(၁၉)လအတွင်း ပထမဆုံးပွဲအဖြစ် လက်စတာနဲ့ပွဲမှာပါဝင်ကစားဖို့ရှိနေတဲ့ ဖီးလ်ဂျုံးစ်

မန်ချက်စတာယူနိုက်တက်အသင်းမှာ ဒီဂီယာနဲ့အတူနှစ်ရှည်ကစားသမားအဖြစ်

ရပ်တည်နေတဲ့ နောက်ခံလူဖီးလ်ဂျုံးစ်ဟာ (၁၉)လအတွင်း အသင်းအတွက်

ပထမဆုံးပွဲအဖြစ် လာမယ့်တစ်ပတ်ကျရင်လက်စတာနဲ့ကစားမယ့်ပွဲမှာ

ပါဝင်ကစားဖို့ရှိနေပါပြီ။ ယူနိုက်တက်အသင်းရဲ့ခံစစ်မှာအဓိက,ကစားသမားနှစ်ဦးဖြစ်တဲ့

ဗာရန်းနဲ့မက်ဂွိုင်းယားတို့ဟာ ဒဏ်ရာပြဿနာတွေနဲ့အသီးသီးရင်ဆိုင်နေရပြီး

အသင်းခေါင်းဆောင်မက်ဂွိုင်းယားဟာ ဗီလာအသင်းကို (၁-၀)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့

ပရီးမီးယားလိဂ်ပွဲတုန်းက ဒဏ်ရာရရှိခဲ့တာကြောင့် (၃)ပတ်ကြာအနားယူရဖို့ရှိနေသလို

ဗာရန်းကလည်း ပြီးခဲ့တဲ့စပိန်အသင်းနဲ့ကစားခဲ့တဲ့ UEFA Nations League

ဗိုလ်လုပွဲ၊ ပထမပိုင်းမပြီးခင်မှာဘဲ ဒဏ်ရာရရှိခဲ့တဲ့အတွက် လူစားလဲခံခဲ့ရပါတယ်။

အခုလောလောဆယ် ဗာရန်းရဲ့ဒဏ်ရာအနေအထားကို စမ်းသပ်စစ်ဆေးမှု

ပြုလုပ်သွားမှာဖြစ်ပြီး လာမယ့်စနေနေ့ကျရင် လက်စတာနဲ့ကစားမယ့်ပွဲမှာ

ပါဝင်ကစားနိုင်ဖို့က မသေချာသေးပါဘူး။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်သူ

ဖီးလ်ဂျုံးစ်ဟာ ၂၀၂၀၊ ဇန်နဝါရီလတုန်းက ထရမ်မဲယားအသင်းနဲ့ကစားခဲ့တဲ့

FA ဖလားပွဲမှာ ယူနိုက်တက်အသင်းအတွက်နောက်ဆုံးပါဝင်ကစားခဲ့ပြီး

အဲဒီနောက်ပိုင်း ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူခဲ့ရပါတယ်။

ဒီရာသီမှာတော့ ဖီးလ်ဂျုံးစ်ဟာ ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်ပြီး ဝက်စ်ဟမ်းနဲ့

လိဂ်ဖလားပွဲမှာ အရန်ကစားသမားအဖြစ်ထည့်သွင်းခံခဲ့ရပေမယ့် ပါဝင်ကစားခွင့်

မရခဲ့ပါဘူး။ တကယ်လို့ ဗာရန်းသာ လက်စတာနဲ့ပွဲကို လွဲချော်မယ်ဆိုရင်

ဆိုးလ်ရှားအနေနဲ့ လင်ဒီလော့ဖ်နဲ့တွဲဖက်ကစားဖို့ ဖီးလ်ဂျုံးစ်၊ ဘာယီတို့ထဲက

တစ်ယောက်ယောက်ကို ပွဲထွက်အသုံးပြုဖို့ရှိနေပြီဖြစ်ပါတယ်။

zawgyi

(၁၉)လအတြင္း ယူႏိုက္တက္အတြက္ ပထမဆုံးအျဖစ္ လက္စတာနဲ႔ပြဲမွာပါဝင္ကစားဖို႔ရွိေနတဲ့ ဖီးလ္ဂ်ဳံးစ္

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ဒီဂီယာနဲ႔အတူႏွစ္ရွည္ကစားသမားအျဖစ္

ရပ္တည္ေနတဲ့ ေနာက္ခံလူဖီးလ္ဂ်ဳံးစ္ဟာ (၁၉)လအတြင္း အသင္းအတြက္

ပထမဆုံးပြဲအျဖစ္ လာမယ့္တစ္ပတ္က်ရင္လက္စတာနဲ႔ကစားမယ့္ပြဲမွာ

ပါဝင္ကစားဖို႔ရွိေနပါၿပီ။ ယူႏိုက္တက္အသင္းရဲ႕ခံစစ္မွာအဓိက,ကစားသမားႏွစ္ဦးျဖစ္တဲ့

ဗာရန္းနဲ႔မက္ဂြိဳင္းယားတို႔ဟာ ဒဏ္ရာျပႆနာေတြနဲ႔အသီးသီးရင္ဆိုင္ေနရၿပီး

အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားဟာ ဗီလာအသင္းကို (၁-၀)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့

ပရီးမီးယားလိဂ္ပြဲတုန္းက ဒဏ္ရာရရွိခဲ့တာေၾကာင့္ (၃)ပတ္ၾကာအနားယူရဖို႔ရွိေနသလို

ဗာရန္းကလည္း ၿပီးခဲ့တဲ့စပိန္အသင္းနဲ႔ကစားခဲ့တဲ့ UEFA Nations League

ဗိုလ္လုပြဲ၊ ပထမပိုင္းမၿပီးခင္မွာဘဲ ဒဏ္ရာရရွိခဲ့တဲ့အတြက္ လူစားလဲခံခဲ့ရပါတယ္။

အခုေလာေလာဆယ္ ဗာရန္းရဲ႕ဒဏ္ရာအေနအထားကို စမ္းသပ္စစ္ေဆးမႈ

ျပဳလုပ္သြားမွာျဖစ္ၿပီး လာမယ့္စေနေန႔က်ရင္ လက္စတာနဲ႔ကစားမယ့္ပြဲမွာ

ပါဝင္ကစားႏိုင္ဖို႔က မေသခ်ာေသးပါဘူး။ အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ

ဖီးလ္ဂ်ဳံးစ္ဟာ ၂၀၂၀၊ ဇန္နဝါရီလတုန္းက ထရမ္မဲယားအသင္းနဲ႔ကစားခဲ့တဲ့

FA ဖလားပြဲမွာ ယူႏိုက္တက္အသင္းအတြက္ေနာက္ဆုံးပါဝင္ကစားခဲ့ၿပီး

အဲဒီေနာက္ပိုင္း ဒဏ္ရာျပႆနာေၾကာင့္ ကာလရွည္အနားယူခဲ့ရပါတယ္။

ဒီရာသီမွာေတာ့ ဖီးလ္ဂ်ဳံးစ္ဟာ ႀကံ့ခိုင္မႈျပည့္ဝလာၿပီျဖစ္ၿပီး ဝက္စ္ဟမ္းနဲ႔

လိဂ္ဖလားပြဲမွာ အရန္ကစားသမားအျဖစ္ထည့္သြင္းခံခဲ့ရေပမယ့္ ပါဝင္ကစားခြင့္

မရခဲ့ပါဘူး။ တကယ္လို႔ ဗာရန္းသာ လက္စတာနဲ႔ပြဲကို လြဲေခ်ာ္မယ္ဆိုရင္

ဆိုးလ္ရွားအေနနဲ႔ လင္ဒီေလာ့ဖ္နဲ႔တြဲဖက္ကစားဖို႔ ဖီးလ္ဂ်ဳံးစ္၊ ဘာယီတို႔ထဲက

တစ္ေယာက္ေယာက္ကို ပြဲထြက္အသုံးျပဳဖို႔ရွိေနၿပီျဖစ္ပါတယ္။mdiarymm

mdiarymm

munitedfannewss