၂၀၂၁ Golden Boy ဆု ပဏာမ(၂၀)စာရင်းမှာ ဘယ်လင်ဂမ်၊ ဆာကာနဲ့ဂရင်းဝုဒ်တို့ ဆက်လက်ပါဝင်

၂၀၂၁ ခုနှစ် ဥရောပအကောင်းဆုံးလူငယ်ကစားသမားဆု(Golden Boy Award)အတွက် ပဏာမ(၂၀)စာရင်းမှာ အင်္ဂလန်လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဘယ်လင်ဂမ်၊ ဆာကာနဲ့ဂရင်းဝုဒ်တို့ ဆက်လက်ပါဝင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက ပဏာမအယောက်(၄၀)စာရင်းထုတ်ပြန်ခဲ့ပြီး ဒီကစားသမား(၃)ဦးပါဝင်ခဲ့သလို အခုအယောက်(၂၀)စာရင်းမှာလည်း ဆက်ပြီးတော့ပါဝင်နိုင်ခဲ့တာပါ။ ဂရင်းဝုဒ်ဟာ ၂၀၂၁ ခုနှစ်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းယူနိုင်ခဲ့ပြီး ဒေ့ါမွန်အသင်းရဲ့အဂ်လန်လူငယ်ကွင်းလယ်လူဘယ်လင်ဂန်ကလည်း ကလပ်အသင်းမှာအဓိက,ကစားသမားအဖြစ်ပါဝင်ခွင့်ရနေတဲ့အပြင် ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာလည်း ပြိုင်ပွဲသမိုင်းတစ်လျှောက်အသက်အငယ်ဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းတိုက်စစ်မှာခြေစွမ်းပြသနေတဲ့ ဆာကာဟာလည်း ၂၀၂၁ ခုနှစ်အတွင်း ကလပ်အသင်းနဲ့လက်ရွေးစင်အသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။

မာဆေးလ်အသင်းမှာအငှားနဲ့ကစားနေတဲ့ အာဆင်နယ်လူငယ်နောက်ခံလူဆာလီဘာဟာ ပဏာမ(၂၀)စာရင်းမှာရွေးချယ်ခံခဲ့ရပြီး ဘာစီလိုနာအသင်းရဲ့စပိန်လူငယ်ကြယ်ပွင့်ကွင်းလယ်လူပတ်ဒရီ၊ ဘိုင်ယန်မြူးနစ်လူငယ်တိုက်စစ်ကစားသမားမူစီယာလာတို့လည်း ဆက်လက်ပါဝင်ခဲ့ကြပါတယ်။ အေစီမီလန်အသင်းမှာကစားနေတဲ့ အီတလီဂန္ထဝင်ကစားသမားမာလ်ဒီနီရဲ့ ဒုတိယမြောက်သားဖြစ်သူ ဒန်နီယဲလ်မာလ်ဒီနီဟာ မာလ်ဒီနီမျိုးဆက်တို့ရဲ့ထုံးစံအတိုင်း စွမ်းဆောင်ရည်ကောင်းတွေပြသနေသလို အခုပမာဏစာရင်းမှာလည်းပါဝင်နိုင်ခဲ့ပါတယ်။ ပဏာမအယောက်(၂၀)စာရင်းမှာ ပတ်ဒရီနဲ့အတူ လာလီဂါက,ကစားသမား(၅)ဦးပါဝင်ခဲ့ပြီး ဘာစီလိုနာအသင်းဖော်ဂါဗီ၊ ရီးယဲလ်ကစားသမားတွေဖြစ်တဲ့ ကာမာဗင်ဂါ၊ ရိုဒရီဂို၊ ဗီလာရီးယဲလ်အသင်းက ယဲရီမီပီနိုတို့ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ Golden Boy ဆုက ဥရောပတစ်ဝန်းမှာကစားနေတဲ့ အသက်(၂၁)နှစ်အောက်လူငယ်ကစားသမားတွေထဲက အသင်းနဲ့အတူခြေစွမ်းပြအောင်မြင်မှုရယူခဲ့သူကို ရွေးချယ်ဆုချီးမြှင့်တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဒေါ့မွန်အသင်းရဲ့နော်ဝေလူငယ်ကြယ်ပွင့်တိုက်စစ်မှူးဟာလန်းက ဆုရရှိခဲ့ပါတယ်။

zawgyi

၂၀၂၁ Golden Boy ဆု ပဏာမ(၂၀)စာရင္းမွာ ဘယ္လင္ဂမ္၊ ဆာကာနဲ႔ဂရင္းဝုဒ္တို႔ ဆက္လက္ပါဝင္

၂၀၂၁ ခုႏွစ္ ဥေရာပအေကာင္းဆုံးလူငယ္ကစားသမားဆု(Golden Boy Award)အတြက္ ပဏာမ(၂၀)စာရင္းမွာ အဂၤလန္လူငယ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ဘယ္လင္ဂမ္၊ ဆာကာနဲ႔ဂရင္းဝုဒ္တို႔ ဆက္လက္ပါဝင္ခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းက ပဏာမအေယာက္(၄၀)စာရင္းထုတ္ျပန္ခဲ့ၿပီး ဒီကစားသမား(၃)ဦးပါဝင္ခဲ့သလို အခုအေယာက္(၂၀)စာရင္းမွာလည္း ဆက္ၿပီးေတာ့ပါဝင္ႏိုင္ခဲ့တာပါ။ ဂရင္းဝုဒ္ဟာ ၂၀၂၁ ခုႏွစ္အတြင္း မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ေျခစြမ္းျပဂိုးေတြသြင္းယူႏိုင္ခဲ့ၿပီး ေဒ့ါမြန္အသင္းရဲ႕အဂ္လန္လူငယ္ကြင္းလယ္လူဘယ္လင္ဂန္ကလည္း ကလပ္အသင္းမွာအဓိက,ကစားသမားအျဖစ္ပါဝင္ခြင့္ရေနတဲ့အျပင္ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာလည္း ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္အသက္အငယ္ဆုံးကစားသမားအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ အာဆင္နယ္အသင္းတိုက္စစ္မွာေျခစြမ္းျပသေနတဲ့ ဆာကာဟာလည္း ၂၀၂၁ ခုႏွစ္အတြင္း ကလပ္အသင္းနဲ႔လက္ေ႐ြးစင္အသင္းမွာ စြမ္းေဆာင္ရည္ေကာင္းေတြျပသႏိုင္ခဲ့တာျဖစ္ပါတယ္။

မာေဆးလ္အသင္းမွာအငွားနဲ႔ကစားေနတဲ့ အာဆင္နယ္လူငယ္ေနာက္ခံလူဆာလီဘာဟာ ပဏာမ(၂၀)စာရင္းမွာေ႐ြးခ်ယ္ခံခဲ့ရၿပီး ဘာစီလိုနာအသင္းရဲ႕စပိန္လူငယ္ၾကယ္ပြင့္ကြင္းလယ္လူပတ္ဒရီ၊ ဘိုင္ယန္ျမဴးနစ္လူငယ္တိုက္စစ္ကစားသမားမူစီယာလာတို႔လည္း ဆက္လက္ပါဝင္ခဲ့ၾကပါတယ္။ ေအစီမီလန္အသင္းမွာကစားေနတဲ့ အီတလီဂႏၴဝင္ကစားသမားမာလ္ဒီနီရဲ႕ ဒုတိယေျမာက္သားျဖစ္သူ ဒန္နီယဲလ္မာလ္ဒီနီဟာ မာလ္ဒီနီမ်ိဳးဆက္တို႔ရဲ႕ထုံးစံအတိုင္း စြမ္းေဆာင္ရည္ေကာင္းေတြျပသေနသလို အခုပမာဏစာရင္းမွာလည္းပါဝင္ႏိုင္ခဲ့ပါတယ္။ ပဏာမအေယာက္(၂၀)စာရင္းမွာ ပတ္ဒရီနဲ႔အတူ လာလီဂါက,ကစားသမား(၅)ဦးပါဝင္ခဲ့ၿပီး ဘာစီလိုနာအသင္းေဖာ္ဂါဗီ၊ ရီးယဲလ္ကစားသမားေတြျဖစ္တဲ့ ကာမာဗင္ဂါ၊ ႐ိုဒရီဂို၊ ဗီလာရီးယဲလ္အသင္းက ယဲရီမီပီႏိုတို႔ေ႐ြးခ်ယ္ခံခဲ့ရတာျဖစ္ပါတယ္။ Golden Boy ဆုက ဥေရာပတစ္ဝန္းမွာကစားေနတဲ့ အသက္(၂၁)ႏွစ္ေအာက္လူငယ္ကစားသမားေတြထဲက အသင္းနဲ႔အတူေျခစြမ္းျပေအာင္ျမင္မႈရယူခဲ့သူကို ေ႐ြးခ်ယ္ဆုခ်ီးျမႇင့္တာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က ေဒါ့မြန္အသင္းရဲ႕ေနာ္ေဝလူငယ္ၾကယ္ပြင့္တိုက္စစ္မႉးဟာလန္းက ဆုရရွိခဲ့ပါတယ္။