၁၁ နှစ်ကြာ စံချိန်မှတ်တမ်းတစ်ခုကို နှစ်ယောက်ပေါင်းလိုက်မီခဲ့ကြတဲ့ စီရော်နယ်ဒိုနဲ့ကာဗာနီ

ပြီးခဲ့တဲ့စနေညကစားသွားခဲ့တဲ့ စပါးနဲ့ပွဲက ဒုတိယဂိုးဟာ စီရော်နယ်ဒိုနဲ့ကာဗာနီတို့ရဲ့ပေါင်းစပ်မှုကနေ ရခဲ့တာဖြစ်ပြီး အဲဒါဟာ ပရီးမီးယားလိဂ်နဲ့မန်ယူတို့အတွက် ၁၁ နှစ်ကြာ စံချိန်မှတ်တမ်းတစ်ခုကို သူတို့လိုက်မီခဲ့ကြတာပါ။

အဲဒီပွဲက ဆိုးလ်ရှားရဲ့အခင်းအကျင်းအောက်မှာ ဒီဝါရင့်တိုက်စစ်မှုးနှစ်ယောက်ဟာ အတူပွဲထွက် အလုပ်ဖြစ်ခဲ့ကြပါတယ်။

မန်ယူက ပရီးမီးယားလိဂ်နိုင်ပွဲပြန်ရှာနိုင်ခဲ့တဲ့ ဂိုးပြတ်နိုင်ပွဲမှာ စီရော်နယ်ဒိုရော ကာဗာနီပါ ဂိုးသွင်းနိုင်ခဲ့ကြပါတယ်။

စီရော်နယ်ဒိုဟာ သိပ်ကောင်းလွန်းတဲ့အဆုံးသတ်နဲ့ မန်ယူရဲ့အဖွင့်ဂိုးကိုသွင်းခဲ့သလို ကာဗာနီသွင်းယူခဲ့တဲ့ဒုတိယဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့တာပါ။

စီရော်နယ်ဒိုရဲ့ထိုးပေးမှုကနေ ကာဗာနီက စပါးဂိုးသမားဟူဂိုလိုရစ်ကို ကျော်ဖြတ်ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဒါဟာ ၁၁ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်ဖြစ် အသက် ၃၄ နှစ်အထက် မန်ယူကစားသမားနှစ်ယောက် ပေါင်းစပ်ဂိုးသွင်းနိုင်ခဲ့တာပါ။

ဒီ့အရင် အဲဒီလိုမျိုးနောက်ဆုံးလုပ်နိုင်ခဲ့တာက ၂၀၁၀ သြဂုတ် နယူးကာဆယ်နဲ့ကစားခဲ့တဲ့ပွဲမှာဖြစ်ပြီး ရွိုင်ယန်ဂစ်ရဲ့ဂိုးမှာ ပေါလ်စခိုးက ဖန်တီးနိုင်ခဲ့တာပါ။

စီရော်နယ်ဒိုက ၃၆ နှစ်ရှိပြီဖြစ်သလို ကာဗာနီကလည်း ၃၄ နှစ်ရှိပြီမို့ စပါးနဲ့ပွဲက မန်ယူတိုက်စစ်ဟာ နှစ်ယောက်ပေါင်းအသက် ၇၀ လို့ဆိုရမှာပါ။

ဒါကြောင့်လည်း စပါးနဲ့ပွဲမှာ ဂိုးသွင်းခြေစွမ်းပြခဲ့တဲ့ စီရော်နယ်ဒိုနဲ့ကာဗာနီတို့အတွဲကို သက်တမ်းရင့်ဝိုင်တွေလို့ ဆိုရှယ်မီဒီယာထက်မှာ ချီးကျူးနေကြတာပါ။

zawgyi

၁၁ ႏွစ္ၾကာ စံခ်ိန္မွတ္တမ္းတစ္ခုကို ႏွစ္ေယာက္ေပါင္းလိုက္မီခဲ့ၾကတဲ့ စီေရာ္နယ္ဒိုနဲ႔ကာဗာနီ

ၿပီးခဲ့တဲ့စေနညကစားသြားခဲ့တဲ့ စပါးနဲ႔ပြဲက ဒုတိယဂိုးဟာ စီေရာ္နယ္ဒိုနဲ႔ကာဗာနီတို႔ရဲ႕ေပါင္းစပ္မႈကေန ရခဲ့တာျဖစ္ၿပီး အဲဒါဟာ ပရီးမီးယားလိဂ္နဲ႔မန္ယူတို႔အတြက္ ၁၁ ႏွစ္ၾကာ စံခ်ိန္မွတ္တမ္းတစ္ခုကို သူတို႔လိုက္မီခဲ့ၾကတာပါ။

အဲဒီပြဲက ဆိုးလ္ရွားရဲ႕အခင္းအက်င္းေအာက္မွာ ဒီဝါရင့္တိုက္စစ္မႈးႏွစ္ေယာက္ဟာ အတူပြဲထြက္ အလုပ္ျဖစ္ခဲ့ၾကပါတယ္။

မန္ယူက ပရီးမီးယားလိဂ္ႏိုင္ပြဲျပန္ရွာႏိုင္ခဲ့တဲ့ ဂိုးျပတ္ႏိုင္ပြဲမွာ စီေရာ္နယ္ဒိုေရာ ကာဗာနီပါ ဂိုးသြင္းႏိုင္ခဲ့ၾကပါတယ္။

စီေရာ္နယ္ဒိုဟာ သိပ္ေကာင္းလြန္းတဲ့အဆုံးသတ္နဲ႔ မန္ယူရဲ႕အဖြင့္ဂိုးကိုသြင္းခဲ့သလို ကာဗာနီသြင္းယူခဲ့တဲ့ဒုတိယဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့တာပါ။

စီေရာ္နယ္ဒိုရဲ႕ထိုးေပးမႈကေန ကာဗာနီက စပါးဂိုးသမားဟူဂိုလိုရစ္ကို ေက်ာ္ျဖတ္ဂိုးသြင္းယူႏိုင္ခဲ့တာပါ။

ဒါဟာ ၁၁ ႏွစ္တာကာလအတြင္း ပထမဆုံးအႀကိမ္ျဖစ္ အသက္ ၃၄ ႏွစ္အထက္ မန္ယူကစားသမားႏွစ္ေယာက္ ေပါင္းစပ္ဂိုးသြင္းႏိုင္ခဲ့တာပါ။

ဒီ့အရင္ အဲဒီလိုမ်ိဳးေနာက္ဆုံးလုပ္ႏိုင္ခဲ့တာက ၂၀၁၀ ၾသဂုတ္ နယူးကာဆယ္နဲ႔ကစားခဲ့တဲ့ပြဲမွာျဖစ္ၿပီး ႐ြိဳင္ယန္ဂစ္ရဲ႕ဂိုးမွာ ေပါလ္စခိုးက ဖန္တီးႏိုင္ခဲ့တာပါ။

စီေရာ္နယ္ဒိုက ၃၆ ႏွစ္ရွိၿပီျဖစ္သလို ကာဗာနီကလည္း ၃၄ ႏွစ္ရွိၿပီမို႔ စပါးနဲ႔ပြဲက မန္ယူတိုက္စစ္ဟာ ႏွစ္ေယာက္ေပါင္းအသက္ ၇၀ လို႔ဆိုရမွာပါ။

ဒါေၾကာင့္လည္း စပါးနဲ႔ပြဲမွာ ဂိုးသြင္းေျခစြမ္းျပခဲ့တဲ့ စီေရာ္နယ္ဒိုနဲ႔ကာဗာနီတို႔အတြဲကို သက္တမ္းရင့္ဝိုင္ေတြလို႔ ဆိုရွယ္မီဒီယာထက္မွာ ခ်ီးက်ဴးေနၾကတာပါ။