၂၀၀၆ ကနေ၂၀၁၈ ခုနှစ်အထိအုပ်စုကနေ တစ်ခါမှ မထွက်ရဖူးတဲ့အာဂျင်တီးနားအသင်းကို အဆုံးအဖြတ်ပေးရတော့မည့် ပိုလန်

ဒီည (မြန်မာစံတော်ချိန် ကြာသပတေးမနက် ၁: ၃၀)မှာ အုပ်စု(C)နောက်ဆုံးပွဲအဖြစ်တောင်အမေရိက

ထိပ်သီး အာဂျင်တီးနားနဲ့ ပိုလန်တို့ဟာ အုပ်စုတက်ရေးအတွက်အဆုံးအဖြတ်ခံယူရမှာဖြစ်ပါတယ်။

Ballon d’Or ဆုကို စံချိန်တင်(၇)ကြိမ်အထိရခဲ့သူ နာမည်ကျော်ကစားသမား မက်ဆီ ဦးဆောင်လာတဲ့

အာဂျင်တီးနားအသင်းဟာ ပုံမှန်အတိုင်းဆိုရင် အုပ်စုနောက်ဆုံးပွဲအထိအသည်းအသန်ရုန်းကန်စရာမ

လိုဘဲ နောက်တစ်ဆင့်ကို လွယ်လွယ်ကူကူတက်ခွင့်ရခဲ့ပေမယ့် အဖွင့်ပွဲမှာ ဆော်ဒီကို လုံးဝမထင်မှတ်

တဲ့ရလဒ်အဖြစ်(၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် အခုလို မိုးထဲရေထဲအခြေအနေရောက်သွားတာပါ။ဘာစီလို

နာ,နာမည်ကျော်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့ ပိုလန်အသင်းကတော့မက္ကဆီကိုနဲ့ ဂိုးမရှိသရေ၊ ဆော်

ဒီကို (၂-ဝ)ဂိုးနဲ့အနိုင်ယူပြီး (၄)မှတ်နဲ့အုပ်စုပထမနေရာမှာ ဦးဆောင်နေပါတယ်။ ပိုလန်အသင်းဟာ

ခြေစွမ်းမာကျောသလို အသင်းလိုက်ကစားပုံကောင်းပြီးအဓိကတိုက်စစ်မှူးလီဝန်ဒေါစကီးကလည်း

ကမ္ဘာ့ဖလားပြိုင်ပွဲမှာဂိုးမိုးခေါင်ခဲ့တဲ့ မှတ်တမ်းဆိုးကို ဆော်ဒီနဲ့ပွဲမှာ ရပ်တန့်နိုင်ခဲ့တဲ့အတွက်အာဂျင်တီး

နားတို့ လွယ်လွယ်ကူကူ အနိုင်ရဖို့တော့ မဖြစ်နိုင်ပါဘူး။ဒါ့အပြင် ပိုလန်အသင်းအနေနဲ့ အခုပွဲမှာ သရေ

တစ်မှတ်ရရုံနဲ့အုပ်စုကတက်နိုင်မှာဖြစ်ပေမယ့် အာဂျင်တီးနားအသင်းကတော့နောက်တစ်ဆင့်တက်ဖို့

အပြင် ရှုံးထွက်(၁၆)သင်းအဆင့်မှာ တစ်ဖက်ကအုပ်စုဗိုလ်ဖြစ်ဖို့ ရာနှုန်းပြည့်သေချာနေတဲ့ ပြင်သစ်အ

သင်းကို ရှောင်လွှဲနိုင်ဖို့ပိုလန်ကို မဖြစ်မနေအနိုင်ကစားပြီး အုပ်စုပထမနေရာရအောင်ကြိုးစားရမှာဖြစ်

ပါတယ်။ တကယ်လို့ အာဂျင်တီးနားအသင်း ပိုလန်ကိုသရေကျပြီး ဆော်ဒီက မက္ကဆီကို,ကို အနိုင်၊ ဒါမှ

မဟုတ် မက္ကဆီကိုကဆော်ဒီကို (၄-ဝ)ဂိုးပြတ်နဲ့နိုင်မယ်ဆိုရင်တော့ အာဂျင်တီးနားတို့ဂိုးကွာခြားချက်အ

ရ ကံဆိုးစွာနဲ့ပဲ အုပ်စုကထွက်ရမှာပါ။ကမ္ဘာ့ဖလားချန်ပီယံဆုကို ၁၉၇၈၊ ၁၉၈၆ ပြိုင်ပွဲတွေမှာ ဆွတ်ခူး

ခဲ့တဲ့အာဂျင်တီးနားအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက်အုပ်စုကနေ (၃)ကြိမ်သာထွက်

ခဲ့ရဖူးပြီး ၁၉၅၈၊ ၁၉၆၂ နဲ့ ၂၀၀၂ပြိုင်ပွဲတွေမှာ အုပ်စုအဆင့်နဲ့ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။အာဂျင်တီး

နားနဲ့ ပိုလန်တို့ရဲ့ ထိပ်တိုက်ဆုံတွေ့မှု မှတ်တမ်းကိုကြည့်ရင်စုစုပေါင်း(၁၁)ပွဲမှာ အာဂျင်တီးနားက (၆)

ပွဲနိုင်၊ ပိုလန်က (၃)ပွဲနိုင်ပြီး(၂)ပွဲသရေကျခဲ့ပါတယ်။ ထိပ်တိုက်ဆုံတွေ့မှု မှတ်တမ်းမှာ အာဂျင်တီးနား

နိုင်ပွဲ ပိုရခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲဆုံတွေ့မှုမှာတော့ သိသိသာသာမကွာဘဲ တစ်ပွဲစီ အပြန်အလှန်

နိုင်ခဲ့ကြပါတယ်။ အာဂျင်တီးနားအသင်းနဲ့အတူမက်ဆီ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ဆင်နွှဲခဲ့တဲ့ ၂၀၀၆ က

စလို့ ၂၀၁၈ ခုနှစ်အထိအုပ်စုကနေ တစ်ခါမှ မထွက်ရဖူးတဲ့အတွက် အခုတစ်ကြိမ်မှာလည်းအာဂျင်တီး

နားအသင်းကို အုပ်စုက တက်ခွင့်ရအောင်မက်ဆီ စွမ်းဆောင်နိုင်မလား . .ဒါမှမဟုတ် အရှက်တကွဲရ

လဒ်နဲ့သူ့ရဲ့ လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်သွားမလားဆိုတာကတော့ . . .

ဒီည (ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတးမနက္ ၁: ၃၀)မွာ အုပ္စု(C)ေနာက္ဆုံးပြဲအျဖစ္ေတာင္အေမရိက

ထိပ္သီး အာဂ်င္တီးနားနဲ႔ ပိုလန္တို႔ဟာ အုပ္စုတက္ေရးအတြက္အဆုံးအျဖတ္ခံယူရမွာျဖစ္ပါတယ္။

Ballon d’Or ဆုကို စံခ်ိန္တင္(၇)ႀကိမ္အထိရခဲ့သူ နာမည္ေက်ာ္ကစားသမား မက္ဆီ ဦးေဆာင္လာတဲ့

အာဂ်င္တီးနားအသင္းဟာ ပုံမွန္အတိုင္းဆိုရင္ အုပ္စုေနာက္ဆုံးပြဲအထိအသည္းအသန္႐ုန္းကန္စရာမ

လိုဘဲ ေနာက္တစ္ဆင့္ကို လြယ္လြယ္ကူကူတက္ခြင့္ရခဲ့ေပမယ့္ အဖြင့္ပြဲမွာ ေဆာ္ဒီကို လုံးဝမထင္မွတ္

တဲ့ရလဒ္အျဖစ္(၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ အခုလို မိုးထဲေရထဲအေျခအေနေရာက္သြားတာပါ။ဘာစီလို

နာ,နာမည္ေက်ာ္တိုက္စစ္မႉး လီဝန္ေဒါစကီးရဲ႕ ပိုလန္အသင္းကေတာ့မကၠဆီကိုနဲ႔ ဂိုးမရွိသေရ၊ ေဆာ္

ဒီကို (၂-ဝ)ဂိုးနဲ႔အႏိုင္ယူၿပီး (၄)မွတ္နဲ႔အုပ္စုပထမေနရာမွာ ဦးေဆာင္ေနပါတယ္။ ပိုလန္အသင္းဟာ

ေျခစြမ္းမာေက်ာသလို အသင္းလိုက္ကစားပုံေကာင္းၿပီးအဓိကတိုက္စစ္မႉးလီဝန္ေဒါစကီးကလည္း

ကမာၻ႔ဖလားၿပိဳင္ပြဲမွာဂိုးမိုးေခါင္ခဲ့တဲ့ မွတ္တမ္းဆိုးကို ေဆာ္ဒီနဲ႔ပြဲမွာ ရပ္တန႔္ႏိုင္ခဲ့တဲ့အတြက္အာဂ်င္တီး

နားတို႔ လြယ္လြယ္ကူကူ အႏိုင္ရဖို႔ေတာ့ မျဖစ္ႏိုင္ပါဘူး။ဒါ့အျပင္ ပိုလန္အသင္းအေနနဲ႔ အခုပြဲမွာ သေရ

တစ္မွတ္ရ႐ုံနဲ႔အုပ္စုကတက္ႏိုင္မွာျဖစ္ေပမယ့္ အာဂ်င္တီးနားအသင္းကေတာ့ေနာက္တစ္ဆင့္တက္ဖို႔

အျပင္ ရႈံးထြက္(၁၆)သင္းအဆင့္မွာ တစ္ဖက္ကအုပ္စုဗိုလ္ျဖစ္ဖို႔ ရာႏႈန္းျပည့္ေသခ်ာေနတဲ့ ျပင္သစ္အ

သင္းကို ေရွာင္လႊဲႏိုင္ဖို႔ပိုလန္ကို မျဖစ္မေနအႏိုင္ကစားၿပီး အုပ္စုပထမေနရာရေအာင္ႀကိဳးစားရမွာျဖစ္

ပါတယ္။ တကယ္လို႔ အာဂ်င္တီးနားအသင္း ပိုလန္ကိုသေရက်ၿပီး ေဆာ္ဒီက မကၠဆီကို,ကို အႏိုင္၊ ဒါမွ

မဟုတ္ မကၠဆီကိုကေဆာ္ဒီကို (၄-ဝ)ဂိုးျပတ္နဲ႔ႏိုင္မယ္ဆိုရင္ေတာ့ အာဂ်င္တီးနားတို႔ဂိုးကြာျခားခ်က္အ

ရ ကံဆိုးစြာနဲ႔ပဲ အုပ္စုကထြက္ရမွာပါ။ကမာၻ႔ဖလားခ်န္ပီယံဆုကို ၁၉၇၈၊ ၁၉၈၆ ၿပိဳင္ပြဲေတြမွာ ဆြတ္ခူး

ခဲ့တဲ့အာဂ်င္တီးနားအသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္အုပ္စုကေန (၃)ႀကိမ္သာထြက္

ခဲ့ရဖူးၿပီး ၁၉၅၈၊ ၁၉၆၂ နဲ႔ ၂၀၀၂ၿပိဳင္ပြဲေတြမွာ အုပ္စုအဆင့္နဲ႔ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။အာဂ်င္တီး

နားနဲ႔ ပိုလန္တို႔ရဲ႕ ထိပ္တိုက္ဆုံေတြ႕မႈ မွတ္တမ္းကိုၾကည့္ရင္စုစုေပါင္း(၁၁)ပြဲမွာ အာဂ်င္တီးနားက (၆)

ပြဲႏိုင္၊ ပိုလန္က (၃)ပြဲႏိုင္ၿပီး(၂)ပြဲသေရက်ခဲ့ပါတယ္။ ထိပ္တိုက္ဆုံေတြ႕မႈ မွတ္တမ္းမွာ အာဂ်င္တီးနား

ႏိုင္ပြဲ ပိုရခဲ့ေပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲဆုံေတြ႕မႈမွာေတာ့ သိသိသာသာမကြာဘဲ တစ္ပြဲစီ အျပန္အလွန္

ႏိုင္ခဲ့ၾကပါတယ္။ အာဂ်င္တီးနားအသင္းနဲ႔အတူမက္ဆီ ကမာၻ႔ဖလားၿပိဳင္ပြဲ စတင္ဆင္ႏႊဲခဲ့တဲ့ ၂၀၀၆ က

စလို႔ ၂၀၁၈ ခုႏွစ္အထိအုပ္စုကေန တစ္ခါမွ မထြက္ရဖူးတဲ့အတြက္ အခုတစ္ႀကိမ္မွာလည္းအာဂ်င္တီး

နားအသင္းကို အုပ္စုက တက္ခြင့္ရေအာင္မက္ဆီ စြမ္းေဆာင္ႏိုင္မလား . .ဒါမွမဟုတ္ အရွက္တကြဲရ

လဒ္နဲ႔သူ႔ရဲ႕ လက္ေ႐ြးစင္ကစားသမားဘဝကို အဆုံးသတ္သြားမလားဆိုတာကေတာ့ . . .