
စပိန်အသင်း နာမည်ကျော်နည်းပြလူးဝစ်အင်းနရစ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းနဲ့လမ်
းခွဲပြီး ကလပ်အသင်းလောကထဲကိုပြန်လည်ဝင်ရောက်ဖို့ရှိနေပါပြီ။ အသက်(၅၂)နှစ်အရွယ်ရှိပြီဖြစ်သူ
အင်းနရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကျရင် စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌလူးဝစ်ရူဘီယာလက်စ်နဲ့ သီး
သန့်ဆုံတွေ့ပြီး သူ့အနာဂတ်နဲ့ပတ်သက်လို့ဆွေးနွေးသွားမှာဖြစ်သလို လာမယ့်နှစ်၊ ဇန်နဝါရီလအတွင်း
အဖြေတစ်ခုခုထွက်ပေါ်လာဖို့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း အင်းနရစ်ကိုပရီးမီးယားလိဂ်ထိပ်တန်း
ကလပ်တချို့က မြင့်မားတဲ့လစာငွေနဲ့ကမ်းလှမ်းခဲ့ဖူးပေမယ့် အင်းနရစ်ဟာ စပိန်အသင်းကိုပဲ ဆက်လက်
ကိုင်တွယ်ချင်တဲ့အတွက် ငြင်းဆန်ပယ်ချခဲ့ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ အင်းနရစ်ကို လက်ရွေး
စင်အသင်းနည်းပြအဖြစ်ဆက်လက်တာဝန်ထမ်းဆောင်စေချင်ပေမယ့်လည်း ကလပ်အသင်းတွေလောက်
မြင့်မားတဲ့လစာငွေ မပေးနိုင်တာကြောင့်အသင်းကနေ အင်းနရစ် ထွက်မယ်ဆိုရင် တားဆီးနိုင်ဖို့ ခက်ပါ
တယ်။El Larguero ရေဒီယိုသတင်းဌာနနဲ့ အင်တာဗျူးမှာ ရူဘီယာလက်စ်က“နည်းပြတစ်ယောက်အ
တွက် လစာငွေအဖြစ် ယူရို (၁၀)သန်းဒါမှမဟုတ် သန်း(၂၀)လောက်အထိ သုံးစွဲနိုင်တဲ့ ကလပ်အသင်း
တွေနဲ့ကျွန်တော်တို့ မယှဉ်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့လည်းအဲဒီလောက်ပမာဏအထိ မပေးနိုင်ဘဲ
အဲဒါကို အင်းနရစ်ဟာကောင်းကောင်းနားလည်ထားပါတယ်။ အရင်ကလည်းကလပ်အသင်းတွေဟာ အင်း
နရစ်ကို မြင့်မားတဲ့လစာငွေနဲ့ကမ်းလှမ်းခဲ့ပေမယ့် အင်းနရစ်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ကမ္ဘာ့ဖလား
အပြီး စပိန်နိုင်ငံကို ပြန်ရောက်တဲ့အခါ ဘာဆက်လုပ်မရလဲဆိုတာအင်းနရစ်နဲ့ ကျွန်တော်တို့ အသေးစိတ်
ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီးအသင်းဖြစ်တဲ့ မန်
ချက်စတာယူနိုက်တက်အသင်းဟာ အဲရစ်တန်ဟက်ကို နည်းပြမခန့်ခင် အင်းနရစ်ကိုအရင်ဆုံးကြိုးပမ်း
ခဲ့ဖူးသလို ၂၀၁၈ ခုနှစ်တုန်းကလည်း ချယ်လ်ဆီးအသင်းကအင်းနရစ်ကို နည်းပြသစ် ခန့်အပ်နိုင်ဖို့ နီးစပ်
ခဲ့ပေမယ့် အင်းနရစ်ဟာစပိန်အသင်းကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာ (B)အသင်းမှာနည်းပြ
ဘဝစတင်ခဲ့သူ အင်းနရစ်ဟာ ရိုးမား၊ ဆယ်လ်တာဗီဂို၊ဘာစီလိုနာစတဲ့ နာမည်ကျော်အသင်းတွေကို
,ကိုင်တွယ်ခဲ့ပြီးဘာစီလိုနာနဲ့အတူ လာလီဂါ (၃)ကြိမ်၊ စပိန်ဘုရင့်ဖလား(၃)ကြိမ်၊ချန်ပီယံလိဂ်(၁)ကြိမ်၊
ဥရောပစူပါဖလား၊ ဖီဖာကလပ်ကမ္ဘာ့ဖလား၊စပိန်စူပါဖလား(၁)ကြိမ်စီ ရယူနိုင်ခဲ့ပါတယ်။
စပိန္အသင္း နာမည္ေက်ာ္နည္းျပလူးဝစ္အင္းနရစ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ အသင္းနဲ႔လမ္
းခြဲၿပီး ကလပ္အသင္းေလာကထဲကိုျပန္လည္ဝင္ေရာက္ဖို႔ရွိေနပါၿပီ။ အသက္(၅၂)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ
အင္းနရစ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးက်ရင္ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠ႒လူးဝစ္႐ူဘီယာလက္စ္နဲ႔ သီး
သန႔္ဆုံေတြ႕ၿပီး သူ႔အနာဂတ္နဲ႔ပတ္သက္လို႔ေဆြးေႏြးသြားမွာျဖစ္သလို လာမယ့္ႏွစ္၊ ဇန္နဝါရီလအတြင္း
အေျဖတစ္ခုခုထြက္ေပၚလာဖို႔ရွိပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း အင္းနရစ္ကိုပရီးမီးယားလိဂ္ထိပ္တန္း
ကလပ္တခ်ိဳ႕က ျမင့္မားတဲ့လစာေငြနဲ႔ကမ္းလွမ္းခဲ့ဖူးေပမယ့္ အင္းနရစ္ဟာ စပိန္အသင္းကိုပဲ ဆက္လက္
ကိုင္တြယ္ခ်င္တဲ့အတြက္ ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ စပိန္ေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ အင္းနရစ္ကို လက္ေ႐ြး
စင္အသင္းနည္းျပအျဖစ္ဆက္လက္တာဝန္ထမ္းေဆာင္ေစခ်င္ေပမယ့္လည္း ကလပ္အသင္းေတြေလာက္
ျမင့္မားတဲ့လစာေငြ မေပးႏိုင္တာေၾကာင့္အသင္းကေန အင္းနရစ္ ထြက္မယ္ဆိုရင္ တားဆီးႏိုင္ဖို႔ ခက္ပါ
တယ္။El Larguero ေရဒီယိုသတင္းဌာနနဲ႔ အင္တာဗ်ဴးမွာ ႐ူဘီယာလက္စ္က“နည္းျပတစ္ေယာက္အ
တြက္ လစာေငြအျဖစ္ ယူ႐ို (၁၀)သန္းဒါမွမဟုတ္ သန္း(၂၀)ေလာက္အထိ သုံးစြဲႏိုင္တဲ့ ကလပ္အသင္း
ေတြနဲ႔ကြၽန္ေတာ္တို႔ မယွဥ္ႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔အေနနဲ႔လည္းအဲဒီေလာက္ပမာဏအထိ မေပးႏိုင္ဘဲ
အဲဒါကို အင္းနရစ္ဟာေကာင္းေကာင္းနားလည္ထားပါတယ္။ အရင္ကလည္းကလပ္အသင္းေတြဟာ အင္း
နရစ္ကို ျမင့္မားတဲ့လစာေငြနဲ႔ကမ္းလွမ္းခဲ့ေပမယ့္ အင္းနရစ္က ျငင္းဆန္ပယ္ခ်ခဲ့ပါတယ္။ကမာၻ႔ဖလား
အၿပီး စပိန္ႏိုင္ငံကို ျပန္ေရာက္တဲ့အခါ ဘာဆက္လုပ္မရလဲဆိုတာအင္းနရစ္နဲ႔ ကြၽန္ေတာ္တို႔ အေသးစိတ္
ညႇိႏႈိင္းေဆြးေႏြးသြားမွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။ ပရီးမီးယားလိဂ္ထိပ္သီးအသင္းျဖစ္တဲ့ မန္
ခ်က္စတာယူႏိုက္တက္အသင္းဟာ အဲရစ္တန္ဟက္ကို နည္းျပမခန႔္ခင္ အင္းနရစ္ကိုအရင္ဆုံးႀကိဳးပမ္း
ခဲ့ဖူးသလို ၂၀၁၈ ခုႏွစ္တုန္းကလည္း ခ်ယ္လ္ဆီးအသင္းကအင္းနရစ္ကို နည္းျပသစ္ ခန႔္အပ္ႏိုင္ဖို႔ နီးစပ္
ခဲ့ေပမယ့္ အင္းနရစ္ဟာစပိန္အသင္းကိုပဲ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာ (B)အသင္းမွာနည္းျပ
ဘဝစတင္ခဲ့သူ အင္းနရစ္ဟာ ႐ိုးမား၊ ဆယ္လ္တာဗီဂို၊ဘာစီလိုနာစတဲ့ နာမည္ေက်ာ္အသင္းေတြကို
,ကိုင္တြယ္ခဲ့ၿပီးဘာစီလိုနာနဲ႔အတူ လာလီဂါ (၃)ႀကိမ္၊ စပိန္ဘုရင့္ဖလား(၃)ႀကိမ္၊ခ်န္ပီယံလိဂ္(၁)ႀကိမ္၊
ဥေရာပစူပါဖလား၊ ဖီဖာကလပ္ကမာၻ႔ဖလား၊စပိန္စူပါဖလား(၁)ႀကိမ္စီ ရယူႏိုင္ခဲ့ပါတယ္။