၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စတုတ္ထမြောက် ဂိုးမရှိသရေပွဲဆီ ခေါ်ဆောင်သွားခဲ့ပြန်တဲ့ ဥရုဂွေးနဲ့ တောင်ကိုရီးယား

ဥရုဂွေးနဲ့ တောင်ကိုရီးယားတို့ရဲ့ ပွဲစဉ်ကတော့ အပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့အတူ ပရိ

သတ်အကြိုက်ဖြစ်ခဲ့ပါတယ်။ပထမပိုင်းမှာ တောင်ကိုရီးယားရဲ့ကစားပုံပိုကောင်းခဲ့သလို သွင်းဂိုးရနိုင်တဲ့

အထိ ဂိုးကန်သွင်းချက်တွေရှိခဲ့ပါသလိုဥရုဂွေးဘက်ကလည်း ဂိုဒင်ရဲ့ ခေါင်းတိုက်ချက်ဟာ တိုက်ထိထွက်

ခဲ့သလို ပွဲကစားချိန် ( ၂၁ ) မိနစ်မှာပယ်လစ်စထရီ ရဲ့ ဖြတ်တင်ပေးမှုကနေ နူနက်ဇ်က အနီးကတ် အပိုင်

ပိတ်သွင်းခွင့်ရခဲ့ ပေမယ့်လွဲချော်ခဲ့လို့ ဥရုဂွေးအသင်းအတွက် ဂိုးရနိုင်မယ့်အခွင့်အရေးတွေ နစ်နာခဲ့ရပါ

တယ်။ဒုတိယပိုင်းမှာလည်း တောင်ပံကနေ ဆွန်ဟောင်မင်တို့က ဥရုဂွေးခံစစ်ကို ထိုးဖောက်ဂိုးသွင်းမှု

အကြိမ်ကြိမ်ပြုလုပ်လာခဲ့ပေမယ့်ဥရုဂွေးနောက်တန်းက ကာကွယ်နိုင်ခဲ့ပါတယ်။ဥရုဂွေးဘက်က ဒါဝင်နူ

နက်ဇ်၊ ဆွာရက်ဇ်တိုက်စစ်အတွဲက နားလည်မှုတွေ လွဲနေခဲ့ပြီးကာဗာနီဝင်လာတဲ့နောက်မှ ဥရုဂွေးတိုက်

စစ်က ပိုပြီးမြိုင်လာခဲ့ပါတယ်။ဒါပေမယ့် နာပိုလီနောက်ခံလူ ကင်မင်ဂျယ်ဦးဆောင်တဲ့ တောင်ကိုရီးယား

ခံစစ်ကိုတော့ ကျော်လွန်ပြီး ဂိုးရဖို့မစွမ်းနိုင်ခဲ့ပါဘူး။ပွဲပြီးခါနီး မိနစ် (၉၀)မှာ ဗယ်လ်ဗာဒီက ညာတောင်ပံ

ကနေ ဘောလုံးရယူခဲ့ကာ အားပါတဲ့ကန်ချက်နဲ့ အဝေးကနေလှလှပပကန်သွင်းခဲ့ရာမှာတိုင်ထိသွားခဲ့တာ

ကလည်း ဥရုဂွေးအတွက် နစ်နာခဲ့ရသလို ဆွန်ဟောင်မင်ရဲ့ ဂိုးကန်ချက်တွေကိုလည်းဥရုဂွေးဂိုးသမားက

ကာကွယ်နိုင်ခဲ့တာကြောင့် ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။ဒါ့ကြောင့် ဂိုးကံခေကြတဲ့ ဥရုဂွေးနဲ့

တောင်ကိုရီးယားတို့ရဲ့ ပွဲဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ စတုတ္ထမြောက် ဂိုးမရှိသရေပွဲ ဖြစ်ခဲ့ပါတယ်။

ယူနိုက်တက်မှာ ( ၃ )နှစ် ဝန်းကျင်ရှိပြီဖြစ်ပေမယ့် ( ၁ ) ပွဲမျှ ကစားခွင့် မရသေးတဲ့ တောင်ပံကစားသမား

ပယ်ကွာဒို ပယ်လစ်စထရီဟာ ပွဲထွက်ပါဝင်ခွင့်ရခဲ့သလိုပထမပိုင်းအတွင်းမှာ သူဟာ ဘောလုံးပေးပို့မှု

( ၇၈ ) ရာခိုင်နှုန်း တိကျခဲ့ပြီး ( ၉ ) ကြိမ် ပေးပို့ရာမှာ ( ၇ ) ကြိမ်ထိအောင်မြင်ခဲ့ပါတယ်။ဒါ့အပြင် ဘော

လုံးထိချက် ( ၁၂ ) ကြိမ် ၊ ရှင်းထုတ်မှု ( ၁ ) ကြိမ် နှင့် ပြန်လည်ဆယ်ယူမှု ( ၂ ) ကြိမ်လည်း ပြုလုပ်နိုင်ခဲ့

ပါသေးတယ်။

ဥ႐ုေဂြးနဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ ပြဲစဥ္ကေတာ့ အျပန္အလွန္ထိုးေဖာက္တိုက္စစ္ဆင္မႈေတြနဲ႔အတူ ပရိ

သတ္အႀကိဳက္ျဖစ္ခဲ့ပါတယ္။ပထမပိုင္းမွာ ေတာင္ကိုရီးယားရဲ႕ကစားပုံပိုေကာင္းခဲ့သလို သြင္းဂိုးရႏိုင္တဲ့

အထိ ဂိုးကန္သြင္းခ်က္ေတြရွိခဲ့ပါသလိုဥ႐ုေဂြးဘက္ကလည္း ဂိုဒင္ရဲ႕ ေခါင္းတိုက္ခ်က္ဟာ တိုက္ထိထြက္

ခဲ့သလို ပြဲကစားခ်ိန္ ( ၂၁ ) မိနစ္မွာပယ္လစ္စထရီ ရဲ႕ ျဖတ္တင္ေပးမႈကေန ႏူနက္ဇ္က အနီးကတ္ အပိုင္

ပိတ္သြင္းခြင့္ရခဲ့ ေပမယ့္လြဲေခ်ာ္ခဲ့လို႔ ဥ႐ုေဂြးအသင္းအတြက္ ဂိုးရႏိုင္မယ့္အခြင့္အေရးေတြ နစ္နာခဲ့ရပါ

တယ္။ဒုတိယပိုင္းမွာလည္း ေတာင္ပံကေန ဆြန္ေဟာင္မင္တို႔က ဥ႐ုေဂြးခံစစ္ကို ထိုးေဖာက္ဂိုးသြင္းမႈ

အႀကိမ္ႀကိမ္ျပဳလုပ္လာခဲ့ေပမယ့္ဥ႐ုေဂြးေနာက္တန္းက ကာကြယ္ႏိုင္ခဲ့ပါတယ္။ဥ႐ုေဂြးဘက္က ဒါဝင္ႏူ

နက္ဇ္၊ ဆြာရက္ဇ္တိုက္စစ္အတြဲက နားလည္မႈေတြ လြဲေနခဲ့ၿပီးကာဗာနီဝင္လာတဲ့ေနာက္မွ ဥ႐ုေဂြးတိုက္

စစ္က ပိုၿပီးၿမိဳင္လာခဲ့ပါတယ္။ဒါေပမယ့္ နာပိုလီေနာက္ခံလူ ကင္မင္ဂ်ယ္ဦးေဆာင္တဲ့ ေတာင္ကိုရီးယား

ခံစစ္ကိုေတာ့ ေက်ာ္လြန္ၿပီး ဂိုးရဖို႔မစြမ္းႏိုင္ခဲ့ပါဘူး။ပြဲၿပီးခါနီး မိနစ္ (၉၀)မွာ ဗယ္လ္ဗာဒီက ညာေတာင္ပံ

ကေန ေဘာလုံးရယူခဲ့ကာ အားပါတဲ့ကန္ခ်က္နဲ႔ အေဝးကေနလွလွပပကန္သြင္းခဲ့ရာမွာတိုင္ထိသြားခဲ့တာ

ကလည္း ဥ႐ုေဂြးအတြက္ နစ္နာခဲ့ရသလို ဆြန္ေဟာင္မင္ရဲ႕ ဂိုးကန္ခ်က္ေတြကိုလည္းဥ႐ုေဂြးဂိုးသမားက

ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ဂိုးမရွိသေရရလဒ္နဲ႔သာ ၿပီးဆုံးခဲ့ပါတယ္။ဒါ့ေၾကာင့္ ဂိုးကံေခၾကတဲ့ ဥ႐ုေဂြးနဲ႔

ေတာင္ကိုရီးယားတို႔ရဲ႕ ပြဲဟာ ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ စတုတၳေျမာက္ ဂိုးမရွိသေရပြဲ ျဖစ္ခဲ့ပါတယ္။

ယူႏိုက္တက္မွာ ( ၃ )ႏွစ္ ဝန္းက်င္ရွိၿပီျဖစ္ေပမယ့္ ( ၁ ) ပြဲမွ် ကစားခြင့္ မရေသးတဲ့ ေတာင္ပံကစားသမား

ပယ္ကြာဒို ပယ္လစ္စထရီဟာ ပြဲထြက္ပါဝင္ခြင့္ရခဲ့သလိုပထမပိုင္းအတြင္းမွာ သူဟာ ေဘာလုံးေပးပို႔မႈ

( ၇၈ ) ရာခိုင္ႏႈန္း တိက်ခဲ့ၿပီး ( ၉ ) ႀကိမ္ ေပးပို႔ရာမွာ ( ၇ ) ႀကိမ္ထိေအာင္ျမင္ခဲ့ပါတယ္။ဒါ့အျပင္ ေဘာ

လုံးထိခ်က္ ( ၁၂ ) ႀကိမ္ ၊ ရွင္းထုတ္မႈ ( ၁ ) ႀကိမ္ ႏွင့္ ျပန္လည္ဆယ္ယူမႈ ( ၂ ) ႀကိမ္လည္း ျပဳလုပ္ႏိုင္ခဲ့

ပါေသးတယ္။