ဥရောပတစ်ခွင်ကစိတ်ဝင်စားနေကြတဲ့ အသင်းတွေကို စကားခေါ်ထားလိုက်တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး

ဂျုဗင်တပ်အသင်းရဲ့ တိုက်စစ်ကစားသမားဖြစ်သူ ပေါလ်လို ဒိုင်ဘာလာက သူ့

အနေနဲ့ အီတလီမှာ ပျော်ရွှင်နေပေမယ့်လည်း အခြားသောလိဂ်တွေမှာလည်း

ကစားချင်ကြောင်း ဥရောပတစ်ခွင်က အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရ

ချိန်မှာ ဖွင့်ဟလာပါတယ်။ ဒိုင်ဘာလာဟာ ဂျုဗင်တပ်မှာ ၇ နှစ်ကြာ အောင်မြင်တဲ့

သမိုင်းတစ်ခုကို ရေးထိုးခဲ့ပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဂျွန်လအကုန်

မှာ အသင်းကနေ ထွက်ခွာတော့မာ ဖြစ်ပါတယ်။ဒိုင်ဘာလာဟာ ပရီးမီးယားလိဂ်

ကလပ်အသင်းတွေဖြစ်ကြတဲ့ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့

တင်ဟန်ဟော့စပါး အသင်းတို့ အပါအဝင် ဥရောပအသင်းအတော်များများနဲ့

စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ ဂျုဗင်တပ်အသင်းရဲ့ စီးရီးအေပြိုင်ဘက် အင်

တာမီလန်အသင်းကလည်း ဒိုင်ဘာလာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့

စိတ်ဝင်စားနေကြောင်း သတင်း‌တွေ ထွက်နေပါတယ်။သူ့ရဲ့ အနာဂါတ်နဲ့ ပတ်

သက်ပြီး ဒိုင်ဘာလာက ESPN သတင်းဌာနကို “ ကျွန်တော်က လုံးဝအေးအေး

ဆေးဆေးပါပဲ၊ ကျွန်တော်နဲ့အတူ အလုပ်တွဲ လုပ်နေကြတဲ့သူတွေက ကြည့်ရှု

စောင့်ရှောက်နေပါတယ်။ အီတလီမှာ ကျွန်တော် အရမ်းသက်သောင့်သက်သာဖြစ်

ပါတယ်။ ပရီးမီးယားလိဂ်တို့၊ လာလီဂါတို့ စသဖြင့် အခြားလိဂ်တွေအကြောင်း

လည်း ကျွန်တော် သိချင်ပါတယ်၊ ဒါပေမယ့် အီတလီမှာ ကျွန်တော် ပျော်နေပါ

တယ် ” လို့ ပြောခဲ့ပါတယ်။အင်တာမီလန်အသင်းရဲ့ ဒုဥက္ကဌဖြစ်သူ ဟားဗီးယား

ဇနက်တီက ဒိုင်ဘာလာကို သူတို့အသင်းရဲ့ တိုက်စစ်မှူး လော့တားရိုး မာတီးနက်ဇ်

နဲ့ တွဲဖက်ပေးဖို့ အလားအလာနဲ့ ပတ်သက်ပြီး အခုလိုဖွင့်ဟလာပါတယ်။ အာဂျင်

တီးနားလက်ရွေးစင်တိုက်စစ်မှူး နှစ်ဦးစလုံးဟာ မနေ့ညက ဝင်ဘာလေကွင်းမှာ

ကစားခဲ့တဲ့ 2022 Finalissima မှာ အီတလီအသင်းဘက်ကို သွင်းဂိုးတွေ သွင်း

ယူခဲ့ကြပါတယ်။ဒိုင်ဘာလာနဲ့ မာတီးနက်ဇ်တို့ အင်တာမှာ တွဲဖက်ကစားနိုင်မယ့်

အလားအလာအပေါ် ဇနက်တီက “ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ အပြောင်း

အရွှေ့ဈေးကွက်ကလည်း ပွင့်နေတယ်၊ ကျွန်တော်တို့မှာ အချိန်တွေလည်း အများ

ကြီးရနေတယ်။ ကျွန်တော်တို့ဟာ အခွင့်အရေးတွေကို ဆုပ်ကိုင်ထားရမယ့်အ

သင်းပါ၊ အဲ့ဒီလို အခွင့်အရေးရလာရင် ကျွန်တော်တို့ အကဲဖြတ်သွားမာပါ ”

“ ကျွန်တော်တို့အနေနဲ့ လက်တွေ့ဆန်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့

ရင်ဆိုင်နေရတဲ့ ကန့်သတ်ချက်တွေကို ခင်ဗျားတို့လည်း သိထားပြီး ဖြစ်ကြမာပါ။

ဒါပေမယ့် ကျွန်တော်တို့ဟာ ဒိုင်ဘာလာလို ကြီးကျယ်ခမ်းနားတဲ့ ကစားသမား

တစ်ဦးအကြောင်းကို ပြောနေကြတာ ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ဂ်ဳဗင္တပ္အသင္းရဲ႕ တိုက္စစ္ကစားသမားျဖစ္သူ ေပါလ္လို ဒိုင္ဘာလာက သူ႔

အေနနဲ႔ အီတလီမွာ ေပ်ာ္႐ႊင္ေနေပမယ့္လည္း အျခားေသာလိဂ္ေတြမွာလည္း

ကစားခ်င္ေၾကာင္း ဥေရာပတစ္ခြင္က အသင္းေတြရဲ႕ စိတ္ဝင္စားျခင္းကို ခံေနရ

ခ်ိန္မွာ ဖြင့္ဟလာပါတယ္။ ဒိုင္ဘာလာဟာ ဂ်ဳဗင္တပ္မွာ ၇ ႏွစ္ၾကာ ေအာင္ျမင္တဲ့

သမိုင္းတစ္ခုကို ေရးထိုးခဲ့ၿပီးေနာက္ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ဂြၽန္လအကုန္

မွာ အသင္းကေန ထြက္ခြာေတာ့မာ ျဖစ္ပါတယ္။ဒိုင္ဘာလာဟာ ပရီးမီးယားလိဂ္

ကလပ္အသင္းေတြျဖစ္ၾကတဲ့ အာဆင္နယ္၊ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတာ့

တင္ဟန္ေဟာ့စပါး အသင္းတို႔ အပါအဝင္ ဥေရာပအသင္းအေတာ္မ်ားမ်ားနဲ႔

စိတ္ဝင္စားျခင္းကို ခံေနရပါတယ္။ ဂ်ဳဗင္တပ္အသင္းရဲ႕ စီးရီးေအၿပိဳင္ဘက္ အင္

တာမီလန္အသင္းကလည္း ဒိုင္ဘာလာကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူဖို႔

စိတ္ဝင္စားေနေၾကာင္း သတင္း‌ေတြ ထြက္ေနပါတယ္။သူ႔ရဲ႕ အနာဂါတ္နဲ႔ ပတ္

သက္ၿပီး ဒိုင္ဘာလာက ESPN သတင္းဌာနကို “ ကြၽန္ေတာ္က လုံးဝေအးေအး

ေဆးေဆးပါပဲ၊ ကြၽန္ေတာ္နဲ႔အတူ အလုပ္တြဲ လုပ္ေနၾကတဲ့သူေတြက ၾကည့္ရႈ

ေစာင့္ေရွာက္ေနပါတယ္။ အီတလီမွာ ကြၽန္ေတာ္ အရမ္းသက္ေသာင့္သက္သာျဖစ္

ပါတယ္။ ပရီးမီးယားလိဂ္တို႔၊ လာလီဂါတို႔ စသျဖင့္ အျခားလိဂ္ေတြအေၾကာင္း

လည္း ကြၽန္ေတာ္ သိခ်င္ပါတယ္၊ ဒါေပမယ့္ အီတလီမွာ ကြၽန္ေတာ္ ေပ်ာ္ေနပါ

တယ္ ” လို႔ ေျပာခဲ့ပါတယ္။အင္တာမီလန္အသင္းရဲ႕ ဒုဥကၠဌျဖစ္သူ ဟားဗီးယား

ဇနက္တီက ဒိုင္ဘာလာကို သူတို႔အသင္းရဲ႕ တိုက္စစ္မႉး ေလာ့တား႐ိုး မာတီးနက္ဇ္

နဲ႔ တြဲဖက္ေပးဖို႔ အလားအလာနဲ႔ ပတ္သက္ၿပီး အခုလိုဖြင့္ဟလာပါတယ္။ အာဂ်င္

တီးနားလက္ေ႐ြးစင္တိုက္စစ္မႉး ႏွစ္ဦးစလုံးဟာ မေန႔ညက ဝင္ဘာေလကြင္းမွာ

ကစားခဲ့တဲ့ 2022 Finalissima မွာ အီတလီအသင္းဘက္ကို သြင္းဂိုးေတြ သြင္း

ယူခဲ့ၾကပါတယ္။ဒိုင္ဘာလာနဲ႔ မာတီးနက္ဇ္တို႔ အင္တာမွာ တြဲဖက္ကစားႏိုင္မယ့္

အလားအလာအေပၚ ဇနက္တီက “ ျဖစ္ေကာင္းျဖစ္လာႏိုင္ပါတယ္။ အေျပာင္း

အေ႐ႊ႕ေဈးကြက္ကလည္း ပြင့္ေနတယ္၊ ကြၽန္ေတာ္တို႔မွာ အခ်ိန္ေတြလည္း အမ်ား

ႀကီးရေနတယ္။ ကြၽန္ေတာ္တို႔ဟာ အခြင့္အေရးေတြကို ဆုပ္ကိုင္ထားရမယ့္အ

သင္းပါ၊ အဲ့ဒီလို အခြင့္အေရးရလာရင္ ကြၽန္ေတာ္တို႔ အကဲျဖတ္သြားမာပါ ”

“ ကြၽန္ေတာ္တို႔အေနနဲ႔ လက္ေတြ႕ဆန္ဖို႔လည္း လိုအပ္ပါတယ္။ ကြၽန္ေတာ္တို႔

ရင္ဆိုင္ေနရတဲ့ ကန႔္သတ္ခ်က္ေတြကို ခင္ဗ်ားတို႔လည္း သိထားၿပီး ျဖစ္ၾကမာပါ။

ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ ဒိုင္ဘာလာလို ႀကီးက်ယ္ခမ္းနားတဲ့ ကစားသမား

တစ္ဦးအေၾကာင္းကို ေျပာေနၾကတာ ျဖစ္ပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။