၆ဦးမြောက်ကစားသမားကို ကလပ်အစီအစဉ်ဖြင့်သာခေါ်ယူခဲ့ကြောင်း ပြောကြားလာတဲ့ ကွန်တီ
အန်တိုနီယိုကွန်တီကယခုနွေရာသီ၆ဦးမြောက်ကစားသမားခေါ်ယူမှုအဖြစ်ရောက်လာတဲ့ဒီဂျိတ်
စပန်ကိုသူခေါ်ယူခဲ့ခြင်းမဟုတ်ဘဲစပါးစ်ကခေါ်ယူခဲ့ခြင်သားဖြစ်ကြောင်းပြောကြားလာပါတယ်။
အသက်၂၁နှစ်ရှိစပန်ဟာမစ်ဒယ်ဘရော့မှစပါးစ်သို့ပေါင်၁၂.၅သန်းဖြင့်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။
စပါးစ်ဟာစပန်မတိုင်မီဖော်စတာ၊ပီရီဆစ်၊ဘစ်ဆူမာ၊ရီချာလီဆင်၊ဒီလက်တို့ကိုလည်းခေါ်ယူခဲ့ပါ
တယ်။ကွန်တီက “စပန်က ကလပ်ရဲ့ရင်းနှီးမြှပ်နှံမှုတစ်ခုပါ။ကလပ်ကဒါကိုလုပ်ချင်ခဲ့တယ်။ကျွန်
တော်ကလည်းအိုကေလို့ပြောခဲ့တယ်။ဒီကစားသမားကငယ်ရွယ်တယ်။ဒါပေမဲ့ကျွန်တော်တို့အ
တွက်ကောင်းမွန်ပြီးအရေးပါတဲ့ကစားသမားတစ်ဦးဖြစ်နိုင်ကြောင်းပြသထားပြီးဖြစ်တယ်။က
လပ်ကသူ့ကိုဝယ်ယူဖို့ဆုံးဖြတ်ခဲ့တယ်”လို့ပြောကြားသွားပါတယ်။လေးယောက်တန်းခံစစ်တွင်
နောက်တန်းအစွန်လူအဖြစ်သာမက ညာတောင်ပံခံစစ်ကစားသမားအဖြစ်ပါကစားနိုင်တဲ့စပန်
ဟာ စပါးစ်တွင်နေရာရရှိရေးအတွက်မတ်ဒိုဟာတီ၊အီမာဆင်ရွိုင်ရယ်၊လူးကပ်စ်မော်ရာတို့နဲ့ယှဉ်
ပြိုင်ရပါမယ်။ဒီဂျိတ်စပန်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကမစ်ဒယ်ဘရော့မှအငှားဖြင့်သွား
ရောက်ကစားစဉ်အတွင်းနော်တင်ဟမ်ဖောရက်စ်အသင်းကိုပရီးမီးယားလိဂ်သို့တက်ရောက်နိုင်
အောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။
စပန်ကိုသူခေါ်ယူခဲ့ခြင်းမဟုတ်ဘဲစပါးစ်ကခေါ်ယူခြင်းမဟုတ်ကြောင်းပြောကြားလာပါတယ်။