(၅)ရာသီမြောက်မှာ ဆုဖလားကိုင်မြှောက်နိုင်ခဲ့ပြီးနောက် နောက်ထပ်ဆုဖလားတွေကို မျက်စိကျလာနေတဲ့ သခင်ကြီးဖရက်ဒ်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဖရက်ဒ်က လိဂ်ဖလားချန်ပီယံဆုဟာသူ့အတွက် အရမ်းအရေး

ပါတဲ့ ဖလားတစ်ခုဖြစ်ပြီး လက်ကျန်ပြိုင်ပွဲ(၃)ခုမှာလည်းဗိုလ်စွဲအောင် ကြိုးစားသွားမယ်လို့ ကြုံးဝါးခဲ့ပါ

တယ်။ ၂၀၁၈ ခုနှစ်တုန်းကရှက်တာဒိုးနက်ကနေ ပေါင်(၄၇)သန်းနဲ့ ယူနိုက်တက်ကို ရောက်ရှိခဲ့သူဖရက်ဒ်

ဟာ ယူနိုက်တက်ကစားသမားဘ၀ (၅)ရာသီမြောက်မှာဆုဖလားအောင်မြင်မှုအဖြစ် လိဂ်ဖလားချန်ပီယံ

ဆု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီရာသီမှာ ယူနိုက်တက်အတွက် ဖရက်ဒ်က ခြေစွမ်းပြကစားနေပြီးပြိုင်ပွဲ

စုံ(၃၅)ပွဲကစား၊ (၅)ဂိုးသွင်းယူခဲ့တာကြောင့် ဒါဟာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀ အကောင်းဆုံး

သွင်းဂိုးမှတ်တမ်းပါပဲ။ဖရက်ဒ်က “ဒီရာသီဟာ ကျွန်တော့်ရဲ့ ယူနိုက်တက်ကစားသမားဘ၀(၅)ရာသီ

မြောက်ဖြစ်ပြီး ဒီဆုဖလားက ကျွန်တော့်အတွက်သာမကယူနိုက်တက်အသင်း တစ်ချိန်ကလို အောင်မြင်

မှုတွေရယူနိုင်ဖို့အတွက်အများကြီးအရေးပါတဲ့ ဖလားတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့အသင်းနောက်

ထပ်တိုက်ပွဲဝင်ရဦးမယ့် ပြိုင်ပွဲတွေ ကျန်ရှိနေပါသေးတယ်။လက်ကျန်ပြိုင်ပွဲ(၃)ခု ရင်ဆိုင်ရမှာဖြစ်ပြီး

ပြိုင်ပွဲတိုင်းမှာဗိုလ်စွဲနိုင်အောင် တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ဖရက္ဒ္က လိဂ္ဖလားခ်န္ပီယံဆုဟာသူ႔အတြက္ အရမ္းအေရး

ပါတဲ့ ဖလားတစ္ခုျဖစ္ၿပီး လက္က်န္ၿပိဳင္ပြဲ(၃)ခုမွာလည္းဗိုလ္စြဲေအာင္ ႀကိဳးစားသြားမယ္လို႔ ႀကဳံးဝါးခဲ့ပါ

တယ္။ ၂၀၁၈ ခုႏွစ္တုန္းကရွက္တာဒိုးနက္ကေန ေပါင္(၄၇)သန္းနဲ႔ ယူႏိုက္တက္ကို ေရာက္ရွိခဲ့သူဖရက္ဒ္

ဟာ ယူႏိုက္တက္ကစားသမားဘ၀ (၅)ရာသီေျမာက္မွာဆုဖလားေအာင္ျမင္မႈအျဖစ္ လိဂ္ဖလားခ်န္ပီယံ

ဆု ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ဒီရာသီမွာ ယူႏိုက္တက္အတြက္ ဖရက္ဒ္က ေျခစြမ္းျပကစားေနၿပီးၿပိဳင္ပြဲ

စုံ(၃၅)ပြဲကစား၊ (၅)ဂိုးသြင္းယူခဲ့တာေၾကာင့္ ဒါဟာ သူ႔ရဲ႕ ယူႏိုက္တက္ကစားသမားဘ၀ အေကာင္းဆုံး

သြင္းဂိုးမွတ္တမ္းပါပဲ။ဖရက္ဒ္က “ဒီရာသီဟာ ကြၽန္ေတာ့္ရဲ႕ ယူႏိုက္တက္ကစားသမားဘ၀(၅)ရာသီ

ေျမာက္ျဖစ္ၿပီး ဒီဆုဖလားက ကြၽန္ေတာ့္အတြက္သာမကယူႏိုက္တက္အသင္း တစ္ခ်ိန္ကလို ေအာင္ျမင္

မႈေတြရယူႏိုင္ဖို႔အတြက္အမ်ားႀကီးအေရးပါတဲ့ ဖလားတစ္ခုျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔အသင္းေနာက္

ထပ္တိုက္ပြဲဝင္ရဦးမယ့္ ၿပိဳင္ပြဲေတြ က်န္ရွိေနပါေသးတယ္။လက္က်န္ၿပိဳင္ပြဲ(၃)ခု ရင္ဆိုင္ရမွာျဖစ္ၿပီး

ၿပိဳင္ပြဲတိုင္းမွာဗိုလ္စြဲႏိုင္ေအာင္ တိုက္ပြဲဝင္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။