်းပေးဖို့ရှိပေမယ့် ဖရီးကစ်တွေကိုတော့ ဆက်လက်ကန်သွားဖို့ရှိတယ်လို့ ခန့်မှန်းလိုက်ပါတယ်။ ယူနိုက်တက်အသင်းဟာ တစ်ချိန်ကအသင်းနဲ့အတူ ကြီးမားတဲ့အောင်မြင်မှုတွေရယူခဲ့တဲ့ စီရော်နယ်လ်ဒိုကို ပြန်လည်ခေါ်ယူဖို့ သောကြာနေ့က ဂျူဗင်တပ်စ်အသင်းနဲ့သဘောတူညီမှုရခဲ့ပြီး ပြောင်းရွှေ့ကြေးအဖြစ် ယူရို(၂၃)သန်းပေးချေဖို့ရှိသလို နွေရာသီအပြောင်းအရွှေ့စျေးကွက်ပိတ်မယ့် ဒီနေ့(အင်္ဂါ)ညသန်းခေါင်ယံအချိန်မှာ အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်သွားဖို့ရှိနေပါပြီ။ […]
မန်ချက်စတာညနေခင်းသတင်းစာကဖွင့်ချလာတဲ့ ရော်နယ်ဒိုအား ယူနိုက်တက်အသင်းက ပြန်လည် ခေါ်ယူရတဲ့ အကြောင်းရင်း
August 31, 2021 Kaung Thant 0
မန်ချက်စတာယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုအပြောင်းအရွှေ့အားအပြီးသတ်လိုက်နိုင်ပြီဖြစ်ပါတယ် မန်ယူရဲ့ခရစ္စတီယာနိုရော်နယ်ဒိုအားပြန်လည်ခေါ်ယူလိုက်မှုကပြီးခဲ့တဲ့ရက်များအတွင်းမှာဘောလုံးလောကမှာအလှုပ်ခတ်ဆုံးသတင်းဖြစ်ခဲ့ပါတယ် တကယ်တော့မန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအားအသင်းအတွက်အလွန်လိုအပ်တယ်ဆိုပြီးတော့ခေါ်ယူလိုက်တာမျိုးမဟုတ်ပါဘူး မန်ယူဟာမြို့ခံပြိုင်ဘက်ကလပ်မန်စီးတီးသို့ သူတို့ရဲ့စူပါစတားကစားသမားဟောင်းရောက်သွားမှာစိုးရိမ်မှုကြောင့်ခေါ်ယူလိုက်တာဖြစ်ပါတယ် မန်စီးတီးဟာပြီးခဲ့တဲ့အပတ်တုန်းကဟယ်ရီကိန်းအားခေါ်ယူရေးမအောင်မြင်ခဲ့ပြီးနောက်လက်ရှိဈေးကွက်တွင်ခေါ်ယူနိုင်တဲ့တစ်ဦးတည်းသောထိပ်တန်းတိုက်စစ်မှူးဖြစ်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ကာအနီးစပ်ဆုံးအနေအထားသို့လည်း ရောက်ခဲ့ပါတယ်။ ဒါပေမယ့်၂၄နာရီအတွင်းမှာဘဲအခြေအနေအပြောင်းအလဲများစွာဖြစ်ခဲ့ပြီးခရစ္စတီယာနိုရော်နယ်ဒိုဟာမန်စီးတီးသို့မပြောင်းဖြစ်ဘဲအသင်းဟောင်းမန်ယူသို့ပြောင်းဖြစ်ခဲ့ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုကိုအိုး‌ထရက်ဖို့ဒ်သို့ပြန်ရောက်လာစေရေးအတွက်မန်ယူဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်၊ကစားသမားဟောင်းများဖြစ်ကြတဲ့ရီယိုဖာဒီနန်၊ပက်ထရစ်အီဗရာ၊ဒါရင်းဖလက်ချာအပြင်ပေါ်တူဂီကစားဖော်ဘရူနိုဖာနန်ဒက်စ်တို့လည်းဖျောင်းဖျခဲ့ပါတယ်။ ဒါပေမယ့်ယနေ့မှာမန်ချက်စတာညနေခင်းသတင်းစာရဲဲ့ဖော်ပြချက်အရမန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအားမန်စီးတီးသို့ရောက်သွားမှာစိုးလို့ဆိုတဲ့အချက်တစ်ခုတည်းဖြင့်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းရေးသားလာပါတယ်။ တစ်ဖက်တွင်မန်ယူအသင်းပိုင်ရှင်ဂလေဇာမိသားစုကလည်းရော်နယ်ဒိုအားမန်စီးတီးသို့လက်လွှတ်ရမှုကြောင့် ၎င်းတို့အပေါ်အပြစ်ပုံကြလာမည်ကိုစိုးရိမ်နေပါတယ် ဒါ့အပြင်ဂလေဇာမိသားစုဟာရော်နယ်ဒိုခေါ်ယူလိုက်မှုနဲ့အတူပရိသတ်များ မေတ္တာရယူလာနိုင်ခဲ့ပါတယ် ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူနှင့်တစ်ပတ်လုပ်ခပေါင်၄၈၀,၀၀၀ တန်၂နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ် ယင်းစာချုပ်အတွင်းတွင်၁နှစ်သက်တမ်းတိုးနိုင်မယ့်အချက်လည်းပါဝင်ပါတယ် zawgyi,,, ဘာကြောင့် ခရစ္စတီယာနိုရော်နယ်ဒိုအား မန်ယူ ခေါ်ယူလိုက်သလဲ မန်ချက်စတာညနေခင်းသတင်းစာဖွင့်ချလာ မန်ချက်စတာယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုအပြောင်းအရွှေ့အားအပြီးသတ်လိုက်နိုင်ပြီဖြစ်ပါတယ် မန်ယူရဲ့ခရစ္စတီယာနိုရော်နယ်ဒိုအားပြန်လည်ခေါ်ယူလိုက်မှုကပြီးခဲ့တဲ့ရက်များအတွင်းမှာဘောလုံးလောကမှာအလှုပ်ခတ်ဆုံးသတင်းဖြစ်ခဲ့ပါတယ် […]
ယူနိုက်တက်မှာ ဖလားရယူနိုင်တဲ့ အင်အားတွေရှိနေပြီ ဆိုတဲ့ ပေါ့ဘာ
August 31, 2021 Kaung Thant 0
ဖာဂူဆန် ခေတ်လွန် ကာလတွေမှာ ဆုဖလားတွေ ဝေးကွာနေပေမယ့် ယူနိုက်တက် အသင်းရဲ့ အသွေးအသားထဲမှာ ဆုဖလား ကိုင်မြှောက်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ကိန်းအောင်းနေပြီး ဒီရာသီမှာ အကောင်ထည် ပေါ်လာမယ်လို့ ယုံကြည်ကြောင်း ပေ့ါဘာက ပြောဆိုပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိ အချိန်အထိ အင်္ဂလန် ပရီးမီးယားလိဂ်ကို အကြိမ်ရေ အများဆုံး […]
ဒန်နီရယ်ဂျိမ်းစ်ရဲ့အပြောင်းအရွှေ့ကနေ အနည်းဆုံး ပေါင် ၉သန်း မန်ယူ အမြတ်ရရှိ
August 31, 2021 Kaung Thant 0
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရော်နယ်ဒို ရောက်လာပြီးနောက် ပုံမှန်ကစားခွင့် တစ်နေရာ ပေးနိုင်ဖို့ မလွယ်တော့တဲ့ ဒန်နီရယ်ဂျိမ်းစ်ကို ပြောင်းရွှေ့ကြေးပေါင် သန်း ၃၀ ဝန်းကျင်နဲ့ ထုတ်ရောင်းသွားဖို့ လိဒ်ယူနိုက်တက်နဲ့ သဘောတူညီမှု ရထားပြီဖြစ်ပါတယ်။ ဝေးလ်လက်ရွေးစင် တောင်ပံကစားသမား တစ်ဦးဖြစ်တဲ့ ဒန်နီရယ်ဂျိမ်းစ်ဟာ တနင်္ဂနွေနေ့က ဝုဗ်ဗာဟမ်တန်ကို ၁-ဝဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ […]
ဘာပေ၊ ဂျိမ်းစ်နှင့် အခြား အပြောင်းအရွှေ့သတင်းတိုများ
August 31, 2021 Kaung Thant 0
  ပီအက်စ်ဂျီအသင်းဟာ အမ်ဘာပေ အတွက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ယူရို ၂၀၀သန်းတန် ကမ်းလှမ်းမှုကို လက်ခံဖို့ ငြင်းဆန်လိုက်တာကြောင့် ရီးရဲလ်မက်ဒရစ်အသင်းက အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားမှုအား လက်လျော့လိုက်ပြီ လို့ သိရပါတယ်။ ဒါကြောင့် အမ်ဘာပေဟာ ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်း၌သာ ဆက်လက် ရှိနေတော့မှာ ဖြစ်ပြီး […]
ယူနိုက်တက် ချန်ပီယံလိဂ်ဖလား ရမရ စူပါကွန်ပျူတာကဘယ်လိုတွေခန့်မှန်းပေးထားလဲ ???
August 30, 2021 Kaung Thant 0
စူပါကွန်ပျူတာဟာချန်ပီယံလိဂ်တွင်ဥရောပထိပ်သီးကလပ်များရဲ့ချန်ပီယံဖြစ်နိုင်ခြေရှိတဲ့ ရာခိုင်နှုန်းကိုတွက်ချက်ပေးလာပါတယ်။မန်စီးတီးကချန်ပီယံလိဂ်ချန်ပီယံဖြစ်နိုင်ခြေအများဆုံးအသင်းအဖြစ်ရပ်တည်နေပါတယ်။ ယူအီးအက်ဖ်အေရဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်မဲခွဲမှုမှာအသင်းကြီးအများစုကအုပ်စုကျပ်ထဲကျရောက်နေတာတွေ့ရပါတယ်။စူပါကွန်ပျူတာ 538 က မန်စီးတီးဟာချန်ပီယံဖြစ်နိုင်ခြေ၁၆ရာခိုင်နှုန်းဖြင့်ထိပ်ဆုံးမှာရပ်တည်နေတယ်လို့ ခန့်မှန်းထားပါတယ်။ ၎င်းရဲ့ နောက်မှာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ် အသင်းက ၁၁% နဲ့ ရပ်တည်နေပါတယ်။လက်ရှိချန်ပီယံ ချဲလ်ဆီး အသင်း က ၁၀%နဲ့ အဆင့် သုံး နေရာမှာရပ်တည်နေပြီး၊ လီဗာပူး အသင်းက […]
ရော်နယ်ဒို၊ ယူနိုက်တက် ၊ ဂျူဗင်တပ်စ်တို့ ပျော်နေရင် ရပါပြီ ဆိုတဲ့ မော်ရင်ဟို
August 30, 2021 Kaung Thant 0
  ယူနိုက်တက်အသင်းကို ပြန်လည် ပြောင်းရွှေ့သွားတဲ့ တပည့်ဟောင်း ရော်နယ်ဒိုနဲ့ ပတ်သက်ပြီး ဘာမှ မှတ်ချက်ပေးစရာ မလိုအောင် ပြီးပြည့်စုံပါတယ်ဆိုပြီး မော်ရင်ဟိုက ဆိုလိုက်ပါတယ်။ ” ခရစ္စတီယာနိုနဲ့ ပတ်သက်ပြီး ဘာမှကို ဝေဖန်နေစရာကို မလိုတာပါ။ သူက အနှစ် ၂၀လောက် အကောင်းဆုံး ပရော်ဖက်ရှင်နယ် သမိုင်းကြောင်းကို […]
ဥရုဂွေးအသင်းလူစာရင်းမှာ ချန်လှပ်ခံခဲ့ရလို့ ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိနေမယ့်ကာဗာနီ
August 30, 2021 Kaung Thant 0
ဥရုဂွေးအသင်းနည်းပြတာဘာရက်ဇ်ဟာ လာမယ့်၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အသင်းလူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ၀ါရင့်တိုက်စစ်မှူးကာဗာနီကို ချန်လှပ်ဖို့ဆုံးဖြတ်ခဲ့တာကြောင့် ကာဗာနီဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။ အခုတစ်ပတ်မှာ နိုင်ငံတကာပွဲတွေ ပြန်လည်စတင်မှာဖြစ်ပေမယ့် ဗြိတိန်အစိုးရက ခရီးသွားလာခွင့်ပိတ်ပင်ထားတဲ့ Red List စာရင်းဝင် နိုင်ငံတွေမှာ သွားရောက်ကစားရမှာဖြစ်လို့ ပရီးမီးယားလိဂ်ကလပ်အသင်း(၂၀)က တာဝန်ရှိသူတွေဟာ သူတို့ရဲ့အဓိက,ကစားသမားတွေကို လက်ရွေးစင်အသင်းအတွက်စေလွှတ်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ […]
ယူနိုက်တက်သို့ သို့ပြောင်းရန် အလုံးစုံ ဆေးစစ်မှုအောင်မြင်သွားခဲ့ပြီဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်ဒို
August 30, 2021 Kaung Thant 0